ဒေသအလိုက် သတင်းကဏ္ဍ

ဒီးမော့ဆိုကို စစ်အုပ်စု စစ်ကြောင်း ၄ကြောင်းနဲ့ ထိုးစစ်ဆင်နေ

ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ်ဖက်ကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်စတင်နေတယ်လို့ KNDF B-02 က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက် ၆ နာရီခန့်က စတင်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပါကစ္စတန် ဗလီတခုမှာ အသေခံဗုံးခွဲတိုက်ခိုက်လို့ လူ ၅၀ ကျော်သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှဝါမြို့မှာ သောကြာနေ့ ဝတ်ပြုဆုတောင်းနေချိန် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၆ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၁၉၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သတ်ပြှး ဘယ်စစ်သွေးကြွအဖွဲ့ကမှ သူတို့လက်ချက်လို့ ထုတ်ဖော်ကြေညာတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

CDF-Mindat ရဲ့မွန်းမံ သင်တန်

CDF-Mindat ရဲ့ မွန်းမံ သင်တန်း အပတ်စဉ် (၃) အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ကြောင်း Chin Defence Force- Mindat ကဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒေသအလိုက် သတင်းကဏ္ဍ

ဒီးမော့ဆို ၃ ရက်တာတိုက်ပွဲ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း သေ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ၃ ရက်တာ တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၅ ဦးထက်မ နည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးရွာနဲ့ ပူဖါးရွာမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမြို့လယ်မှာ အ​ထွေ​ထွေ တပ်​ပေါင်းစု သပိတ်စစ်ကြောင်း စုပေါင်းချီတက်ဆန္ဒပြ

ဒီနေ့ မတ်လ ၅ ရက်နေ့ မန္တလေးမြို့လယ် ဈေးတစ်ခုမှာ အကြမ်းဖက်စစ်အုပ်စု တိုက်ဖျက်​ရေး အ​ထွေ​ထွေသပိတ်တပ်​ပေါင်းစု သပိတ်စစ်ကြောင်းနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ “ကျေးလက်ပုန်ကန် မြို့ပြဖီဆန်” စာသားကိုင်​ဆောင်ပြီး သံဃာ​တော်များ၊ စိန်ပန်းသပိတ်စစ်​ကြောင်း၊ ​ဒေါင်းစစ်သည်သပိတ်စစ်​ကြောင်းတို့ ပူး​ပေါင်းပါဝင်​တဲ့ စုပေါင်းသပိတ်စစ်ကြောင်းက ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ဒေသအလိုက် သတင်းကဏ္ဍ

စစ်သတင်းပေးမလုပ်ဖို့ အကြိမ်ကြိမ် သတိပေးချက်ကို မလိုက်နာတဲ့ ဒူးရင်းဆိပ်အုပ်ကြီးကို ရှင်းလင်း

အကြမ်းဖက်စစ်တပ် သတင်းပေးမလုပ်ဖို့ အကြိမ်ကြိမ်သတိပေးချက်ကို မလိုက်နာတဲ့ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ရွာအုပ်ချုပ်ရေးမှူးကို ရှင်းလင်းလိုက်တယ်လို့ သထုံမြို့ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒူးရင်းဆိပ်ကျေးရွာဟာ သထုံ-ဘားအံ ကားလမ်းအနီးမှာ တည်ရှိပြီး ဒူးရင်းဆိပ်အုပ်ချုပ်ရေးမှူး ဇင်မင်းဦးဟာ အကြမ်းဖက်စစ်တပ် သတင်းပေး ဆက်လက်လုပ်ဆောင်နေသူဖြစ်တယ်လို့ သထုံမြို့ပြ အထူးစစ်ဆင်ရေးတပ်ဖွဲ့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အမြန်လမ်း အနောက်ဘက် တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၁၅ ဦးလောက်သေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊အမြန်လမ်း အနောက်ဘက် ၈ မိုင်အကွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးလောက်သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားတယ်လို့ သိရပါတယ်။ မတ် ၄ ရက်နေ့၊ တောင်ငူမြို့အနောက်ဘက် နတ်ရေတွင်းကျေးရွာအနီးရှိ ရကိုင်းချောင်းရိုးတစ်လျှောက် အင်အား ၈၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုဟာ အစိုးရမဟုတ်တဲ့အတွက် နိုင်ငံသားဖြစ်မှုက ရပ်စဲခြင်းဟာ တရားမဝင်ဘူးလို့ NUG ဝန်ကြီးပြော

အကြမ်းဖက် စစ်အုပ်စုဟာ အစိုးရမဟုတ်တဲ့အတွက် သူတို့ထုတ်ပြန်တဲ့ နိုင်ငံသားဖြစ်မှုက ရပ်စဲခြင်းဆိုတာ တရားမဝင်ဘူးလို့ NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ NUG အစိုးရ အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးရည်မွန် ၊ ဒေါက်တာဇော်ဝေစိုး ၊ ဦးလွင်ကိုလတ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တရုတ် ကာကွယ်ရေးဘတ်ဂျတ် ၇ ရာခိုင်နှုန်းကျော် တိုးမြင့်ပြီး ဒေါ်လာ ၂၂၉ ဘီလီယံ လျာထား

အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်တပ်တွေ ဩဇာလွှမ်းမိုးလာတာကို စိန်ခေါ်တဲ့အနေနဲ့ တရုတ်နိုင်ငံက ကာကွယ်ရေးအသုံးစရိတ်ကို ပမာဏအမြောက်အမြား ဆက်လက်တိုးမြှင့်ဖို့ရှိကြောင်း မတ်လ ၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ကာကွယ်ရေးဘတ်ဂျတ်သုံးစွဲတဲ့ တရုတ်နိုင်ငံမှာ အမြဲတမ်းစစ်တပ်ဖွဲ့စည်းထားပြီး တပ်အင်အား သုံးသန်းရှိတဲ့အပြင် [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

သွေးချောင်းစီး လူ့စည်း ဘီလူးစည်း

  စစ်အေးခေတ်နောက်ပိုင်း ဥရောပတိုက်ရဲ့အပြင်းထန်ဆုံးစစ်ပွဲလို့ ကျွမ်းကျင်သူတချို့က ဆိုပါတယ်။ ဖေဖေါ်ဝါရီ၂၄ရက်နေ့ကစလို့ ရုရှားသမ္မတပူတင်ဟာ သူ့ဘာသာထင်သလိုဖွင့်ဆိုထားတဲ့သမိုင်းကြောင်းတွေ၊ လုံခြုံရေးအကြောင်းပြချက်တွေနဲ့ အတိတ်ခေတ်ရွှေထီးဆောင်းခဲ့တဲ့ အင်ပါယာအိပ်မက်ကို  အစွယ် ငေါငေါ ထွက်နေတဲ့သူ့အတ္တနဲ့ ပြန်လည်တူးဖော် ဖို့ကြိုးစားလိုက်ခြင်းဖြစ်ပါတယ်။ ယူကရိန်းဆိုတာ တစ်ချိန် ရုရှားတို့အင်အားကြီးထွားခဲ့စဉ်အခါက သူတို့စိတ်ဆန္ဒမပါဘဲ [ဆက်လက်ဖတ်ရှုရန်]