ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မှာ ဧည့်စာရင်းမတိုင်လို့ ဆိုပြီး စစ်တပ်က ဒေသခံသုံးဆယ်ကျော်ကို ဖမ်းပြီး တယောက်ငါးသောင်းတောင်း

ဧရာဝတီတိုင်း ပုသိမ်မြို့ မှာ မနေ့ ဒီဇင်ဘာ ၅ရက်ညပိုင်းက ပုသိမ်မြို့အမှတ် ၆ရပ်ကွက်ထဲကိုစစ်ကောင်စီနဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက ဧည့်စာရင်းဝင်စစ်ပြီးဒေသခံအယောက် ၃၀လောက်ကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။ ပုသိမ်မြို့မှာရှိတဲ့ ၆ ရပ်ကွက်ထဲက ရှိ ကုသိန္တာရုံ အတွင်းလမ်း က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်က သေဒဏ်ချမှတ်ထားတဲ့ ပြည်တွင်းကကျောင်းသားတွေအတွက် နီပေါနိုင်ငံက ကျောင်းသားတွေဆန္ဒပြ

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ကစစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့ ဒဂုံတက္ကသိုလ်ကကျောင်းသားလူငယ်တွေနဲ့ ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံထားရသူတွေအတွက် နီပေါနိုင်ငံက ကျောင်းသားတွေဟာမနေ့ ဒီဇင်ဘာ၅ ရက်နေ့မှာ နီပေါနိုင်ငံက မြန်မာသံရုံးရှေ့မှာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ နီပေါကျောင်းသားသမဂ္ဂက ကျောင်းသားတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ စစ်အစိုးရ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့၊ မြို့လှရပ်ကွက်မှာ မိုင်းပေါက်ကွဲပြီး အမျိုးသမီးတဦးဒဏ်ရာရ

ကလေးမြို့အနောက်ဘက်၊မြို့လှရပ်ကွက်မှာ ဒီဇင်ဘာ( ၅) ရက် ညနေသုံးနာရီဝန်းကျင်မှာ မိုင်းတလုံးပေါက်ကွဲပြီး အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။ ” လမ်းဆုံနားက ကွမ်းယာဆိုင်မှာဖြစ်တာ၊ ကွမ်းယာဆိုင်တော့ တော်တော်ပျက်စီးသွားတယ်၊ လူသုံးလေးယောက်လောက်ရှိတာ၊အမျိုးသမီးတစ်ယောက် ခြေထောက်မှာဒဏ်ရာရတယ်၊ ပြင်းပြင်း ထန်ထန် တော့မဟုတ်ဘူး” လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုဒုံမြို့မှာ ရိုဟင်ဂျာ ရှစ်ဆယ်ဝန်းကျင် အဖမ်းခံရ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ ဒီဇင်ဘာ( ၅) ရက် မနက်ပိုင်းက စက်လှေတစီးရဲ့ဝမ်းဗိုက်အတွင်း တင် ဆောင်လာတဲ့ ရိုဟင်ဂျာ (၈၀) နီးပါးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖမ်းမိခဲ့တဲ့စက်လှေဟာ ဒီကနေ့မနက် (၇) နာရီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကောလင်းမှာ စစ်တပ်ကင်းပုန်းဝပ်လေ့ရှိတဲ့ ဖုန်းတာဝါတိုင်က ဆက်သွယ်ရေးပစ္စည်းတွေ ခိုးယူခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝပ်လေ့ရှိတဲ့ ဖုန်းတာဝါတိုင်က ဆက်သွယ်ရေး ပစ္စည်းတွေ ခိုးယူခံရပြီးနောက် ဖုန်းနဲ့အင်တာနက် ဆက်သွယ်ရေးတွေ ပြတ်တောက်တာ၊ ပုံမှန်မဟုတ်တော့တာတွေဖြစ်နေပြီး ဒေသခံတွေ ဆက်သွယ်ရေး အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။ “အဓိက ကတော့ အင်တာနက်မရတော့တာ၊ လိုင်းကလဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှည်းကူးမှာ အလောင်းတွေ့တဲ့ ရိုဟင်ဂျာတွေဟာ စစ်ကောင်စီက ဖမ်းထားသူတွေဖြစ်တယ်လို့ဆို

