ဒေသအလိုက် သတင်းကဏ္ဍ

သတင်းသမား ၁၄၀ကျော် ဖမ်းဆီးခံထားရ၊ မီဒီယာလုပ်ငန်း ၁၁ခုကို လိုင်စင်ပိတ်သိမ်း

ပြီးခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း သတင်းသမား ၁၄၃ ဦးထက်မနည်း စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး သတင်း မီဒီယာ လုပ်ငန်း ၁၁ ခုကို လိုင်စင်ပိတ်သိမ်းခဲ့ကြောင်း ISP-Myanmar ကထုတ်ပြန်ပါတယ်။ မေလ ၃ ရက်နေ့၊ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မတိုင်မီ မေ၂ရက်နေ့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နယ်သာလန်နိုင်ငံရောက် မြန်မာပြည်သားတွေရဲ့ နွေဦးတော်လှန်ရေးနေ့ နှစ်ပါတ်လည်အခမ်းအနား

မနေ့က မေလ ၂ ရက်နေ့မှာ နယ်သာလန်နိုင်ငံရောက် မြန်မာပြည်သားတိုင်းရင်းသားတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့ နှစ်ပါတ်လည်အခမ်းအနားကို ဟော်လန်နွေဦးမှာ လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ နယ်သာလန်ရောက် မြန်မာနိုင်ငံသားတွေက “ပြည်သူ့ဆန္ဒ အဓိကမို့ အမျိုးသား ညီညွတ်ရေး အစိုးရကိုသာ ထောက်ခံပြီး အာဏာရှင်ဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးတောင်ပိုင်းမှာ ၂ရက်ဆက်တိုက်ပွဲပြင်းထန်၊အကြမ်းဖက်စစ်သား၁၀ဦးထက်မနည်းသေဆုံးနိုင်

စစ်ကိုင်းတိုင်း၊ကလေးနယ်တောင်ပိုင်းမှာ ၂ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား၁၀ဦးထက်မ နည်းသေဆုံးနိုင်ကာ လက်နက်၄လက်သိမ်းဆည်းရမိခဲ့ကြောင်း CDF- KKG ကသတင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ မေ၂ ရက်နေ့ မနက်ပိုင်းမှာ အောင်မင်္ဂလာရွာဘက်ကနေ အင်အားရာဂဏန်းနဲ့ ရှားဖိုရွာဘက်စစ်ကြောင်းထိုးလာရာ ဒေသခံပူးပေါင်းတပ်ဖွဲ့နဲ့ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ ပြီးအကြမ်းဖက်စစ်သား ၅ဦးထက်မနည်းသေဆုံးနိုင်ကာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦး၊ အင်းပတ်ရွာကို မီးရှို့၊ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ ရွာထဲကျန်ခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ အင်းပတ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။ ဒီကနေ့ နေ့လည် ၁၂ နာရီခွဲလောက်ကစပြီး ရေဦးမြို့ပေါ်က လာတဲ့ စစ်ကား ၃ စီးအင်အားနဲ့ ရွာသစ်ကုန်းပျူစောထီးအင်အား ၁၀၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လည်ပတ်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဒေသခံ PDF တွေထုတ်ပြန်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပြန်လည်ပတ်ခွင့်ပြုမှာမဟုတ်ဘူးလို့ Salingyi People’s Force (S.P.F) နဲ့ ဒေသခံ မဟာမိတ်အဖွဲ့တွေက ဒီကနေ့ ထုတ်ပြန်ပါတယ်။ တားမြစ်ထားတဲ့ကြားက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂျပန်စွမ်းအင်ကုမ္ပဏီ ENEOS ရဲတံခွန်စီမံကိန်းကနေ နုတ်ထွက်တော့မယ်

ဂျပန်စွမ်းအင်ကုမ္ပဏီကြီး ENEOS ဟာ မြန်မာနိုင်ငံ ရဲတံခွန်စီမံကိန်းကနေ နုတ်ထွက်တော့မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။ ENEOSဟာ သူနဲ့စီမံကိန်းအတူလုပ်ကိုင်နေတဲ့ မလေးရှား Petronas ကုမ္ပဏီနဲ့ ထိုင်းက PTTEP ကုမ္ပဏီတို့က ရဲတံခွန်စီမံကိန်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာပြီး ရက်ပိုင်းအတွင်းမှာအခုလို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ချီတက်

ဒီနေ့ မေလ ၂ ရက်နေ့မှာ စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ၄၁၈ ရက်မြောက်နေ့အဖြစ် ရွာပေါင်းစုံသပိတ် ချီတက်ခဲ့ကြပါတယ်၊ အဆိုပါ သပိတ်စစ်ကြောင်းကို ဆားလင်းမြို့နယ် မြောက်ခြမ်းနဲ့ ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်က ကျေးရွာလူထုတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလောမှာ ၃ နာရီခွဲကြာ တိုက်ပွဲဖြစ်ပွား၊ အကြမ်းဖက်စစ်သား ၂ ဦးသေ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း ၃ နာရီခွဲကြာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မေလ၁ရက်နေ့၊ နေ့ခင်း ၁၂ နာရီခွဲလောက်က ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာထဲ စစ်ကြောင်းချီဝင်လာတဲ့ အကြမ်းဖက်တပ်နဲ့ မဟာမိတ်တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟင်္သာတ သွေးသောက်အဖွဲ့က မြို့လူထုကို ခြိမ်းခြောက်စာ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီးရဲ့ ခရိုင်မြို့တခုဖြစ်တဲ့ ဟင်္သာတမြို့မှာ ဒီရက်ပိုင်းအတွင်း သွေးသောက်ဆိုတဲ့ အဖွဲ့က လူထုကို ခြိမ်းခြောက်တဲ့ စာရွက်တွေကို မြို့ပြင်လမ်းပေါ်မှာ ဖြန်ကြဲခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “မနေ့က လိပ်ချောင်းက ဈေးလာဝယ်တဲ့သူက မြို့အဝင်လမ်းပေါ်မှာတွေ့လို့ ကောက်လာတာဆိုပြီး အဲဒီစာရွက်ကိုတွေ့ရတာပဲ။ မြို့ပေါ်ရပ်ကွက်တွေမှာတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်မြို့နယ် ကန်ရင်းကျေးရွာကို စစ်အုပ်စုက စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်နဲ့ မြင်းမူမြို့နယ် နယ်စပ်မှာရှိတဲ့ ကန်ရင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက အင်အား ၂၀၀ ကျော်နဲ့ လက်နက်ကြီးတွေပစ်ကူကာ စစ်ကြောင်းထိုးဝင်ရောက်တိုက်ခိုက်နေပြီး ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြလာပါတယ်။ ဒီကနေ့ မေလ ၂ ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]