ဒေသအလိုက် သတင်းကဏ္ဍ

တမူးမြို့အနီး တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကျဆုံး

စစ်ကိုင်းတိုင်း အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့အနီးမှာ နိုဝင်ဘာ (၁၄) ရက်ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးတယ်လို့ ဒေသခံတချို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ “မနေ့ကညနေကစ မြို့ထွက်မှာစစ်ကားတွေချထားတာ၊ညနေပိုင်းမှာ တိုက်ပွဲဖြစ်ကြတယ်၊ ပစ်ခတ်သံတွေကြားရတယ်၊ ကလေးတွေဘက်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အဆိုတော်စောဖိုးခွားကို နာရီပိုင်းအတွင်း စစ်တပ်ကပြန်ဖမ်းသွား

စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆိးသွားတဲ့ အဆိုတော် စောဖိုးခွားကို စစ်တပ်က ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်မှာပြန်လွှတ်ပေးခဲ့ပြိး နာရီပိုင်းအတွင်းမှာပဲ ပြန်ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေကပြောပါတယ်။ ‘’အိမ်ရောက်ပြီးတနာရီအတွင်းမှာပဲ ပြန်လာဖမ်းသွားတာ။ လွတ်လာတယ်ကြားလို့ သွားတွေ့တော့သိခဲ့ရတာ’’လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းစိန်ထောင်ပေါက်ကွဲမှုအတွက် အဖမ်းခံထားရတဲ့ဇနီးမောင်နှံ နေအိမ်ကိုချိတ်ပိတ်ဖို့ရှိနေ

ရန်ကုန် အင်းစိန်ထောင်အတွင်း ဖောက်ခွဲမှု လုပ်ခဲ့သူတွေအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ ဇနီးမောင်နှံနှစ်ဦးရဲ့နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ဖို့ ပြင်ဆင်နေတယ်လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁၃၁) ရပ်ကွက်နေ ပြည်သူတချို့က DNA ကို ပြောပါတယ်။ “သူတို့နေခဲ့တဲ့အိမ်ကို ချိတ်ပိတ်မယ်လို့တော့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းဘက်က ကြားရတယ်၊အခု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်သာကညနရုံးရှေ့မှာ အမျိုးသမီးတဦး အုပ်စုဖွဲ့လုယက်ခံရ

သင်္ဃန်းကျွန်းမြို့နယ်၊ မြင်သာကညနရုံးရှေ့မှာ ဒီနေ့ နေ့လည် (၁၂) နာရီခွဲလောက်က အမျိုးသမီးတ ဦးဝတ်ဆင်လာတဲ့ လက်စွပ်ကို အုပ်စုဖွဲ့လုယက်မှုဖြစ်သွားတယ်လို့ အဲဒီအနီးနား နေထိုင်သူတွေဆီ က သိရပါတယ်။ လုယက်ခံရသူဟာ အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး အမျိုးသားနှစ်ဦးက နှစ်ဖက်ချုပ်ပြီး လက်ထဲကလက်စွပ်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ကဖမ်းဆီးထားတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွား ပြန်လွတ်လာ

စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်တပ်ကဖမ်းဆီးလိုက်သူတွေထဲကဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ ရက်ဂေးလ်အဆိုတော် စောဖိုးခွားတို့ ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်မှာ ပြန်လွတ်မြောက်လာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ သူတို့ နှစ်ဦးလုံးဟာ စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းကဖမ်းဆီးခံလိုက်ရသူတွေထဲမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖယ်ဒရယ်ပညာရေးကျောင်းတက်တဲ့ ပုသိမ်ခရိုင်က ကလေးဆယ့်နှစ်ဦးကို စစ်ကောင်စီဖမ်းဆီး

အွန်လိုင်းကသင်ကြားပေးတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ ဖယ်ဒရယ်အခြေခံပညာရေး ကျောင်းမှာ ၉ တန်း၊ ၁၀ တန်း တက်နေကြတဲ့ ဧရာဝတီတိုင်း ပုသိမ်ခရိုင်အတွင်းက ကျောင်းသူ၊ ကျောင်းသား (၁၂) ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုရက်ပိုင်းအတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကုန်စည်စီးဆင်းမှု ဖြတ်တောက်ခံထားရတဲ့ ရခိုင်မြောက်ပိုင်းမှာ စားနပ်ရိက္ခာရှားပါးလာ

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမြို့ ဒေသတွေမှာ စစ်ကောင်စီက ကုန်စည်စီးဆင်းမှု ပိတ်ဆို့ဖြတ်တောက်ထားတာကြောင့် စားသောက်ကုန်တွေ ရှားပါးလာသလို စျေးနှုန်းလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ လက်ရှိမှာ ပိတ်ဆို့ခံထားရတာကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေကို ကုန်စည်အဝင်မရှိသလောက်ဖြစ်နေပြီး အရင်ကတည်းရှိနေတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖျာပုံထောင်မှာ နိုင်ငံရေးအကျဉ်းသားတဦး နှိပ်စက်ခံရလို့ ထောင်ထဲက နိုင်ကျဉ်းတွေ အသံတိတ်ဆန္ဒပြနေ

ဧရာဝတီတိုင်း ဖျာပုံထောင်ထဲမှာဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ လူငယ်နိုင်ငံရေးအကျဉ်းသားတဦးကို ထောင် အရာရှိတဦး ဥပဒေမဲ့ ရိုက်နှက်နှိပ်စက်ခဲ့တာကြောင့် အဲ့ဒီထောင်အရာရှိကို အရေးယူပေးဖို့ ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေ တန်းမစီဘဲ ဆန္ဒပြနေကြတယ်လို့ အကျဉ်းဦးစီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဖျာပုံထောင်တွင်းက နိုင်ငံရေအကျဉ်းသားတွေဟာ ထောင်ပိုင်တန်းစီ နေ့ဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မော်လမြိုင်ပစ်ခတ်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံရ

မော်လမြိုင်မြို့၊ အရှေ့ဘက်က ဇေယျာ (၃) ရပ်ကွက်မှာက ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရှိတဲ့ နေအိမ်ထဲကို စစ်တပ်က ဝင်ရောက်စီးနင်းဖမ်းဆီးတဲ့ဖြစ်စဉ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၅ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ‘’သတင်းပေးသူရှိလို့ ဝင်ဖမ်းတာ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကယားမှာဆယ်ရက်အတွင်းတိုက်ပွဲပေါင်း တဆယ့်သုံးကြိမ်ဖြစ်

ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ကရင်နီကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က စစ်ရေးသတင်းထုတ်ပြန်လာပါတယ်။ ကယားပြည်နယ်ထဲက လွိုင်ကော်၊ ဒီးမောဆို၊ ဖရူဆို။ ဘောလခဲနဲ့ ရှားတောမြို့နယ်တွေထဲမှာအခုနိုဝင်ဘာလအတွင်းမှာပဲ တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၉ [ဆက်လက်ဖတ်ရှုရန်]