ဒေသအလိုက် သတင်းကဏ္ဍ

အာရှလမ်းပိုင်း မြဝတီ-ကော့ကရိတ်ကြားတံတားတစင်း မိုင်းခွဲခံရ

ဒီနေ့ မနက်စောပိုင်းကတည်းက မြဝတီမြို့ နဲ့ ကော့ကရိတ်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပြီး မြဝတီ နဲ့ ကော့ကရိတ်အကြား တောနော်ရေတံခွန်အနီး တံတားတစင်း မိုင်းခွဲခံရတယ်လို့ တော်လှန်ရေး တပ်သားတဦးက ပြောပါတယ် ။ “မိုင်းခွဲသံ ၂ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့ သင်္ဘောတွေ အတိုက်ခံရ

မန္တလေးမြို့ဘက်ကနေ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘော၂စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – SGGPDFက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၁၁ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ မြောင်မြို့နယ်အတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေကူမြို့နယ်မှာ စစ်အုပ်စုရဲ့ လှေတစ်စီးတိုက်ခိုက်ခံရ

ကချင်ပြည်နယ် ရွှေကူမြို့နယ် ချောင်းဝကျေးရွာ လုတ်တိုင်းချောင်းအနီးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လှေတစ်စီး အတိုက်ခံရပြီး စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ရေထဲခုန်ချထွက်ပြေးသွားတယ်လို့ မြို့လှ PDFက ပြောပါတယ်။ ဒီကနေ့ မတ်လ ၁၁ရက်နေ့ မနက် ၁၀နာရီလောက်က ချောင်းဝကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လူမှုကူညီရေးကား အသုံးပြုပြီး သွားလာနေတဲ့ စစ်အုပ်စု မိုင်းထိ

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်မှာ လူမှုကူညီရေးကားကို အသုံးပြုပြီး သွားလာနေတဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းထိမှန်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၁၁ရက်နေ့ မွန်းလွဲ ၁နာရီ ၁၅မိနစ်ခန့်မှာ လူမှုကူညီရေးကားကို အသုံးပြုပြီး သွားလာနေတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်အုပ်စု လိုက်ပါလာတဲ့ ရထားတွဲ မိုင်းထိ

မန္တလေးတိုင်း ပြင်ဦးလွင်ဘူတာနဲ့ အနီးစခန်းဘူတာအကြားမှာ စစ်အုပ်စုတွေ အစောင့်လိုက်ပါလာတဲ့ ရထားတွဲတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၁၁ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှာ စစ်အုပ်စုတွေလိုက်ပါလာတဲ့ လူစီးတွဲ ၃ တွဲပါဝင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုင်းမတော်တဆဖြစ်ပြီး ပြည်သူ့ရဲဘော် ၂ ဦးကျဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ မိုင်းပြန်ရှင်းလင်းရင်း မတော်တဆဖြစ်ပြီး Golden Star Forceက ပြည်သူ့ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ Golden Star Force က ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းထိုးလာမယ့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကသာမြို့နယ်အတွင်း စစ်အုပ်စု မိုင်းဆွဲခံရပြီး ဆယ်ဦးထက်မနည်း​သေ

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကိ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ ကျောင်းသားတပ်မတော် ABSDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကသာ ပကဖက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၁၁ ရက်နေ့ မနက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်္ဂပူမြို့မှာ ပျူစောထီး ခေါင်းဆောင်ဆိုသူ တစ်ဦး ရှင်းလင်းခံရ

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ထန်းပင်ကုန်းကျေးရွာမှာ ပျူစောထီးခေါင်းဆောင်လို့ ဒေသခံတွေအကြား နာမည်ကြီးနေသူ အမျိုးသားတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ မတ်လ ၁၁ ရက်နေ့ မနက် ၃ နာရီခန့်လောက်မှာ ထန်းပင်ကုန်းကျေးရွာနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သုဝဏ္ဏ စုပေါင်းမှတ်တိုင် အနီးမှာရှိတဲ့ KBZ ဘဏ် ATM စက် မီးရှို့ခံရ

ရန်ကုန်မြို့ သုဝဏ္ဏစုပေါင်း မှတ်တိုင်အနီးမှာရှိတဲ့ KBZ ဘဏ်ရဲ့ ATM စက်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ Special Task Agency of Burma ( STA) က မီးရှို့တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မတ်လ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KNDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

အကြမ်းဖက်စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KNDF B-O9 က တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ကျဆုံးခဲ့ရတယ်လို့ KNDF B-O9 က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၁၁ ရက်နေ့ မနက် ၄ [ဆက်လက်ဖတ်ရှုရန်]