ဒေသအလိုက် သတင်းကဏ္ဍ

ရှမ်းပြည်နယ် ပင်းတယနဲ့ ပင်လောင်းမြို့တွေမှာ မိုးကြီးပြီး မိုးသီးတွေကြွေ

ရှမ်းပြည်နယ်၊ တောင်ပိုင်းမှာရှိတဲ့ ပင်းတယနဲ့ ပင်လောင်းမြို့တွေမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာပြီး မိုးသီးတွေကြွေကျတဲ့ မြင်ကွင်းတွေကို ဒေသခံတွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ မျှဝေထားကြတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာလည်း မနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အငြင်းပွားမှုတွေရှိနေတဲ့ GTIG အထည်ချုပ်စက်ရုံ ပိတ်ဖို့ပြင်နေ

အလုပ်သမား ၁၃၀၀လောက်နဲ့ လည်ပတ်နေတဲ့ ရွှေပြည်သာမြို့နယ် ဝါးတရာက GTIG အထည်ချုပ်စက်ရုံကို ဒီလကုန်ပိုင်းမှာ ပိတ်သိမ်းဖို့ပြင်ဆင်နေတယ်လို့ အဲဒီစက်ရုံ အလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။  GTIG အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုဖြစ်စဥ်တွေ ရှိနေပြီး အငြင်းပွားမှုဖြေရှင်းရေးတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ နေအိမ်မီးလောင်ပြီး အမျိုးသမီးတဦးသေဆုံး

မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်အတွင်းက နေအိမ်တလုံးမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဦးသေဆုံးသွားတယ်လို့ လူမူကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တဲ့ အသင်းအဖွဲ့တွေဆီက သိရပါတယ်။ ‘’ သေဆုံးတဲ့အမျိုးသမီးကတော့ ကျွန်တော်တို့နဲ့ မီးသတ်အဖွဲ့မီးငြှိမ်းနေတုန်း အိမ်ရဲ့အနောက်ဆုံးရေကန်နားလေးမှာ တွေ့တာ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်က မြို့နယ်တချို့မှာ အချိန်အခါမဟုတ် မိုးရွာ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ရက် ညနေပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းမှု တွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  ဒီကနေ့ ညနေ ၄ နာရီဝန်းကျင်ကနေ စတင်ရွာသွန်းခဲ့တာဖြစ်ပြီး လက်ရှိမှာ မှော်ဘီ၊ တိုက်ကြီး၊ လှိုင်သာယာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်မဲမှာ အမွေကိစ္စ စကားများရာက မောင်နှမချင်းဓားခုတ်မှုဖြစ်၊အမျိုးသမီးနှစ်ဦးပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့မှာ မောင်နှမချင်း  အမွေကိစ္စစကားများရာက ဓားခုတ်မှုဖြစ်ခဲ့ပြီး အမျိုးသမီးနှစ်ဦး ပြင်းထန်ဒဏ်ရာတွေရခဲ့တယ်လို့ ဓားခုတ်ခံရသူတွေကို ကူညီပေးခဲ့တဲ့ မြို့ခံ 5-Star လူမှုကူညီရေးအသင်း တာဝန်ရှိသူက DNA ကိုပြောပါတယ်။  ကျောက်မဲမြို့၊ (၁)ရပ်ကွက် အုတ်ကျင်းအနီး ဖေဖော်ဝါရီ ၁၅ရက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုင်းနိုင်ငံမှာဘတ်ငွေတသောင်းလိမ်လည်သွားတဲ့ပွဲစားအားသတ်ဖြတ်ခဲ့တဲ့ မြန်မာလေးဦးဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊စမွတ်ပရကန်ခရိုင်မှာနေထိုင်တဲ့ မြန်မာလူမျိုးပွဲစား ၁ ဦးဖြစ်သည့် ဗိုလ်မိုးဟိန်းအား ဖေဖော်ဝါရီလ ၁၂ရက်ကသတ်ဖြတ်ခဲ့သူ  (၄) ဦးကို မနေ့ကညနေပိုင်းမှာထိုင်းရဲတွေကဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီ့အမျိုးသားဟာ အလုပ်လုပ်လိုတဲ့ မြန်မာရွေ့ပြောင်းလုပ်သား ၄ ဦးဆီက ဘတ် ၁၀၀၀၀ (မြန်မာ ကျပ် ရှစ်သိန်းလေးသောင်းဝန်းကျင်ခနိ့)ရယူပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သက်ငယ်မုဒိန်းကျူးလွန်သူကိုဖမ်းဆီးအရေးယူထားတယ်လို့ TNLA ထုတ်ပြန်

