No Picture
ဒေသအလိုက် သတင်းကဏ္ဍ

နွားထိုးကြီးမြို့မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်မှုကြောင့် ဒုမြို့နယ်မှူး အပါအဝင် နှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

မတ်၊ ၁၄ မန္တလေးတိုင်း ၊နွားထိုးကြီးမြို့နယ်ရှိ အထွေထွေ အုပ်ချူပ်ရေးမှူးရုံး၊လျှပ်စစ်ရုံးနဲ့ မြို့တော်ခန်းမသုံးနေရာကိုဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုတွင် ဒုမြို့နယ်မှူး အပါအဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်အုပ်စုနီးစပ်နီးစပ်သူတွေကပြောပါတယ်။ မနေ့က မတ်လ ၁၃ ရက်၊မနက် ၁၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နယ်မြေမတည်ငြိမ်လို့ကျိုက်ထီးရိုးက အထမ်းသမားတွေ ကျပန်းလုပ်ကိုင်နေရ

မတ်၊ ၁၃ မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုးဘုရားတောင်အနီးတဝိုက်မှာတိုက်ပွဲမကြာခနဖြစ်ပွားတာနဲ့ နယ်မြေမတည်ငြိမ်တာတွေကြောင့်တောင်ထမ်းသမားသမားတွေဟာစားဝတ်နေရေးအတွက် ခက်ခဲစွာရုန်းကန်နေကြရပါတယ်။ ကျိုက်ထီးရိုးဘုရားအနီးတဝိုက်ဖြစ်တဲ့ကဒိုင်ဒွတ်၊ကျောက်ဖျာ၊မဲရုံးကြီးစတဲ့ကျေးရွာတွေမှာပြီးခဲ့နှစ် နိုဝင်ဘာလကနေအခုနှစ်မတ်လဒုတိယအပတ်အထိတိုက်ပွဲဖြစ်ပွားနေတာနဲ့နယ်​မြေမတည်ငြိမ်မှုတွေရှိနေတာပါ။ အခုလိုနယ်မြေမတည်ငြိမ်တာနဲ့တိုက်ပွဲတွေမကြာခနဖြစ်ပွားတာတွေကြောင့် ကျိုက်ထီးရိုးဘုရားဖူးခရီးသည်လျော့နည်းလာတာနဲ့အတူဘုရားဖူးတွေအတွက်ဝန်ဆောင်မှုပေးနေကြတဲ့တောင်ထမ်းသမားအရေအတွက်တွေဟာလျော့နည်းလာတယ်လို့ ကင်းမွန်းချောင်းကျေးရွာကစျေးသည်အမျိုးသမီးတဦးကပြောပါတယ်။ “မနှစ်နိုဝင်ဘာလထဲက တောင်ထမ်းသမားတွေလျော့သွားတယ်။ ကြားထဲမှာပစ်ခတ်တာမကြာခဏဖြစ်တော့ ဘုရားဖူးခရီးသည်တွေလည်းနည်းသွားတာလည်းပါတယ်။နောက်ကားတွေနဲ့တက်တာရယ်တောင်တက်ရထားစီးတာရယ်ဆိုတော့အထမ်းသမားတွေအလုပ်ပါးသွားတယ်” လို့သူမကပြောပါတယ်။ ပြီးခဲ့တဲ့၂၀၂၂ခုနှစ်၊ အောက်တိုဘာလ၁၂ရက် ကျိုက်ထီးရိုးတောင်ခြေမှာပစ်ခတ်မှုဖြစ်ပွါးပြီး ဘုရားဖူးအမျိုူသမီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက္ကပင်ကျေးရွာမှာအလောင်းခုနှစ်လောင်းတွေ့၊ ပြည်ကြီးတံခွန်ဆရာတော်အပါအဝင် ခြောက်ဦးပျောက်ဆုံးနေ

မတ်၊ ၁၃ မြင်းမူမြို့နယ်၊လက္ကပင်ကျေးရွာ ကိုစစ်ကောင်စီတပ်တွေကဝင်ရောက်စီးနင်းပြီးနောက် မနေ့ကအချိန်ထိသေဆုံးသူအလောင်း ၇ လောင်းပြန်လည်တွေ့ရှိပြီးပြည်ကြီးတံခွန်ဆရာတော်အပါအဝင် ၆ဦးတပတ်ကြာတဲ့အထိပျောက်ဆုံးနေတယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေကပြောပါတယ်။ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာ ကဒေသခံ၁၇ ဦးထက်မနည်းကိုပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ  မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာကို မတ်လ(၅)ရက်၊နံနက်(၅နာရီ)ခန့်က စတင်ပြီးဝင်ရောက်စီးနင်းခဲ့ချိန်မှာ ဒေသခံအရပ်သားတဦးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ခြောက်ဦးကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲပြင်းထန်နေတဲ့ ပင်လောင်းမှာ ဘုန်းတော်ကြီးသုံးပါးအပါအဝင် ဒေသခံ ၃၀ထက်မနည်းအစုလိုက်အပြုံလိုက်အသတ်ခံထားရ

