ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်ရရေး UK လွှတ်တော်အမတ်တွေ ဆွေးနွေး

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်မယ့် ကိစ္စတွေကို UK လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ မတ်လ ၁၆ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ UK လွှတ်တော်ကိုယ်စားလှယ်တို့ ဗီဒီယိုကွန်ဖရင့်ကနေ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သထုံတခွင် ညအချိန်သွားလာခွင့်မပြုဘူးလို့ ကေအဲန်ယူထုတ်ပြန်

ကေအဲန်ယူ သထုံမြို့နယ် တပ်ရင်း ၂ ထိန်းချုပ်နယ်မြေအတွင်း ညဘက် သွားလာခွင့်မပြုကြောင်း ထုတ်ပြန်ပါတယ်။ ခရီးသွားလာခွင့်ကို မနက် ၆ နာရီကနေ ည ၆ နာရီအတွင်းသာ သွားလာခွင့်ပြုပြီး ကားဖြင့်ခရီးသွားပါက ကားမှန်ချပြီးမောင်းနှင်ဖို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်နက်အင်အား မမျှတလို့ CDF ကန်ပက်လက်ဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရ

အကြမ်းဖက် စစ်ကောင်စီဖက်မှ သာလွန်စစ်အင်အားနဲ့ ထိုးစစ်ဆင်ခဲ့ပြီး ကျည်မလုံလောက်သလို လက်နက်အင်အား မမျှတာတွေကြောင့် CDF ကန်ပလက် တပ်မဟာဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရတယ်လို့ CDF-Kanpetlet က မတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်ပါတယ်။ မတ်လ (၁၅) ရက်နေ့ကစတင်ကာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်အုပ်စုတပ်တွေ စီးနင်းမီးရှို့

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် တမုတ်ကျေးရွားနဲ့ မကျီးတုံကျေးရွာတို့ကို မတ်လ ၁၆ ရက်နေ့က ပျူဒလံတွေနဲ့ အကြမ်းဖက်စစ်အုပ်စု ပူးပေါင်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ကာ နှစ်ရွာလုံးကို ခိုးယူလုယက် မီးရှို့ခဲ့တယ်လို့ ခင်ဦး PDF က ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလောအခြေစိုက်တပ်မ ဝင်ပေါက်ဂိတ် ဗုံးနဲ့တိုက်ခိုက်ခံရ၊တစ်ဦး ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အင်းပြင်ရွာရှိ အကြမ်းဖက်စစ်အုပ်စု တပ်မဝင်ပေါက် လုံခြုံရေးဂိတ်တဲကို ပြောက်ကျားရဲဘော်တွေက ဗုံးနဲ့အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်သားတစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၁၆ ရက်နေ့မှာ အောင်ပန်းမြို့ပြ ပြောက်ကျားတပ်စုက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဲဒီဖြစ်စဉ်ကို အကြမ်းဖက်တပ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုထုတ်ကုန်တွေ ရေလယ်ကျွန်းမှာ လုံးဝမရောင်းဖို့ ထုတ်ပြန်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသမှာ မတ်လ ၂၅ ရက်နောက်ပိုင်း အကြမ်းဖက်စစ်အုပ်စု ထုတ် ကုန်တွေကို လုံးဝရောင်းချခြင်းမပြုကြဖို့ သတိပေးလိုက်ပါတယ်။ ရေလယ်ကျွန်းဒေသက ဈေးဆိုင်၊ စတိုးဆိုင်နဲ့ ဘီယာ၊ အရက်ဆိုင်တွေအနေနဲ့ စစ်အုပ်စုထုတ်ကုန် ဘီယာ၊ ဆေးလိပ်၊ ဆင်းကတ်၊ ဖုန်းဘေလ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်နက် အပြည့်အစုံနဲ့ အလင်းဝင်ရင် ကျပ်သိန်း ၃၀ ချီးမြှင့်မယ်

လက်နက် အပြည့်အစုံနဲ့ အလင်းဝင်လာမယ့် တပ်မတော်သားတွေကို ကျပ်သိန်း ၃၀ ချီးမြှင့်မယ်လို့ တနင်္သာရီ စစ်ဒေသ ခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ လက်နက်အပြည့်အစုံနဲ့ ပြည်သူ့ဘက်တော်သားအဖြစ် ခံယူမယ့် တပ်မတော်သားတွေကို တနင်္သာရီ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က လှိုက်လှဲစွာ ကြိုဆိုလိုက်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သန်လျင်ပြည်သူကို ဒုက္ခပေးနေတဲ့ ပျူတစ်ဦးနဲ့ အကြမ်းဖက်စစ်သားတစ်ဦးကို ရှင်းလင်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ပြည်သူကို ဒုက္ခမျိုးစုံပေးနေတဲ့ ပျူစောထီးအဖွဲ့၀င်နဲ့ အကြမ်းဖက်စစ်သားတစ်ဦးကို ရှင်းလင်းလိုက်တယ်လို့ သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပျူစောထီးအဖွဲ့ဝင် ဂဏန်းဆိုသူကို ပြည်သူကို ဒုက္ခမပေးဖို့ သန်လျင်ပကဖက သတိပေးစာ ထုတ်ပြန်ခဲ့ပေမဲ့ မရပ်တဲ့အပြင် လာရှင်းပါလို့ စိန်ခေါ်နေတဲ့အတွက် သန်လျင်ပကဖက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းအောင်လှိုင်အတွက် ထပ်အသေမခံနိုင်ဘူးဆိုတဲ့စကား ခလရ ၉၇ မိသားစုတွေ ပေါ်ပေါ်တင်တင်ပြောကြား

ယမန်နေ့ညက ကရင်ပြည်နယ်၊ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ တပ်ဝင်းအတိုက်ခံရပြီးနောက် မင်းအောင်လှိုင်အတွက် ထပ်အသေမခံနိုင်ဘူးဆိုတဲ့စကားသံဟာ တပ်တွင်းမိသားစုတွေကြား ကျယ် လောင်စွာပြောဆိုနေကြတယ်လို့ သိရပါတယ်။ ယမန်နေ့ည၉နာရီကျော်က ကော့ကရိတ်မြို့အခြေစိုက် ခလရ(၉၇)နောက်တန်းဌာနချုပ်အပါအဝင်၃နေရာ တိုက်ခိုက်ခံရပြီးနောက် ဒီနေ့မနက်ပိုင်းမှာ ခလရ(၉၇)မိသားစုတွေကြား မင်းအောင်လှိုင်ဆန့်ကျင်ရေးကို အော်ဟစ်ပြောဆိုနေကြကြောင်း တပ်တွင်းမိသားစုဝင်တစ်ဦးကပြောပြတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လယ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲမီးရှို့ခံရ

မြစ်ကြီးနားမြို့ လယ်ကုန်းအုပ်ချုပ်ရေးမှူးရုံး ဒီနေ့မတ်လ ၁၅ ရက်နေ့ မနက်အစောပိုင်းက ဗုံးခွဲမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသတွင်း မီဒီယာတခုဖြစ်တဲ့ The 74 Media က ဖော်ပြထားပါတယ်။ အုပ်ချုပ်ရေးမှူးရုံးကနေ ဗုံးသံထွက်ပေါ်လာပြီး မီးလောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ လယ်ကုန်းရပ်ကွက်ဟာ မြစ်ကြီးနားမြို့ [ဆက်လက်ဖတ်ရှုရန်]