ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ပြည်သူထောင်ချီစစ်ဘေးရှောင်နေရ

ဂန့်ဂေါမြို့နယ်၊ မြောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူပေါင်းထောင်ချီ စစ်ရှောင်နေရတယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ကိုယောလေးက DNA ကိုပြောပါတယ်။ “စစ်ကြောင်းက ဂန့်ဂေါကနေ ထိုးလာတာ။ စစ်ကြောင်းလာပြီဆိုတာနဲ့ စစ်ကြောင်းတစ်လျောက် လက်ပံ၊သာကောင်း၊ ရှည်းရှည် အစသဖြင့် ရှောင်နေကြရတယ်” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြဝတီမြို့ထဲ PTT ဓာတ်ဆီဆိုင် ဗုံးပေါက်ကွဲ

ကရင်ပြည်နယ်၊ မြဝတီမြို့ဈေးကြီးမီးပွိုင့်အကျော်နားမှာရှိတဲ့ PTT ဓာတ်ဆီဆိုင်မှာ ဒီနေ့ မနက် ၁၁ ဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက DNA ကိုပြောပါတယ်။ “ခါတိုင်းဆို မြို့ပြင်မှာနေတော့ အသံကသိပ်မကြားရဘူး အခုရောက်နေတဲ့နေရာက ဗုံးကွဲတဲ့နေရာနဲ့ နီးနေလို့ အကျယ်ကြီးကြားလိုက်ရတာ” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟားခါးမြို့အနီးတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြု

ဟားခါးမြို့အနီး ထန်တလန်ဘက်အထွက် သချိုင်းဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံကာ ကွယ်ရေး တပ်တွေ တိုက်ပွဲဖြစ်ပွားအပြီးမှာ စစ်ကောင်စီတပ်က ပြည်သူအချို့ကို လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “စပျစ်ခြံကပြန်လာတဲ့သူတွေ ကို ဖမ်းပြီး သူတို့ကြားမှာ ခေါ်သွားတယ်ပြောတယ်” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့အနောက်ပိုင်း မွန်ထာရပ်ကွက်မှာစစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

ကလေးမြို့အနောက်ပိုင်းမွန်ထာရပ်ကွက်မှာ ဒီကနေ့ စက်တင်ဘာလ (၃) ရက် ညနေ ငါးနာရီ ကျော်က စစ် ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေကDNA ကိုပြောပါတယ်။ “ကားက လမ်းပေါ်ကနေ လမ်းဘေးအိမ်ဝင်းထဲထိရောက်သွားတယ် ၊ဘယ်နှယောက်သေလည်းတော့မ သိဘူး” လို့ ကလေးမြို့အနောက်ပိုင်းမှာနေထိုင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတူပီမြို့မှာ ဖုန်းလိုင်းတွေ နေ့စဉ် နာရီနဲ့ချီ ဖြတ်တောက်ခံနေရ

ချင်းပြည်နယ် မတူပီမြို့မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အပြင် ဖုန်းလိုင်းတွေလည်း နေ့ စဉ်နာရီ နဲ့ချီဖြတ်တောက်ခံရလို့ မြို့ခံတွေ ဆက်သွယ် ရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။ “ဖုန်းလိုင်းပိတ်တော့အဆင်မပြေဘူး၊ပစ္စည်းတွေမှာရင်အခက်ခဲရှိတယ် ဖုန်းလိုင်းပြတ်တော့ အကုန် လုံးနဲ့လည်း အဆက်အသွယ်ပြတ်တယ်၊ စီးပွားရေး ၊လူမှုရေးကစအကုန်ပြတ်တယ်’လို့ မတူပီမြို့ခံ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အာဏာရှင်ကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်နေတဲ့ ကလေးမြို့ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ကလေးမြို့နယ်ပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို နည်းလမ်းမျိုးစုံနဲ့ သပိတ်မှောက်ဆန့်ကျင်လျက်ရှိတယ်လို့ သပိတ်အင်အားစုတွေနှင့် ဒေသခံပြည်သူတွေကပြောပါတယ်။ စက်တင်ဘာလ( ၃) ရက်နေ့ညနေပိုင်းမှာ ကလေးမြို့နယ်ပြည်သူတွေဟာ “Accept NUG and Our Ambassdor , Reject Dictator” စာတန်းကိုင်ဆောင်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီက သီရိလင်္ကာကို ဆန်တန်ချိန်တထောင်လှူ

မြန်မာနိုင်ငံက သီရိလင်္ကာနိုင်ငံကို ဆန်တန်ချိန်တထောင်လှူဒါန်းလိုက်တယ်လို့ စစ်ကောင်စီ ကထုတ်ပြန်ပါ တယ်။ အဲ့ဒီဆန်တန်ချိန်တထောင်ကို စက်တင်ဘာ (၂)ရက် မနေ့က ရန်ကုန်မြို့ Asia world ဆိပ်ကမ်းမှာ အခမ်းအ နားနဲ့ ပေးပို့လှူဒါန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။အခုလို လှူဒါန်းတာဟာ သီရိလင်္ကာပြည်သူတွေအပေါ် မြန်မာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အိန္ဒိယမှာ တလအတွင်း မြန်မာနိုင်ငံသား ကိုးဦးနဲ့အတူ ကျပ်သိန်းသုံးသောင်းတန်ဖိုးရှိ မူးယစ်ဆေး တွေဖမ်းမိ

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ဩဂုတ်လအတွင်း မြန်မာနိုင်ငံသား ရှစ်ဦးကို ကျပ်သိန်းသုံးသောင်းတန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့အတူဖမ်းမိခဲ့တယ်လို့ ဒေသခံမီဒီယာတွေနဲ့ ပြည် နယ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွေကဖော်ပြပါတယ်။ မြန်မာနိုင်ငံ ရိဒ်ခေါ်ဒါရ် ရွာမှာနေထိုင်တဲ့ အမျိုးသမီး( ၁)ဦး၊ ကလေးမြို့မှာနေထိုင်သူ( ၂)ဦး၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ်မှာ စစ်ကောင်စီစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့က စစ်ကောင်စီတပ်စခန်းတခုကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ 𝐒𝐚𝐰 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐅𝐨𝐫𝐜𝐞 (𝐒𝐃𝐃𝐅)ကဒီနေ့သတင်းထုတ်ပြန်ပါတယ်။ ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအနီးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်မ (၁၁) လက် အောက်ခံတပ်စခန်းကို စက်တင်ဘာ တရက်က ဒရုန်းနဲ့ ဗုံးသီးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘိုကလေးမြို့မှာ နိုင်ငံရေးမှုနဲ့ အဖမ်းမခံရဖို့ ခြိမ်းခြောက်ငွေညှစ်တာတွေရှိနေ

ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကနေ့စဥ်ရက်ဆက် ဖမ်းဆီး မှုတွေရှိ နေပြီး ဖမ်းဆီးခံရသူတွေကို နိုင်ငံရေးပုဒ်မနဲ့ အရေးယူမခံရဖို့ ခြိမ်းခြောက်ငွေညှစ်တာတွေရှိနေတယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။ “တချို့က Fb ပေါ်မှာ NUG ပရိုဖိုင်ချိန်းထားတာတွေ ရှိတယ်၊အဲ့ဒါမျိုးဖမ်းမိရင် သူတို့ပြောနေကြစကား [ဆက်လက်ဖတ်ရှုရန်]