ဒေသအလိုက် သတင်းကဏ္ဍ

ကင်မွန်းချုံကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးပြီး ပစ္စည်းတွေခိုးယူ

ကလေးမြို့၊ မြစ်သာမြစ်အရှေ့ဘက်၊ ကင်မွန်းချုံရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက မီးထပ်ရှို့ပြီး အိမ်ထဲက ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ဒီမနက် ၁၀ နာရီခွဲလောက်မှာ တစ်အိမ်အိမ်ကို မီးစရှို့နေပြန်ပြီ။ မနေ့ကတော့ သုံးလုံးရှို့တယ်။ အိမ်ကောင်းတွေရွေးရှို့တာဗျ။ လက်နက်သံလည်း တစ်ချက်တစ်ချက်ကြားရတယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်က ဆေးဆိုင်တွေ အကန့်အသတ်နဲ့သာ ရောင်းနေရ

ရန်ကုန်မှာ အိမ်သုံးဆေးဝါးစျေးနှုန်းတွေမြင့်တက်လာတာကြောင့် အိမ်သုံးဆေးဝါးရောင်းချတဲ့ဆေးဆိုင်တချို့မှာ ဆေးဝါးကို အကန့်အသတ်နဲ့ရောင်းချနေကြတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေကပြောပါတယ်။ “ဆေးကဝယ်ချင်တိုင်း ဝယ်မရတော့ဘူး။ဒီဂိုဂျင်ဆိုရင် တစ်လုံး ၃၀၀ ၊လူတစ်ယောက်ကို ပါရာစီတမော့တို့၊ဒီကိုဂျင်နဲ့ ချောင်းဆိုးပျောက်ဆေးတွေဆိုရင် အများဆုံး နှစ်ကဒ်ပဲဝယ်လို့ရတော့တယ်။တချို့ဆိုင်တွေဆိုရင် ပိတ်ထားတယ်။ ဝယ်လို့မရဘူး။”လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးကပြောပါတယ်။ လက်ရှိမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

CNG ပြတ်လပ်လို့ ဂက်စ်သုံးယာဥ်တွေ အခက်အခဲတွေဖြစ်နေ

ရန်ကုန်တိုင်းအတွင်းက သဘာဝဓာတ်ငွေ့ CNG ဂက်စ်တွေ ပြတ်လပ်မှုကြောင့် CNG သုံးယာဥ်မောင်းတွေအနေနဲ့အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။ “ဂက်စ်က ပြတ်လပ်နေတာ မနေ့ ညနေပိုင်းလောက်ကတည်းကပဲ။ ရတဲ့ဆိုင်တွေကျတော့လည်း လေပေါင်က မပြည့်တော့ ဆိုင်တွေမှာ ဂက်စ်ဖြည့်မယ့်ကားတွေက တန်းစီနေတာပဲ။ အခုစောင့်နေတာတောင် ၁ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ မင်းအောင်လှိုင်ကတိပေးခဲ့တယ်လို့ အာဆီယံအထူးသံပြော

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကတိပေးခဲ့ကြောင်း အာဆီယံအထူးသံတမန် ပရတ်ဆွန်ခွန်းက ပြောကြားခဲ့တယ်လို့ phnom penh post သတင်းဌာန ဖော်ပြပါတယ်။ အနာဂတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရမယ့် ကောင်းမွန်တဲ့ အလားအလာတစ်ရပ်ရှိပါတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့၊ ဒ.က.စ လမ်းထဲမှာ စစ်ကားတစ်စီး မိုင်းဆွဲခံရ

