ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုနဲ့ပူးပေါင်းနေတယ်လို့ဆိုကာ အလုပ်သမား အဖွဲ့နှစ်ဖွဲ့ကို မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုက အမည်ပျက်စာရင်းသွင်း

အာဏာသိမ်းစစ်ကောင်စီနဲ့ဆက်ပြီး လက်တွဲဆောင်ရွက်နေတဲ့ ပြည်တွင်းက အလုပ်သမားအဖွဲ့နှစ်ခုကို အမည်ပျက် (BlackList) စာရင်းတင်သွင်းလိုက်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုကဒီနေ့မှာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် (MSF) နဲ့ မြန်မာနိုင်ငံ တောင်သူ လယ်သမား၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မြို့က ကဗျာဆရာ လူဖန်ခါးကို စစ်တပ်က ထောင်နှစ်သုံးဆယ်နီးပါးချ

စစ်တပ်က ဖမ်းဆီးထားတာ နှစ်နှစ်နီးပါး ကြာပြီဖြစ်တဲ့ ပုသိမ်မြို့ခံ ကဗျာဆရာ လူဖန်ခါး (ခ) ကိုထက်လင်းစိုးကို စစ်ကောင်စီက ပုဒ်မအမျိုးမျိုးနဲ့ စွဲဆိုထားတဲ့ အမှုရှစ်မှုအတွက် စုစုပေါင်း ထောင် ၂၈ နှစ်နဲ့ ခြောက်လချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပျူစောထီးတွေ သောင်းကျန်းနေတဲ့ နွားထိုးကြီးမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး သတ်ဖြတ်ခံရ

မန္တလေးတိုင်း နွားထိုးကြီးမြို့မှာ မနေ့ ဒီဇင်ဘာ ၁၈ ရက်က ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ယောက်ကို အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးတာ ခံလိုက်ရပြီးနောက်ပိုင်း ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းမှာ နွားထိုးကြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ်တောင်ခြမ်းက ရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ်တွေထိခိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ဘက်ကျေးရွာတွေကို ဒီဇင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေး (၂) ဦးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာများ ရရှိတယ်လို့ မြေပြင်စစ်ရေးအခြေအနေ သိရှိသူက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တနိုင်းလီဒိုလမ်းမပေါ်မှာ စစ်တပ်စစ်ကြောင်းကို KIA က မိုင်းဆွဲတိုက်ခိုက်

ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက တနိုင်းလီဒိုလမ်းမပေါ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA က မနေ့ ဒီဇင်ဘာ ၁၇ မှာ မိုင်းနှစ်ကြိမ်ဆွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တနိုင်းမြို့နယ်ထဲက ရှဒူဇွပ်ကျေးမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပခုက္ကူမြို့က စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ရှိ စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့လယ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးက သေနတ် ၂ လက် ရယူနိုင်ခဲ့တယ်လို့ Earthquake People’s DefenceForce [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်ထို-ဘီးလင်းကြားမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး ဒေသခံထောင်ချီလည်း ဘေးလွတ်ရာပြေးနေရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နဲ့ ဘီးလင်းမြို့ကြားမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်တို့ကြားမနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူက DNA ကိုပြောပါတယ်။ မွန်ပြည်နယ် ကျိုက်ထိုနဲ့ ဘီလင်းမြို့နယ် ထိစပ်နေရာက ဖိုးဝါးသိမ်ကျေးရွာနဲ့ ညောင်ထောက်ကျေးရွာကြားမှာရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထီးလင်းမှာ ပျူစောထီးသင်တန်းဆင်းတွေက စမ်းသပ်တယ်ဆိုပြီး မြို့ပေါ် ပစ်ခတ်

မကွေးတိုင်း၊ ထီးလင်းမြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေက သင်တန်းဆင်းပွဲမှာ မြို့ဝန်းကျင်က ကျေးရွာတွေကို စမ်းသပ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ ထီးလင်းမြို့၊ ဆေးရုံသစ်နားကနေ ထီးလင်းမြို့ဝန်းကျင် အရပ်လေးမျက်နှာက ကျေးရွာတွေဘက်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီ ဝါဒါဖြန့်သလို လက်နက်ပစ္စည်း ဆုံးရှုံးတာမရှိဘူးလို့ TNLA ထုတ်ပြန်

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်အနီးက ကျေးရွာတွေအနီးမှာ TNLA နဲ့ စစ်ကောင်စီတို့ကြားဖြစ်တဲ့တိုက်ပွဲဟာ TNLA ကို တိုက်ခိုက်တာမဟုတ်ဘဲ စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းတွေကို လာရောက်တိုက်ခိုက်တာဖြစ်ပြီးTNLA နဲ့ မသက်ဆိုင်ဘူးလို့ စစ်တပ်ဘက်က ဒီဇင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟားခါးမှာ မီးလောင်မှုထပ်ဖြစ်

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အခုလအတွင်း မီးလောင်မှုနှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာလည်း ဟားခါးမြို့ဟောင်းဘက်မှာ နေအိမ်တလုံး မီးလောင်ခဲ့သလို ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်မှာလည်း နေအိမ်မီးလောင်မှု ထပ်ဖြစ်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]