ဒေသအလိုက် သတင်းကဏ္ဍ

ဖုန်းမော်နေ့ (ဝါ) မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့ (၃၄)နှစ် ပြည့်မြောက်အဖြစ် မန္တလေးမြို့လှုပ်ရှားမှု

ဒီနေ့ မတ်လ (၁၃) ရက်နေ့ ဖုန်းမော်နေ့ (ဝါ) မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့ (၃၄)နှစ် ပြည့်မြောက်အဖြစ် မန္တလေးမြို့ တော်လှန်လူငယ်များက စစ်အာဏာရှင် တိုက်ဖျက်ရေး စာတန်းချိတ် ဆန္ဒပြခဲ့ကြပါတယ်။ “လွတ်လပ်တရားမျှတမှုမရသရွှေ့ သူရဲကောင်းဝိဉာဉ်တွေဟာ မသေ” စာတန်းပါ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၂၄နာရီလုံး အများပြည်သူမီးလင်းပါစေ ၂၀၀၁/၂၀၀၂ ပြန်မသွား” စာတန်းကိုင်စွဲ ချီတက်ခဲ့တဲ့ ရန်ကုန်လူထုသပိတ်

မနေ့ညက ရန်ကုန်မြို့လယ်တနေရာမှာ ရန်ကုန်လူထုသပိတ်က ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။ ကိုယ်ကိုယ်ကိုယ် မီးရှိ့ဆန္ဒပြခဲ့တဲ့ ကျောက်ပန်းတောင်းမြို့က ကိုအောင်အောင် ရေးသားခဲ့တဲ့ “၂၄နာရီလုံး အများပြည်သူမီးလင်းပါစေ ၂၀၀၁/၂၀၀၂ ပြန်မသွား” ဆိုတဲ့ စာတန်းနဲ့ မီးတုတ်တွေ ကိုင်ဆောင်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးတဲ့ (၃၄) နှစ်ပြည့်နှစ်ပတ်လည်နေ့အတွက် လှုပ်ရှားမှု

ဒီနေ့ မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းက ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသား သမဂ္ဂများက ရဲဘော်တွေဟာ ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၄) နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် လှုပ်ရှားမှုတခုကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒလန်လို့ အများသတ်မှတ်တဲ့ မုန့်ဟင်းခါးဆိုင်ကို ကာကွယ်ဖို့ စနိုက်ပါသမားတွေကို ကင်းချထား

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့ပေါ် ဒလန်လို့အများကသတ်မှတ်ထားတဲ့ မုန့်ဟင်းခါးဆိုင်ကို ကာကွယ်ဖို့ အကြမ်းဖက်စစ်တပ်ဟာ မီးသတ်ရုံးအပေါ်မှာ စနိုက်ပါသမား ၃ ဦး ကင်းချထားတယ်လို့သိရပါတယ်။ ခရမ်းစတိုး လိပ်ပြာတောင်ဆိုင်ခွဲ ခေါင်းရင်း၊ လျှပ်စစ်ရုံးရှေ့တည့်တည့်၊ မီးသတ်ရုံးအနီးက မုန့်ဟင်းခါးဆိုင်ကို စစ်သတင်းပေး ဒလန်ဆိုင်လို့အများက သတ်မှတ်ထားပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ရေးအရ အရေးပါတဲ့ ဒေါငံခါးရွာကို ယာယီလက်လွှတ်လိုက်ရ

စစ်ရေးအရ အရေးပါတဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရွာကို ယာယီလက်လွှတ်လိုက်ရတယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF တပ်ရင်း ၁) က ဒီကနေ့မနက်မှာ ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်က အကြိမ်ပေါင်းများစွာ လက်နက်ကြီးနဲ့ပစ်ခတ်သလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မတ်လ ၁၃ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကသာမှာ ဒီနေ့မနက် အကြမ်းဖက်စစ်တပ်တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံး များနိုင်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ချောင်းဝရွာအနီးမှာ ဒီနေ့မနက်ပိုင်းက မြို့လှ PDF ရဲ့ ဆီးကြိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးအများအပြား ရှိနိုင်တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၆ နာရီ ၄၅ မိနစ်လောက်က အကြမ်းဖက်စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်းကို ချောင်းဝရွာအနီးမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းပြည်သူ့ဆေးရုံမှာ စစ်အုပ်စုဝင်အချင်းချင်း ပစ်ခတ်ရာမှ ၂ဦးသေ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ အစောင့်ကျနေတဲ့ စစ်အုပ်စုဝင်အချင်းချင်း စကားများရန်ဖြစ်ပြီး သေနတ်နဲ့ပစ်ရာမှ ၂ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရရှိသွားတယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားပါတယ်။ ဒီကနေ့ မတ်လ ၁၂ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ အစောင့်ကျနေတဲ့ စစ်အုပ်စုဝင်အချင်းချင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မံစီဒေသမှာ စစ်အုပ်စုနဲ့ KIAတို့ တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ် မံစီမြို့နယ် မုန်ခေါန်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIAက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၁၂ရက်နေ့ မနက်၉နာရီလောက်မှာ KIA တပ်မဟာ(၃) တပ်ရင်း ၂၇နယ်မြေ မံစီမြို့နယ် မုန်ခေါန်ကျေးရွာအနီးကို အကြမ်းဖက်စစ်အုပ်စုရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

CDM ဝင်မယ့် စစ်သားတဦးကို ကျောက်ထုPDFကယ်ထုတ်

မကွေးတိုင်း ကျောက်ထုမြို့အခြေစိုက် ကျောက်ထုတပ်အတွင်းကနေ ကူညီကယ်ထုတ်ပေးဖို့ အကူညီတောင်းခံလာတဲ့ CDMလုပ်မယ့် တပ်မတော်သားတစ်ဦးကို ကျောက်ထုPDFက ကယ်ထုတ်ပေးခဲ့တယ်လို့ ဒီကနေ့ မတ် ၁၂ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ CDMလုပ်ပြီး မိသားစုဆီကို ပြန်ချင်တဲ့ တပ်မတော်သား တစ်ဦးကို ကျောက်ထုPDFက သေချာစိစစ်ကာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မအူပင်မြို့မရဲစခန်းမှူး နေအိမ်အတွင်း ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်သားတစ်ဦးသေ

ဧရာဝတီတိုင်း မအူပင်မြို့နယ် မအူပင်မြို့မရဲစခန်းမှူး နေအိမ်အတွင်း ပစ်ခတ်မှုတစ်ခုဖြစ်ပွားကာ ရဲတပ်သားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၁၂ရက်နေ့ ည၇နာရီလောက်မှာ ဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်နဲ့ ပက်သက်ပြီး ရဲတပ်သားအသစ်ဟာ စခန်းမှူးရဲ့ သေနတ်ကို ယူဆော့ရင်း [ဆက်လက်ဖတ်ရှုရန်]