ကလေးမြို့၊ အောင်ဇေယျရပ်ကွက်၊ ဒ.က.စ အထွက် သုခကမ္ဘာနဲ့ရွှေစင် (၂) ကြားမှာ ဒီကနေ့ဇူလိူင်လ ၂၃ ရက်၊မနက် ၈ နာရီဝန်းကျင်က အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ကားတစ်စီး မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “အိမ်တွေတောင်တုန်သွားတာပဲ။ ဒါတောင်ကျနော်တို့ကတော်တော်လှမ်းသေးတာ။ အိမ်ပေါ်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တစ်ပတ်အတွင်း ဆန်ဈေး တသောင်းကျော်တက်ပြီး ထပ်မံတက်ရိပ်ပြနေစဲ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကနေထွက်ရှိနေတဲ့ ဆန်အချောစျေးနှုန်းတွေဟာ တစ်ပတ်အတွင်းမှာ ကျပ်တစ်သောင်းကျော်အထိမြင့်တက်လာနေပြီး ရက်ပိုင်းအတွင်း ဆန်စျေးထပ်တက်ဖို့ရှိနေတယ်လို့ ဆန်ကုန်သည်အချို့က ပြောပါတယ်။ “ဒီနေ့ဆို ဇူလိုင် ၂၃ရက်ရှိပြီ။၁၀ရက်အတွင်းလို့ပြောလို့ရမယ်။၁၀ရက်တောင်မရှိသေးပါဘူး။၇ရက်၊၈ရက်အတွင်းကို ရွှေဘိုဆန်စျေးက အခုတစ်သောင်းကျော်တက်သွားပြီ။သောင်းနှစ်ထောင်၊သောင်းသုံးထောင်လောက်အထိတက်နေတယ်။ မနက်ဖြန်နဲ့ ဒီနေ့စျေးတောင် ရွှေဘိုစျေးက မငြိမ်သေးဘူး။ထပ်တက်ဖို့ရှိတယ်။”လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။ ရွှေဘိုဆန်စျေးဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြွယ်ပုံကျေးရွာ တိုက်ပွဲ စစ်အုပ်စု သုံးဆယ်နီးပါး သေဆုံး

ဇူလိုင်လ ၂၂ ရက်နေ့၊ မနက်အစောပိုင်းက စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေ တပ်စွဲထားရာနေရာကိုZEROပြောက်ကျားတပ်ဖွဲ့ မြင်းခြံနှင့် စစ်ကိုင်းခရိုင်တပ်ရင်း၂ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး တပ်ဖွဲ့ဝင် ၃၀ လောက်သေဆုံးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ အကြပ်ကိုင်ငွေတောင်းလို့ ရပ်ကွက်နေထိုင်သူတွေအခက်တွေ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၁၂ ရပ်ကွက်ရဲ့ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က အကြပ်ကိုင်ငွေတောင်းနေတာကြောင့် သူတို့အနေနဲ့ အခက် အခဲနဲ့ တွေ့ကြုံ နေရတယ်လို့ ၁၂ ရပ်ကွက်သားတဦးက DNA ကိုပြောပါတယ်။ “ဆက်ကြေးတောင်း သလို မျိုးတောင်းနေတာ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လုံခြုံရေးတင်းကျပ်နေတဲ့ကြားက အာဏာရှင်ဆန့်ကျင်သပိတ်ကို ဆင်နွဲခဲ့ကြတဲ့ ကလေးမြို့ပင်မသပိတ်စစ်ကြောင်း

ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ ဒီနေ့ ၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ”မတရားမှု လွင်ပြင်တွင်ခိုလှုံ စရာအရိပ်မရှိ” စာတန်းကိုင်စွဲပြီး ဆန္ဒထုတ်ဖော်သပိတ်မှောက်ခဲ့ကြပါတယ်။ ” ဘယ်လိုအခြေအနေမှာဘဲဖြစ်ဖြစ် ကျနော်တို့ ကလေးလွင်ပြင်ကို တရားသောလွင်ပြင်ဖြစ်သည်အထိတိုက်ပွဲဝင်သွားမှာပါ။ မြို့ပြည်သူလူထုအနေနဲ့လည်း သွေးမအေးဘဲ ဒီထက်ပိုမိုပါဝင်ပူးပေါင်းကြပါ” လို့ သပိတ်ခေါင်းဆောင်တစ်ဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရှေ့တောင်ပိုင်းဒေသတွေမှာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ OCHA ထုတ်ပြန်​

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် လုံခြုံရေးနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေး ရုံး (OCHA) မြန်မာက ဒီကနေ့ ဇူလိုင်လ ၂၀ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာအခြေအနေတွေ ဆက်လက်ဆိုးရွားနေပြီး အရပ်သားသေဆုံးမှုနဲ့ [ဆက်လက်ဖတ်ရှုရန်]