ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်စစ်ကြောင်းကို အသေခံမိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီး နှစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ထိပ်တိုက်တိုးချိန်မှာ အသေခံမိုင်းခွဲ တိုက်ခိုက်ခဲ့လို့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးနှစ်ဦး ကျဆုံးသွားတယ်လို့ အဲ့ဒီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက DNA ကိုအတည်ပြုပြောပါတယ်။ “တော်လှန်ရေးမှာ ဒေါ်စုစုရည်ကတော့ အစကတည်းက ထောက်ပို့အနေနဲ့တမျိုး ကင်းထောက်အနေနဲ့ရော [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သိမ်ဇရပ် အမြှောက်တပ်က လက်နက်ကြီးရမ်းပစ်လို့ ခုနစ်နှစ်အရွယ် ကလေးငယ်နဲ့မိခင်သေဆုံး၊ခြောက်ဦး ဒဏ်ရာရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ဇန်နဝါရီ (၇)ရက်က စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျ ရောက် ပေါက်ကွဲလို့ ရာဘာခြံလုပ်သား မိသားစုဝင်ရှစ်ဦး ထိမှန်ပြီး အသက်(၇)နှစ်အရွယ်ကလေးငယ်နဲ့ မိခင် ဖြစ်သူတို့ သေဆုံးပြီး ခြောက်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းလေးဒေသက ဖမ်းဆီးခံရသူရှစ်ဦးကို စစ်တပ်က စစ်ကြောရေးပို့ စစ်ဆေးနေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်ရွာက ဆရာတော်တစ်ပါးအပါအဝင် အင်းလေးတိုက်ပွဲ တွေ ဖြစ်ပြီးနောက် ကွင်းဆက်အဖြစ်ဖမ်းဆီးခံထားရသူ ရှစ်ဦးဟာ စစ်ကြောရေးပို့ဆောင်ခံထားရတယ်လို့ ဒေသခံ တချို့နဲ့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေကပြောပါတယ်။ “အခုဖမ်းခံထားရတဲ့ သူတွေကို စစ်ကြောရေးထဲမှာ ရောက်နေတယ်လို့ ကြားပါတယ်၊သူတို့ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မောင်တောမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချင်းချင်း ဗုံးသီးနဲ့ပစ်လို့ နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညိုနယ်ခြားစောင့်စခန်းမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချင်းချင်းစကားများ ရန်ဖြစ်ပြီး ဗုံးသီးနဲ့ ထုလို့ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးကာ ငါးဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ နယ် ခြားစောင့်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ အဲဒီနယ်ခြားစောင့်ကင်းစခန်းမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြာအင်းဆိပ်ကြီးမှာ စစ်တပ်လေကြောင်းကင်းထောက်နေတာကြောင့် ဒေသခံတွေစိုးရိမ်နေ

ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူ တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲနဲ့လက်နက်ကြီးသံတွေ ငြိမ်သွားပေမယ့် စစ်ကောင်စီတပ်တွေက မြို့ပေါ်မှာတပ်စွဲထားသလို လေကြောင်းပျံသန်းမှုတွေလည်း ရှိနေတဲ့အတွက် ဒေသခံတချို့ တိမ်းရှောင်နေသလို မြို့ပေါ်မှာလည်း လူသွားလာမရှိသလောက် ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းလေး ဒေသမှာ တိုက်ပွဲတွေကြောင့် ခရီးသွားနေရာ တချို့ကို ပိတ်ထားရ

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်လေးဒေသမှာ စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ခရီးသွားနေရာတချို့ကို ပိတ်ထားရတယ်လို့ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။ လတ်တလောမှာ အင်လေးကန်အနောက်ပိုင်းက ခရီးစဉ်တွေကိုလည်း ရပ်နားထားတယ်လို့ အင်းလေးကန်အတွင်းက စက်လှေဝန်ဆောင်မှုပေးသူတွေကလည်း ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သုံးခွရဲစခန်း တိုက်ခိုက်ခံရပြီး ရဲသုံးဦးသေဆုံးကာ ဒေသခံတချို့ဖမ်းဆီးခံရ

ဒီကနေ့ ဇန်နဝါရီ ၈ ရက်မနက်ပိုင်းမှာ သုံးခွမြို့ပေါ်က ကတုံးပေါ်ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုလုပ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ ရဲတပ်သား ၃ ဦး သေဆုံးတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်တွေဟာ ဒေသခံတွေကို တွေ့သမျှဖမ်းဆီးနေတယ်လို့လည်း ဒေသခံတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရေဆက်ပြီး တင်းမာနိုင်လို့ လမ်းအသုံးပြုမှုတချို့သတိပေးထား

ရှမ်းပြည်နယ်၊ တောင်ပိုင်းက အင်းလေးဒေသအနောက်ခြမ်းမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးးပေါင်းတပ်တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို လက်ရှိမှာလည်း စစ်ရေးတင်းမာနေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေလည်း အရှိန်မြင့်လာနိုင်တဲ့အတွက် ကလော၊ ညောင်ရွှေ၊ ဟဲဟိုးမြို့နယ်တွေက ပြည်သူတွေအနေနဲ့ လမ်းအသုံးပြုမှုတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တမူးမှာ တပတ်အတွင်း စစ်ကောင်စီနဲ့ ပျူစောထီးတွေပစ်ခတ်မှုကြောင့် ဒေသခံခြောက်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တမူးမြို့ထဲမှာ အခုဇန်နဝါရီလ ပထမပတ်ထဲမှာတင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်မှာလည်း ဆိုင်ကယ်စီးလာသူ ၂ ဦးကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အညာဆောင်းရဲ့ ရာသီဥတုဒဏ်ကြား ညတွင်းချင်းစစ်ရှောင်ရတဲ့ ဒေသခံများ

စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကစလို့ ဒီကနေ့ အထိ စစ်ကိုင်းတိုင်းထဲက ရေဦး၊ ခင်ဦး၊ ဆားလင်းကြီးမြို့နယ်တွေက ကျေးရွာဒေသခံတွေက ညတွင်းချင်းဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ နိုင်ငံတဝန်းအအေးပိုလာတဲ့ အချိန် အညာဆောင်းရဲ့ ရာသီဥတုဒဏ်ကြား သက်ကြီးရွယ်အိုနဲ့ [ဆက်လက်ဖတ်ရှုရန်]