ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့နယ်မှာ လက်နက်ကြီးထိလို့ စစ်ရှောင်အမျိုးသမီးတဦးသေဆုံး၊တဦးဒဏ်ရာရ

    ဇွန် ၊ ၁၀ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ရေလဲဦးကျေးရွာဘက်ကို ကလေးမြို့ပေါ်က စစ်ကောင်စီတပ်က ဇွန် ၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်ကစပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက်စစ်ဘေးရှောင်အမျိုးသမီးတဦးသေဆုံးပြီး အမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ” အသက်ငါးဆယ်ကျော်အမျိုးသမီးတဦး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ညောင်ပင်ကြီး ရဲစခန်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကျဆုံးပြီး စစ်သား​နှစ်ဆယ်ကျော်သေ

ဇွန် ၊ ၁၀ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာရဲစခန်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကျဆုံးပြီး စစ်ကောင်စီတပ်သားနှစ်ဆယ်ကျော်သေဆုံးခဲ့တာကြောင့်  စစ်ကောင်စီက Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ခြောက်ကြိမ်လာရောက်ဗုံးကြဲသွားတယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။  “စခန်းထဲမှာအလောင်းတွေကိုထပ်လို့ နှစ်ဆယ်ကျော်လောက်တော့ရှိမယ်၊အရှင်သုံးယောက်တော့ဖမ်းမိထားတယ်၊လက်နက်ကြီး ထိလို့ ဒေသခံပြည်သူတဦး နဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုန်တိုင်းကြောင့် ရခိုင်မှာ မျိုးစပါးတွေပျက်စီးခဲ့လို့ မိုးစပါးပြန်လည်စိုက်ပျိုးဖို့ အခက်အခဲဖြစ်နေ

ဇွန်၊ ၉   ရခိုင်ပြည်နယ်မှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ထွန်ယက်စိုက်ပျိုးဖို့ သိုလှောင်ထားကြတဲ့ လယ်သမားတွေရဲ့ မျိုးစပါးတွေ ဆုံးရှုံးပျက်စီးခဲ့ရပြီး အကူအညီမရခဲ့ရင် မိုးစပါးစိုက်နိုင်ကြတော့မှာ မဟုတ်ဘူးလို့ ဒေသခံ တောင်သူတွေက ပြောကြပါတယ်။ လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ ရခိုင်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းခြံမြို့က ရွှေဆိုင်ပိုင်ရှင်တဦး ဓားပြတွေပစ်ခတ်လို့ သေဆုံး

ဇွန်၊ ၉   မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ နီနီလွင် ရွှေဆိုင်ကို ဓားပြလာတိုက်သူတွေက သေနတ်နဲ့ပစ်ခတ်လို့ ဆိုင်ရှင်အမျိုးသား သေဆုံးတဲ့ ဖြစ်စဉ်တခု ဇွန်လ ၈ ရက် မနေ့က နေ့ခင်းပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ၆၈ ရာခိုင်နှုန်းနီးပါးရှိ

ဇွန်၊ ၉   တနိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၂၂ /၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုသူပေါင်း ၁၆၁၈၅၀ ဦး အနက် အောင်မြင်သူ ၁၀၈၉၅၁ ဦးရှိခဲ့ပြီး အောင်ချက်အနေနဲ့ ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်း မြို့နယ်သုံးခုကမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီဖြုတ်သိမ်း

ဇွန်၊ ၈ ဧရာဝတီတိုင်းအတွင်း  မအူပင်၊ဟင်္သာတနဲ့ဘိုကလေးစတဲ့မြို့နယ်သုံးခုက မြို့အဝင်အထွက် စစ်ဆေးရေးဂိတ် တွေကို အခုရက်ပိုင်းစစ်ကောင်စီတပ်ကဖြုတ်သိမ်းသွားခဲ့တယ်လို့မြို့ခံတွေနဲ့ ရဲတပ်ဖွဲ့ သတင်းအရင်း အမြစ်တွေ ဆီကသိရပါတယ်။ မအူပင်မြို့နယ်ရှိလုံခြုံရေးအရရှာဖွေမှုတွေပြုလုပ်နေတဲ့မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ မအူပင်တံ တား စစ်ဆေးရေးဂိတ်၊ မအူပင်-ဖျာပုံ-ဘိုကေလး ကားလမ်းမပေါ်ရှိစစ်ဆေးရေးဂိတ်နဲ့ တွံတေး-မအူပင်-ညောင် တုန်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးမှာ စစ်ကောင်စီတပ်က အရပ်သားငါးဆယ်ကျော်ကို လူသားဒိုင်းအဖြစ် ထပ်မံဖမ်းဆီး

ဇွန် ၊ ၈ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာအချို့က အရပ်သား ငါးဆယ်ကျော်ကို စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ် ဒီကနေ့မှာထပ်မံဖမ်းဆီးခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သိရပါတယ်။ “ ဓားစာခံ၅ဝလောက်ပါတယ်လို့သိရတယ် ။ဘယ်ရွာတွေလဲတော့မသိရဘူး။ (ဓားစာခံတွေကို)စစ်ကြောင်းနဲ့ အတူ ခေါ်သွားတယ် ” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ကအထိုင်ချမယ့်သတင်းကြောင့် ကလေးနယ်တောင်ပိုင်း ဒေသခံငါးထောင်ဝန်း ကျင်တိမ်းရှောင်

ဇွန် ၊ ၈ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက် သုံးမိုင်ဝန်းကျင်အကွာ ကလေး – ဂန့်ဂေါ လမ်းမကြီးပေါ်က ချင်းဆိုင် ရွာနဲ့ဇင်းကလင်းရွာကြားမှာ စစ်တပ်က အထိုင်းစခန်းတခုလုပ်ဖို့ပြင်ဆင်နေတာကြောင့် အဲ့ဒီအနီးအနား ရွာသုံးရွာ လောက်က ဒေသခံ ငါးထောင်ကျော် ဘေးလွတ်ရာကိုတိမ်းရှောင်သွားကြတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှမ်းပြည်နယ်မှာ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရတဲ့ ထိုင်းအမျိုးသမီးတွေကို ကယ်ဆယ်ဖို့ ဖောင်ဒေးရှင်းတခု ကြိုးစားနေ

ဇွန် ၊ ၈ ထိုင်းနိုင်ငံက လူမှုကယ်ဆယ်ရေး အသင်းတခုဟာ မြန်မာနိုင်ငံမှာရှိတဲ့ ရှမ်းပြည်နယ်ထဲကို လိမ်လည်သွေးဆောင် ခေါ်ယူခံရပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေခံနေရတဲ့ ထိုင်းအမျိုးသမီး ၁၄၀ ကို ကယ်ဆယ်ဖို့ ကြိုးစားနေကြောင်း ပြောပါတယ်။  အဲဒီလိုမျိုး လူကုန်ကူးမှု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပဒူရွာကို စစ်ကောင်စီတပ်က ငါးကြိမ်မြောက် မီးရှို့ ၊ဒေသခံ တသောင်းလောက် နေရပ်မပြန်ရဲသေး

ဇွန် ၊ ၈ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မြောက်ဖက်ရှိ ပဒူရွာရှိ အရပ်သားပိုင်နေအိမ်တွေကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းကလည်း မီးရှို့နေပြီး အနီးအနားကျေးရွာတွေက ဒေသခံ တစ်သောင်းလောက်ကလည်း နေရပ်မပြန်ရဲသေးဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” ပဒူရွာက [ဆက်လက်ဖတ်ရှုရန်]