ဒေသအလိုက် သတင်းကဏ္ဍ

မြဝတီမှာ လျှပ်စစ်မီးပျက်တာ နှစ်ပတ်ကျော်လာလို့ ထိုင်းမီးပြန်သုံးဖို့ စဉ်းစားလာရ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ လျှပ်စစ်မီးပျက်တာ နှစ်ပတ်ကျော်အထိ ကြာပြီဖြစ်လို့ လုပ်ငန်းရှင်တွေ အပါအဝင် မြို့ခံတွေ အခက်အခဲတွေ့ပြီး ထိုင်းမီးပြန်သွယ်ဖို့ စဉ်းစားလာကြတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “ညကျရင်မီးစက်နှိုးရတာ တစ်ည သုံးသောင်းကျော်လောက်ကုန်တယ်၊ တချို့ဆို ထိုင်းမီးပြန်တပ် ဖို့လုပ်နေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘားအံမြို့တဝိုက် စစ်ဝတ်စုံ၊ ရဲဝတ်စုံဝတ်ဆင်ပြီး လုယက်မှုကျူးလွန်တာတွေရှိနေ

ကရင်ပြည်နယ်၊ ဘားအံမြို့ တဝိုက် လုယက်မှုတွေမကြာခဏဖြစ်နေပြီး စစ်ဝတ်စုံ၊ ရဲဝတ်စုံဝတ်ဆင်ထားသူတွေက လုယက်မှုကျူးလွန်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတချို့က DNA ကို ပြောပါတယ်။ ဘားအံမြို့ ပြင် နောင်လုံတောင်ကြားမှာ စက်တင်ဘာ ၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နိုင်ငံတဝှမ်း ပြည်တွင်းနေရပ်စွန့်ခွာသူ ၁၃ သိန်းကျော်အထိရှိလာ

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒဿမ ၃ သန်းကျေ ာ်(၁၃သိန်းကျော်) အထိ ရှိလာပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က အခုလ ဆန်းပိုင်းမှာ ထုတ်ပြန်ပါတယ်။ အာဏာသိမ်းမှု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးရေထဲမှာလည်း မပျက်ကွက်ခဲ့တဲ့ ကလေးမြို့သပိတ်စစ်ကြောင်း

ကလေးမြို့မှာ စက်တင်ဘာ (၇) ရက် မနက်ပိုင်းက မိုးရွာနေပေမယ့် ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ မြို့ခံပြည်သူတွေကတော့ စစ်အာဏာရှင်ဆန့်ကျင်သပိတ် (၅၇၈) ရက်မြောက်အဖြစ် မပျက်မကွက် ဆက်လက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “မနက်ပိုင်းမိုးလေးရွာလာတော့ ကျမဆို စျေးတောင်မသွားဖြစ်ဘူး၊ သူတို့တွေက မိုးရွာရွာ၊ နေပူပူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေပြည်သာ၊ (၉)ရပ်ကွက်ထွေအုပ်ရုံး ပစ်ခတ်ခံရပြီး ရာအိမ်မှူးတစ်ဦး သေ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မနေ့က ညပိုင်းမှာ အမည်မသိသေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်လို့ ရာအိမ်မှူးတစ်ဦး သေဆုံးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေနတ်သမားတွေက စက်တင်ဘာ (၆)ရက်ည၇နာရီခွဲလောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့်ပန်းခြံ (၄)ရာအိမ်မှူး ဦးအောင်ထူးသေဆုံးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NUG ကိုထောက်ခံကြောင်းနဲ့ ဦးကျော်မိုးထွန်းကို UN တွင်ဆက်ထားဖို့ ဆောမြို့နယ်မှာ ဆန္ဒထုတ်ဖော်

အမျိုးသားညီညွတ်ရေး အစိုးရ NUG ကိုထောက်ခံကြောင်းနဲ့ ဦးကျော်မိုးထွန်းကို UN မှာ ဆက်လက်ထားရှိဖို့ ဆောမြို့နယ်မှာ ဒီကနေ့စက်တင်ဘာ(၆) ရက် မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေကို လက်မခံလို့ ယခုတော်လှန်ရေးအစိုးရ NUG နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်တပ်က ဂန့်ဂေါမြို့နယ် ရွှေတောင်ရွာကိုမီးရှို့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ရွှေတောင်ရွာကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာလ (၆) ရက် ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးနေတယ်လို့ ယောဒေသကာကွယ်ရေးခေါင်းဆောင် ကိုယောလေးက DNA ကိုပြောပါတယ်။ “ရွှေတောင်ရွာထဲမှာ YDF ဝတ်စုံတွေတွေ့လို့ဆိုပြီး မီးရှို့နေပြီ၊ ရွာကသေးသေးပါဆိုမှ အကုန်ပြောင်မှာပါပဲ၊ ကျွန်တော်တို့အနေနဲ့လည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NUG နဲ့ လူထုသံတမန်ကို လက်ခံဖို့တောင်းဆိုတဲ့ ကလေးမြို့ သပိတ်စစ်ကြောင်း

ကလေးမြို့နယ်ပင်မသပိတ်အင်အားစုနဲ့ကလေးမြို့နယ်ပြည်သူတွေဟာ NUG နဲ့ပြည်သူ့သံ အမတ်ကို လက်ခံဖို့ အာဏာရှင်ကိုငြင်းဆန်ဖို့ စက်တင်ဘာလ ၆ ရက်နေ့လယ်ပိုင်း ကကလေးမြို့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ “ကျွန်မတို့အနေနဲ့တော့ ရင်ထဲမှာကိုယ့်အားကိုယ်ပဲကိုးတယ်၊ကျမတို့ပြည်သူတွေကိုပဲအားကိုးတယ် ၊UN ကို အရမ်းအားကိုးနေတာမျိူးမရှိပေမယ့် ကျမတို့လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်တဲ့သဘောပဲ” လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတူပီမှာ စစ်တပ်က ဖမ်းဆီးထားသူတဦး သေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်က ဗိုလ်မှူးတဦးသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတဦး စစ်ကြောရေးမှာပဲ သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူဟာ မတူပီမြို့ ဖနိုင်ရွာက ဦးလုံအောဆိုသူဖြစ်ပြီး စစ်တပ်က ဇူလိုင်လလယ်ကတည်းက ဖမ်းဆီးသွားပြီး အခုလဆန်းပိုင်းမှာမှ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းကင်းမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းက People Defence Force Taung Dwin Region -Mingin တပ်ဖွဲ့က ရဲဘော်နှစ်ဦး စစ်ကောင်စီတပ်ကိုခုခံရင်း သတ်ဖြတ်ခဲ့ရပြီး ကျဆုံးခဲ့တယ်လို့ အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။ “အလောင်းကို [ဆက်လက်ဖတ်ရှုရန်]