ဒေသအလိုက် သတင်းကဏ္ဍ

ရေဦးမြို့နယ်အတွင်း မိုင်းရှာနေရတဲ့ပုံရိပ်တွေ

စစ်ကောင်စီက ကျေးရွာတွေထဲ စစ်ကြောင်းထိုးမီးရှို့တာတွေလုပ်ပြီးနောက် အများပြည်သူသွားလာနေထိုင်တဲ့ နေရာ တွေမှာ မိုင်းတွေထောင်ခဲ့လေ့ရှိပါတယ်။ဒါကြောင့် စစ်ကြောင်းထိုးခဲ့ပြီးနောက် စစ်တပ်ပြန်ထွက်သွား ချိန်မှာ ပြည်သူတွေဒေသထဲပြန်မဝင်မီ ဒေသကာကွယ်ရေးတပ်တွေက မိုင်းရှင်းပေးရတာဟာ စစ်ကြောင်းထိုး ခံဒေသတွေမှာ ထုံးစံတခုလိုဖြစ်လာပါတယ်။ နိုင်ငံတကာ မြေမြှုပ်မိုင်းစောင့်ကြည့်ရေး အဖွဲ့တွေရဲ့ လေ့လာစောာင့်ကြည့်မှုတွေအရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်က စစ်ကြောင်းထိုးချိန် ခိုးယူမီးရှို့တာတွေကြောင့် ရိတ်သိမ်းပြီးစပါးတွေကို လျှို့ဝှက်သိမ်းဆည်းနေရ

စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲ စစ်ကြောင်းထိုးချိန်မှာ နေအိမ်တွေကို မီးရှို့တဲ့အပြင် ရိက္ခာတွေကို လည်း ခိုးယူတာ၊မီးရှို့ဖျက်ဆီးတာတွေကြောင့် ရိတ်သိမ်းပြီးစပါးတွေကို လုံခြုံရာနေရာမှာ လျှို့ဝှက်သိမ်း ဆည်းနေရတယ် လို့ စစ်ကိုင်းတိုင်းဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးချိန်မှာ ဒေသခံတွေရိတ်သိမ်းကာ သိမ်းဆည်းထားတဲ့ စပါးကျီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖရူဆိုမြို့တွင်းမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးတွေပစ်ခတ်နေ

ကရင်နီ(ကယား)ပြည်နယ်၊ဖရူဆိုမြို့ပေါ်ရပ်ကွက်တခုအတွင်းမှာ စစ်ကောင်စီနဲ့ KNDF တပ်ဖွဲ့ဝင်တွေ ဇန်န ဝါရီ(၁၅)ရက်က တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်တပ်က မြို့အနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး အင်အားစုတွေဆီကသိရပါတယ်။ ဖရူဆိုမြို့၊လောဘူးဒါးရပ်ကွက်အနီးမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၄နဲ့ စစ် ကောင်စီတပ်ရင်းခမရ(၅၃၁) ကြား ဇန်နဝါရီ(၁၅)ရက်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မွန်ပြည်နယ် လုံနယ်ဝန်ကြီးဟောင်း ယာဉ်တန်းမိုင်းဆွဲခံရပြီးနောက် ဒေသခံတချို့ ဖမ်းဆီးခံရ

မွန်ပြည်နယ် မုဒုံမြို့ပေါ်မှာ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဟောင်း အငြိမ်းစားဗိုလ်မှူးကြီးဖြစ်သလို လက်ရှိ ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အမှုဆောင်တဦးလည်းဖြစ်တဲ့ ဝင်းနိုင်ဦးရဲ့ယာဉ်တန်း ဇန်နဝါရီ ၁၅ ရက် ညနေ ၆ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ “အိမ်ပြန်အဝင်မှာမိုင်းဆွဲခံရတာ၊ကားလေးစီးတောင်မှလေ၊သူဘယ်ကားစီးလာမှန်းလည်းမသိဘူး၊ကားပဲပျက်စီးတာရှိတယ်၊လူတွေတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လူဦးရေစာရင်းကောက်သူတွေကို နေ့စားခကျပ်တသောင်းနဲ့ ခေါ်နေရ

ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းကောက်ခံရာမှာ တိုက်ခိုက်ခံရမှုတွေရှိတာကြောင့်ကြောင့် စစ်ကောင်စီက စာရင်းကောက်ခံမယ့်သူတွေကို နေ့စားခငွေကျပ်တသောင်းပေးပြီး ခေါ်ယူနေရတယ်လို့ လှိုင်သာယာမြို့နယ်အတွင်းနေထိုင်သူတွေက DNA ကိုပြောပါတယ်။ “မနေ့ကရော ဒီနေ့ရော စာရင်းလိုက်မယ့်သူတွေက တချို့ဆိုမလာကြဘူးလေ၊အပစ်ခံရမှာတို့ ၊ဗုံးပေါက်မှာတွေကိုကြောက်ပြီးအဲ့လိုမလာလို့ မနေ့ကရော ဒီနေ့ရော တစ်နေ့ကိုတစ်သောင်းပေးမယ်ဆိုပြီး အုပ်ကြီးတွေက လူလိုက်စုနေကြတာ”လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပေါက်မြို့မှာ ချင်းလူငယ်ဆယ့်ခြောက်ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ် သရက်တောစစ်ကောင် စီစစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီ ၁၄ရက်နေ့လယ်ပိုင်းကဖမ်းဆီးခံရတဲ့ ချင်းလူငယ် ၁၆ ဦးနဲ့ပတ်သက်ပြီး စစ်ကောင်စီကဘယ်မှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ လက်ရှိအထိမသိရဘူးလို့မြို့ခံတဦးကပြောပါတယ်။ ” သူတို့ကိုဘယ်နေရာမှာထားပြီး ဘာလုပ်နေတယ်ဆိုတာကို အတိအကျမသိနိုင်ဘူးဗျ” လို့ မြို့ခံတဦးကပြောပါတယ်။ ချင်းပြည်နယ် မင်းတပ်ကနေ ပခုက္ကူမြို့ကိုထွက်လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်နားနေတဲ့ စစ်မှုထမ်းဟောင်းကို ပြောက်ကျားတပ်ကဖမ်း၊ လမ်းမှာသေနတ်လုလို့ ကျည်ပေါက်ထွက်သေတယ်လို့ဆို

ရေးမြို့နယ် လမိုင်းမြို့ မော့ကနင်ကျေးရွာက စစ်ကောင်စီတပ်ရင်းနားမှာနေထိုင်ပြီး စစ်မှုဟောင်း တဦးဖြစ်သလို၊ သတင်းပေးလည်းလုပ်နေတဲ့ ဦးရခိုင်ဆိုသူကို နေအိမ်ကနေ သွားရောက်ဖမ်းဆီးခဲ့ကာလမ်းမှာသေနတ်လုရာက ကျည်ပေါက်ထွက်သေဆုံးသွားတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။ ဦးရခိုင်ကို လမိုင်းမြို့ မော့ကနင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ခ.လ.ရ – ၁၀၆တပ်အနီးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လွိုင်လင်လေးမှာ နေအိမ်ပေါ် လက်နက်ကြီးကျလို့ မိသားစုဝင်သုံးဦးဒဏ်ရာရ၊တဦးပြင်းထန်

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးကျေးရွာမှာ ဇန်နဝါရီ (၁၅)ရက် ညနေ သုံးနာရီဝန်း ကျင် က နေအိမ်ပေါ်လက်နက်ကြီးကျည်ကျလို့ မိသားစုဝင်သုံးဦးဒဏ်ရာရပြီး အမျိုးသားတဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ရွှေလွိုင်ကော်ပရဟိအသင်းဆီက သိရပါတယ်။ နေအိမ်ပေါ်ကို လက်နက်ကြီးကျည်ကျတာကြောင့် တအိမ်တည်းက လွိုင်လင်လေးဒေသခံ မိသားစုဝ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးမြို့အနီးမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့အရှေ့ဘက် မြို့စွန်က ဆားထုံးကြီးကျေးရွာကို စစ်တပ်က ဒီကနေ့ ဇန်နဝါရီ (၁၆)ရက် နေ့လယ်ပိုင်းမှာ Mi-35တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ပစ်ခတ်သွားတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးအင်အားစုတွေကဆီကသိရပါတယ်။ ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်က အင်အားဖြည့်တာတွေလုပ်ခဲ့အ ပြီး ဒီကနေ့မနက်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ရာက စစ်တပ်က လေကြောင်းနဲ့ပစ်ခတ်ခဲ့တာလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးက စစ်ရှောင်တွေမှာ ဆေးဝါးမလုံလောက်

စစ်ကောင်စီရဲ့ ဆက်တိုက်စစ်ကြောင်းထိုးမှုတွေကြောင့် နေရပ်စွန့်ခွာပြေးနေရတဲ့ဆားလင်းကြီးနယ်ထဲက ဒေသခံတွေမှာ စားနပ်ရိက္ခာလိုအပ်ချက်တွေအပြင် ဆေးဝါးမလုံလောက်မှုတွေဖြစ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေကပြောပါတယ်။ ဆားလင်းကြီးနယ်၊ ချင်းတွင်းမြစ်အနောက်ဖက်ကမ်းတလျောက်က ကျေးရွာတွေကို ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ကောင်စီတပ်တွေက ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒေသခံထောင်ချီဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတာပါ။ တဖက်မှာလည်း ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီကြားတိုက်ပွဲဖြစ်ပွားနေသလိုစစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုတွေကြောင့် ဒေသခံတွေဟာလည်း ညတွင်းချင်းရွာကနေထွက်ပြေးတိမ်းရှောင်ရတာတွေလည်းဆက်ဖြစ်နေပါတယ်။ [ဆက်လက်ဖတ်ရှုရန်]