ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်လတ် NLD ပါတီဝင်လူငယ်ငါးဦး ထောင်ဒဏ် နှစ်နှစ်ဆယ်က နှစ်လေးဆယ်အထိ ချမှတ်ခံရ

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့မှာ စစ်တပ်က တနှစ်ခွဲကျော်ကြာ ဖမ်းဆီးထားတဲ့ NLD ပါတီဝင် လူငယ်ငါးဦးကို ဖျာပုံခရိုင် တရားရုံးက ဒီဇင်ဘာ (၂၁) ရက်မှာ နှစ်နှစ်ဆယ်ကနေ နှစ်လေးဆယ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အပစ်ရပ်ပြီးနောက် ရခိုင်ရိုးမမှာ စစ်တပ်နဲ့ လုပ်ငန်းရှင်တွေပေါင်းပြီး သစ်ခုတ်ထုတ်မှု အလုံးအရင်းလုပ်နေ

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် (AA) တို့ အပစ်ရပ်ပြီးနောက် ရခိုင်ရိုးမမှာ စစ်တပ်အရာရှိတွေနဲ့ လုပ်ငန်းရှင်တွေပေါင်းပြီး သစ်ခိုးထုတ်မှုကို အလုံးအရင်းနဲ့ လုပ်နေတယ်လို့ ဒေသခံတွေ၊ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေနဲ့ သစ်လုပ်ငန်းနဲ့ နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ်။ အပစ်ရပ်ပြီးနောက် ရခိုင်ပြည်နယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်း အရှေ့ခြမ်းမှာ နေအိမ်နှစ်ထောင်နီးပါး မီးရှို့ခဲ့ပြီး ဆယ်ရက်အကြာ စစ်တပ်က မြို့တောင်ခြမ်းရွာတွေကို စစ်ကြောင်းထိုးနေပြန်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း ကျေးရွာနှစ်ဆယ်ဝန်းကျင်က နေအိမ်နှစ်ထောင်နီးပါးကို စစ်ကြောင်း ထိုးမီးရှို့ခဲ့တာ တလမပြည့်ခင် အခုရက်ပိုင်းအတွင်း စစ်တပ်က ဒီပဲယင်းတောင်ခြမ်းရွာတွေဘက် စစ်ကြောင်းထိုးနေပြန်လို့ လူဦးရေ သုံးထောင်နီးပါး ထွက်ပြေးနေရတယ်လို့ အဲ့ဒီမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့က ပြောပါတယ်။ ဒီပဲယင်းမြို့ပေါ်ကနေ ထွက်လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမြို့အဝင်ဂိတ်မှာ စစ်ကောင်စီစစ်ဆေးတင်းကျပ်လို့ ကားရာနဲ့ချီပိတ်နေ

မန္တလေးမြို့အဝင်မှာရှိတဲ့ စစ်အုပ်စုရဲ့ ၁၆ မိုင်စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်ကဖြတ်သန်းသွားလာတဲ့ကားတွေကို စစ်ဆေးမှုတွေ တင်းကျပ်နေတဲ့အတွက် ကားရာချီပိတ်မိနေတယ်လို့ သိရပါတယ်။ မနေ့က ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းကစတင်ပြီး အဲဒီဂိတ်မှာ လက်နက်တွေမိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြဝတီအပါအဝင် ကရင်ပြည်နယ် မြို့နယ်လေးခုမှာ လျှပ်စစ်မီး ရက်ရှည်ပျက်နေလို့ အခက်ကြုံ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အပါအဝင် အနီးတဝိုက် မြို့နယ်တွေဖြစ်တဲ့ ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီးနဲ့ ကျုံဒိုးမြို့နယ်တွေမှာ လျှပ်စစ်မီးပြတ်တောက်နေတာ သီတင်းပတ်တခုအထိ ကြာခဲ့ပြီးနောက် အခက်အခဲတွေ ကြုံလာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အဓိကကတော့ ထမင်းဟင်းချက်တာပေါ့၊ လျှပ်စစ်မီးမရတော့ မီးသွေးတို့ ဂတ်စ်တို့နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကလေးမြို့တောင်ဘက် ဇင်းကလင်းကျေးရွာနဲ့ ထိုမာကျေးရွာကြားမှာ အင်အားရှစ်ဆယ်ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ မနက်ပိုင်း ဆယ်နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ကာကွယ်ရေး အင်အားစုတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “မိုင်းပေါက်ကွဲသံနဲ့ သေနတ်ပစ်သံတွေ ကြားလိုက်တယ်၊ လူထိမထိတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်

စစ်ကောင်စီက မြို့အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းဖြန်နေတဲ့ကြားကပဲ ကလေးမြို့ ပင်မသပိတ်အင်အားစုနဲ့ ပြည်သူတချို့ဟာ ဒီက​နေ့ ဒီဇင်ဘာ (၂၁) ရက်မှာ စစ်အာဏာရှင်ကို သပိတ် မှောက်ခဲ့ကြပါတယ်။ နွေဦးတော်လှန်ရေး ကာလအတွင်း ဒေသတွင်းမှာ ကျဆုံးခဲ့တဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပန်းပင်ကြီးလမ်းသပိတ်မှာ ဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ဦး အလုပ်ကြမ်းနဲ့ထောင်သုံးနှစ် ချခံရ

ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ အဖမ်းခံခဲ့ရတဲ့ ကိုကောင်းဆက်လင်းနဲ့ မမှူးရတနာခက်မို့မို့ထွန်းတို့ကို ဒီကနေ့ ဒီဇင်ဘာ (၂၁) ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ်ချခံလိုက်ရတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ​ရှေ့နေက အတည်ပြုပြောပါတယ်။ “ကိုကောင်းဆက်လင်းကတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က တမှုတည်းပါပဲ၊ မမှူးရတနာကတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘိုကလေးမြို့အနီး သောင်တင်ပြီး ဝမ်းဗိုက်ပေါက်သွားတဲ့ စက်လှေပေါ်မှာ ရိုဟင်ဂျာ တရာကျော် အဖမ်းခံရ

ဧရာဝတီတိုင်း၊ ဘိုကလေးမြစ်ဝ ပင်လယ်ကမ်းစပ်အနီးမှာ သောင်တင်ဝမ်းဗိုက်ပေါက်သွားတဲ့ စက်လှေပေါ်ကနေ ရိုဟင်ဂျာ ၁၁၂ ယောက်ကို စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ စက်လှေပေါ်မှာ ရင်ခွင်ပိုက် ကလေးငယ် ၃ ဦး အပါအဝင် အသက် [ဆက်လက်ဖတ်ရှုရန်]