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာအုပ်စုရှိ ရွာတစ်ရွာမှာ ဖခင်ဖြစ်သူက ၁၂ နှစ်အရွယ် သမီးရင်းကို အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ဖမ်းဆီးထားပြီး  ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ PSLF/TNLA က ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်ကထုတ်ပြန်ပါတယ်။ ကျောက်မဲမြို့၊ ပန်ကွမ်ကျေးရွာအုပ်စုရှိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တားမြစ်ထားတဲ့ အလုပ်လုပ်ကိုင်တဲ့ ရွေ့ပြောင်းလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေ ဆက်တိုက်ဖမ်းဆီးနေ

ထိုင်းနိုင်ငံအတွင်းမှာ ရွေ့ပြောင်းအလုပ်သမားတွေအတွက် တားမြစ်ထားတဲ့ အလုပ်တွေကို လုပ်ကိုင်နေသူတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးအရေးယူမှုတွေပြုလုပ်နေပြီး အများအားဖြင့် လမ်းဘေးဈေးသည်များနှင့် ကယ်ရီပို့ဆောင်သူများ ဖမ်းဆီးခံနေရကြောင်း သိရပါတယ်။ “ သူတို့နိုင်ငံမှာနေရင် သူတို့ဉပဒေကိုလေ့လာပြီး သိအောင်လုပ်ထားရမယ်။ ဘာတွေကတော့ ဉပဒေနဲ့ မညီဘူးဆိုတာကို သိထားဖို့လိုတယ်။ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

သီပေါဘုန်းတော်ကြီးကျောင်းမီးလောင်မှုမှာ အသက်ဆယ်နှစ်အရွယ် စာသင်သား ကိုရင်တပါးပျံလွန်တော်မူ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ထဲက စံဖိတ်ကျေးရွာမှာရှိတဲ့ မဏိရတနာစံဖိတ်ကျောင်းတိုက်မှာ မနေ့ဖေဖော်ဝါရီ ၁၃ ရက်ညပိုင်းက မီးလောင်မှုဖြစ်ခဲ့ပြီး အသက် ၁၀နှစ်အရွယ်စာသင်သားကိုရင်တပါးပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မနေ့ညပိုင်း ၉နာရီဝန်းကျင်လောက်မှာ မဏိရတနာစံဖိတ်ကျောင်းတိုက်တွင်းမှာရှိတဲ့ ဘုရားစင်မှာ ဆီမီးပူဇော်ရာကနေ အခုလိုမီးလောင်ကျွမ်းမှုဖြစ်တာလို့ သွားရောက်ကူညီတဲ့ ပရဟိတအဖွဲ့တွေရဲ့ပြောပြချက်အရသိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

“ဖေဖော်ဝါရီ ၁၃ဟာ ဗိုလ်ချုပ်မွေးနေ့ပါ”

ပြီးခဲ့တဲ့ အရပ်သားအစိုးရခေတ်တွေအတွင်း ဖေဖော်ဝါရီ ၁၃ရက်နေ့တွေမှာ ပဲပြုတ်နံပြားဝေမျှ ကျွေးမွေးသူ၊ လက်ခံရယူစားသုံးသူတွေနဲ့ နိုင်ငံတဝန်း စည်ကားနေလေ့ရှိပါတယ်။ “ပဲပြုတ်နဲ့နံပြား ရရင်စားချင်တယ်” ဆိုတဲ့ ဗိုလ်ချုပ် မကျဆုံးမီက စာတကြောင်းကြောင့် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့တိုင်းမှာ ဒီအလေ့အထ [ဆက်လက်ဖတ်ရှုရန်]