ဒေသအလိုက် သတင်းကဏ္ဍ

မူဆယ်မှာ စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်တွေ အပစ်ခံရပြီး ၂ဦးသေ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ မြောက်ရပ်ကွက် တောရပ်ကုန်းအဆင်းနားမှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို အမည်မသိလက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ၂ဦးသေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ ရွှေဖီမြေက ဖော်ပြထားပါတယ်။ ဒီကနေ့ မတ်လ ၈ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မရမ်းကုန်းက Brave Bar ဗုံးခွဲတိုက်ခံရ

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကန်ရိပ်သာလမ်းမှာရှိတဲ့ Brave Barမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ်လ၈ရက်နေ့ ညနေ ၃နာရီလောက်မှာ တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ JBFက ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ Brave Barဟာ စစ်အုပ်စုနဲ့ ပူးပေါင်းနေသူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖရူဆိုအခြေစိုက် စစ်အုပ်စုတပ်ရင်းနှစ်ခု တိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးနဲ့ တပ်သားတစ်ဦးသေ

ကယားပြည်နယ်(ကရင်နီ) ဖရူဆိုမြို့ အခြေစိုက် စစ်အုပ်စုရဲ့ တပ်ရင်း၂ခုကို KNDF/B-15က ပြောက်ကျားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက အရာရှိတစ်ဦးနဲ့ တပ်သားတစ်ဦး သေဆုံးသွားတယ်လို့ KNDF/B-15က ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၆ရက်နေ့မှာ စစ်အုပ်စုရဲ့ လေ့ကျင့်ရေး ၁၄တပ်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီမြို့နယ်အတွင်း သစ်၊ဝါးဖောင်တွေကို ဆက်ကြေးတောင်းနေတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ကနီမြိုနဲ့ မဲဒင်ကျေးရွာအကြား ရေကြောင်းမှာ သစ်၊ဝါးဖောင်တွေကို ဆက်ကြေးတောင်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို KLG PDF(Kani)နဲ့ ဒေသခံမဟာမိတ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KLG PDF(Kani)က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မတ်လ ၅ရက်နေ့ ညလည် ၂နာရီခွဲလောက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးညှင်းတက္ကသိုလ်ထဲက အကြမ်းဖက်တပ်တိုက်ခိုက်ခံရ၊ဗိုလ်အဆင့်အပါအဝင်၁၂ဦးသေ

ကချင်ပြည်နယ်၊ မိုးညှင်းတက္ကသိုလ်မှာစခန်းချတပ်စွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ ဗိုလ် အဆင့်တစ်ဦးအပါအဝင် ၁၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက်၃နာရီလောက်မှာ နန်းမားPDF ကသွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်တွေအထိအ ခိုက်မရှိ ဘူးလို့ နန်းမားPDF ကထုတ်ပြန်ပါတယ်။ မတ်လ၇ရက်နေ့မနက်၇နာရီလောက်က မိုးညှင်းမြို့နယ် နန်းမားနဲ့ ညောင်ကုန်းကြားမှာ နန်းမားPDF အပါအဝင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နောင်ကြီးအိုင် ရဲစခန်းကို တာဝေးပစ် လက်နက်ကြီး ၃ လုံးနဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင် ရဲစခန်းကို တာဝေးပစ်လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ (၇) ရက်နေ့က အကြမ်းဖက်စစ်တပ် စခန်းချတပ်စွဲထားတဲ့ အရာတော်မြောက်နယ်၊ နောင်ကြီးအိုင်ကျေးရွာရှိ နောင်ကြီးအိုင် ရဲစခန်းထဲကို မြောက်ပိုင်းညီနောင်များမဟာမိတ်တော်လှန်ရေး အင်အားစု-အရာတော်မြို့နယ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မြို့လယ်​ခေါင်မှာ “တော်လှန်သွေးတွေ ပွက်ပွက်ဆူ ငါတို့ရန်ကုန်သူ“ သပိတ် ချီတက်

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ရန်ကုန်မြို့ကအမျိုးသမီးလူငယ်တွေက “တော်လှန်သွေးတွေပွက်ပွက်ဆူ ငါတို့ရန်ကုန်သူ” ၊ “ဘက်လိုက်မှုတွေချက်ချင်းရပ် အာဏာရှင်စနစ် အမြစ်ဖြတ်” ဆိုတဲ့ စာသားတွေကိုင်ဆောင်ပြီး ရန်ကုန်မြို့တစ်နေရာမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေဟာလည်း စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုတွေမှာ ကဏ္ဍပေါင်းစုံမှပါဝင်နေကြပါတယ်။ အဆိုပါပျောက်ကြားသပိတ်စစ်ကြောင်းကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်မြို့နယ်မှာ NLD ပါတီဝင် ဒုအရာခံဗိုလ် (ငြိမ်း) တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး ဖမ်းဆီးခံရ

 ရန်ကုန်မြို့ လှိုင်မြို့နယ် အမှတ် (၈) ရပ်ကွက်မှာ NLD ပါတီဝင်ဖြစ်သူ မြဝတီ ရုပ်သံထုတ်လွှင့်ရေးတပ်မှ ဒုအရာခံဗိုလ် (ငြိမ်း) တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးကို အကြမ်းဖက်စစ်အုပ်စုက NUG၊ PDFတို့ကို ထေက်ပံ့ကူညီနေတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ သက်ကြီး ၃ ဦးနဲ့ကလေး ၁ ဦး လက်နက်ကြီးကျည်သင့် ပွဲချင်းပြီးသေ

စစ်ကိုင်းတိုင်း၊ မြို့နယ်၊ လက်ပံတောရွာ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ သက်ကြီးရွယ်အို ၃ ဦးနဲ့ ကလေးတစ်ဦး အကြမ်းဖက်စစ်တပ်ပစ်တဲ့ လက်နက်ကြီးကျည်ထိပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ယင်းမာပင်မြို့နယ် ကန်သာရွာနဲ့ လက်ပံတောရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့နေ့လည် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖလမ်းမှာ ၅ ရက်အတွင်း စစ်အုပ်စုက ပြည်သူတွေရဲ့ နေအိမ် ၂၈ လုံးကို မီးရှို့ဖျက်ဆီး

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက မတ်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အတွင်းမှာ ပြည်သူတွေရဲ့ နေအိမ် ၂၈ လုံးအထိ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မတ်လ ၂ ရက်နေ့မှာ [ဆက်လက်ဖတ်ရှုရန်]