မတ်၊ ၁၂  စစ်ကောင်စီ PNO တပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းကယားနယ်စပ် ပင်လောင်းမြို့နယ်က နမ်းနှိမ်ကျေးရွာမှာ ရဟန်းသံယာတော်တွေနဲ့ ဒေဿခံပြည်သူ အယောက် ၃၀ ကျော်ကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ KNDF က ဒီကနေ့ မတ်လ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

KPDP ပူးပေါင်းအဖွဲ့ကစစ်ကောင်စီတပ်ကို အင်းတော်မြို့အနီးမှာ ကြားဖြတ်တိုက်၊ ဆယ်ဦးနီးပါးသေဆုံးဟုဆို

မတ်၊ ၁၂ စစ်ကိုင်းတိုင်း ၊အင်းတော်မြို့နယ် ကသာ- နဘားကားလမ်း ဆယ်မိုင်ကျောက်ကွဲစက်အနီးမှာ KIA ၊ KPDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ ဒီကနေ့ နံနက်ပိုင်းလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။မန္တလေးတိုင်း ၊မတ္တရာမြို့မှတဆင့် ထွက်ခွာလာတဲ့ အစီး ၅၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုင်းနိုင်ငံမှာ သေဆုံးတဲ့ မြန်မာလင်မယားအတွက် နစ်နာကြေးပေးဖို့ ခြံရှင်ကငြင်းဆန်နေ

မတ်၊ ၁၂ ထိုင်းနိုင်ငံ၊ ကန်ချလာလုံမြို့နယ်၊ ဥဘွန် ဖက်အိစံ ဒေသရှိ စိုက်ပျိုးရေးခြံတခြံမှာ ခြံအလုပ်လုပ်နေတဲ့ မြန်မာလင်မယားနှစ်ဦး ရေကန်အထဲမှာ သေဆုံးနေမှုအပေါ် ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများမှ ခြံပိုင်ရှင်က နစ်နာကြေးပေးဖို့ ​ငြင်းဆန်နေတဲ့အတွက် ဆက်လက်ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးက နာမည်ကျော်ဒေါ်တောမုန့်တီဆိုင်ကို လက်လုပ်ဗုံံးနဲ့ သေနတ်ပြကာ ဓားမြတိုက်သွား

မတ်၊ ၁၂ မန္တလေးမြို့က နာမည်ကျော် ဒေါ်တောမုန့်တီဆိုင်မှာ ဒီကနေ့ မနက်ပိုင်းက လက်လုပ်ဗုံးနဲ့သေနတ်ပြကာ ဓားမြတိုက်မှုဖြစ်ပွားခဲ့ပြီး ရွှေထည်ပစ္စည်းတချို့ ပါသွားခဲ့သလို မန္တလေးမြို့မှာ နှစ်ရက်ဆက် ဓားမြတိုက်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။   ​ဒီကနေ့ မနက် ၇ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာသံစဉ်အဆိုတော် တွံတေးစိုးအောင်ရဲ့ နောက်ဆုံးခရီး

မတ်၊​၁၁ နိုင်ငံကျော်မြန်မာသံစဉ်အဆိုတော် တွံတေးစိုးအောင်ရဲ့ နာရေးကိုဒီကနေ့ မတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ ထိန်ပင်သုဿာန်မှာပြုလုပ်ခဲ့ပြီး အနုပညာအသိုင်းအဝိုင်းကမိတ်ဆွေတွေနဲ့ သူ့ပရိသတ်တချို့ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ အဆိုတော်တွံတေးစိုးအောင်ဟာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့မနက်အစောပိုင်းက ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်ခဲ့တာဖြစ်ပြီးကွယ်လွန်ချိန်မှာ အသက် ၆၁ ရှိပြီဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီက ချင်းပြည်နယ်မှာ စစ်အင်အားဖြည့်တင်းနေ

မတ်၊ ၁၀ စစ်ကောင်စီက ချင်းပြည်နယ်ကိုသူတို့ကြေငြာထားတဲ့ စစ်အုပ်ချုပ်ရေးနယ်မြေအဖို့ လက်တွေ့ကောင်အထည်ဖော်ဖို့နှင့် ရွှေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် စစ်အင်အားဖြည့်တင်းနေတာဖြစ်တယ်လို့ ချင်းပြည်နယ်တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေက DNA ကိုပြောပါတယ်။ စစ်ကောင်စီဟာ ချင်းပြည်နယ်ကို လေကြောင်းတိုက်ခိုက်မူတွေဆက်တိုက်ပြုလုပ်ပြီးနောက်မှာ မြေပြင်စစ်အင်အားတွေ ချင်းပြည်နယ်ကိုပို့ဆောင်နေတာဖြစ်ပါတယ်။ မတ်လ ၉ ရက်နေ့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တနင်္သာရီမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်တဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ

မတ်၊ ၁၀ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာ ကြောင့် ကလေးတစ်ဦး သေဆုံးကာ ၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ ဒီကနေ့ နံနက် ၇ နာရီကျော်ခန့်မှာ [ဆက်လက်ဖတ်ရှုရန်]