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က လမ်းဘေးတနေရာမှာ ဒီဇင်ဘာ (၅) ရက် ဒီကနေ့မနက်အစောပိုင်းကတွေ့ရတဲ့ ရိုဟင်ဂျာရုပ်အလောင်းတွေဟာ ပြီးခဲ့လအတွင်း တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရသူတွေထဲပါဝင်ခဲ့သူတွေ ဖြစ်တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က DNA ကိုပြောပါတယ်။ ကားလမ်းဘေးမှာ စွန့်ပစ်ခံထားရတဲ့ ရိုဟင်ဂျာအမျိုးသား (၁၃) [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သားဖြစ်သူကို ထောင်ဆယ်နှစ်ချအပြီး တလကျော်အကြာမှာ မိခင်ကိုပါ စစ်ကောင်စီက ထပ်မံဖမ်းဆီး

စစ်ကောင်စီက ထောင်ဒဏ်ဆယ်နှစ်ချမှတ်ထားတဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ (အကသ) အဖွဲ့ဝင် ကိုဖုန်းပြည့်ပိုင်ရဲ့ မိခင်ဖြစ်သူကို နိုဝင်ဘာလကုန်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူက DNA ကိုပြောပါတယ်။ ပဲခူးတိုင်း၊ ရွှေတောင်မြို့က အကသကျောင်းသား ကိုဖုန်းပြည့်ပိုင်ကို ပြီးခဲ့တဲ့အောက်တိုဘာ (၁၄) ရက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်က ကားနဲ့တိုက်ဖြိုခွင်းခဲ့တဲ့ ပန်းပင်နီလမ်းသပိတ် တနှစ်ပြည့်အတွက် လူထုလှုပ်ရှားမှုလုပ်

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၅ ရက်နေ့မှာ ရန်ကုန်မြို့၊ ပန်းပင်ကြီးလမ်းမှာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်ဆန္ဒပြနေတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်တွေက ကားနဲ့တိုက်ဖြိုခွင်းခဲ့တာ ဒီကနေ့ ဆိုရင်တနှစ်တိတိပြည့်ပါပြီ။ အဲဒီနေ့မှာတော့ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သပိတ်မှာပါဝင်တဲ့လူငယ်တချို့ကျဆုံးခဲ့ရသလို တချို့ကိုတော့စစ်ကောင်စီကဒီကနေ့အထိဖမ်းဆီးထောင်ချထားတယ်လို့တော်လှန်ရေးအင်အားစုကလူငယ်တွေက တနှစ်ပြည့်တဲ့ ဒီကနေ့မှာထုတ်ပြန်လာပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ စစ်တပ်က ဖမ်းမိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံရ

ကလေးမြို့အနောက်ပိုင်း ၊ ဒိုးဝိုင်းချောင်းကျေးရွာဘက်မှာ စစ်ကောင်စီတပ်က အရှင်ဖမ်းမိတဲ့ ဒေသခံကာ ကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦးကို နေရာမှာတင်သတ်ဖြတ်ပြီး အလောင်းကိုလည်း ယူသွားတယ်လို့ ကလေး မြို့အခြေစိုက် ကာကွယ်ရေး အင်အားစုတွေဆီကသိ ရပါတယ်။ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ လူငယ်အမျိုးသားနှစ်ဦးဟာ ဒီဇင်ဘာ (၄) [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နိုင်ငံကူးလက်မှတ်အတွက် QR စနစ်နဲ့ ရက်ချိန်းရယူနိုင်တဲ့ အစီအစဉ်ရပ်ဆိုင်း

ရန်ကုန်မြို့မှာ နိုင်ငံကူးလက်မှတ်အတွက် QR ကုတ်စနစ်နဲ့ ရက်ချိန်းရယူနိုင်တဲ့အစီအစဉ်ကိုဒီကနေ့ကစပြီး ယာယီရပ်ဆိုင်းလိုက်တယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဒီဇင်ဘာ ၄ ရက် မနေ့ကညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။ နိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်ဖို့အတွက် Online ကနေ ရက်ချိန်းရယူတဲ့ QR စနစ်ကို အခုနှစ် မတ်လ [ဆက်လက်ဖတ်ရှုရန်]