ဒေသအလိုက် သတင်းကဏ္ဍ

ပုလောမှာ ပျူစောထီးနှစ်ဦးသေဆုံးပြီးသေနတ်နှစ်လက်နဲ့ လက်ပစ်ဗုံးတလုံး သိမ်းဆည်းရမိ

ဇွန်၊ ၂၇ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စုထဲက ပျူစောထီးတွေဆီကနေ ဇွန်လ ၂၄ ရက်မှာသေနတ်နှစ်လက်နဲ့ လက်ပစ်ဗုံးတလုံး သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတဲ့ နှစ်ဦးကိုလည်း ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ပုလောစစ်ကြောင်း ၁ က သတင်းထုတ်ပြန်ပါတယ်။ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်ထိုမြို့၊ ကင်မွန်းချောင်းရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်လေးဦး ပျောက်ဆုံးနေ

ဇွန်၊ ၂၇ စစ်ကောင်စီလက်အောက်ခံ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်လေးဦးဟာ တပတ်နီးပါးကြာတဲ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။ “ ခြောက်ရက်ပေါ့နော်၊ တပတ်နီးပါးရှိပြီးပေါ့၊ ဘာမှလည်း မဆက်သွယ်ဘူး၊ စခန်းကိုပေါ့လေ၊ အသိပေးတာလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အငှါးယာဉ်တွေ မီတာစနစ်နဲ့ ယာဉ်စီးခကောက်ခံဖို့ အစီအစဉ် လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ဆို

ဇွန်၊ ၂၇   ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ အငှားယာဉ်တွေရဲ့ ယာဉ်စီးခကို ကီလိုမီတာစနစ်နဲ့ ကောက်ခံပြေးဆွဲနိုင်ဖို့ကို စစ်ကောင်စီရဲ့လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ပြင်ဆင်နေပေမယ့် အဲ့ဒိအစီအစဉ်ဟာ လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မလှိုင် PDF တပ်ဖွဲ့ဝင်တဦး စစ်ကောင်စီလက်နက်ကြီးကြောင့် ကျဆုံး

ဇွန် ၂၆ စစ်ကိုင်းတိုင်းထဲမှာ အခြေချနေတဲ့ မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တပ်ဖွဲ့ဝင်တဦးဟာဒီကနေ့ မ နက်ပိုင်းက စစ်ကောင်စီ နဲ့တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်လို့ကျဆုံးသွားတယ်လို့ အဲ့ဒီအဖွဲ့တာဝန်ရှိသူ တဦးက DNA ကိုပြောပါတယ်။ “စစ်ကိုင်းတိုင်းထဲက ကျွန်တော်တို့အခြေချတဲ့ စခန်းဘက်ကို စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာတဲ့အတွက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ALP တပ်ဖွဲ့ဝင်တွေဖမ်းထားတဲ့ စစ်တွေမြို့ခံနှစ်ဦး တပတ်ကျော်တဲ့အထိ မိသားစုနဲ့ တွေ့ခွင့်မရ

ဇွန် ၂၆ ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တပ်ဖွဲ့ဝင်တွေဟာ စစ်တွေမြို့ခံ လက် လုပ်လက်စား အမျိုးသားနှစ်ဦးကို ဖမ်းဆီးထားပြီး တပတ်ကျော်ကြာတဲ့အထိ မိသားနဲ့ တွေ့ခွင့် မပေးလို့စိုးရိမ်နေ ကြရကြောင်းဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ “ဒီနေ့(ALP)ရုံးကို သွားခဲ့ကြတယ်၊မတွေ့ရဘူး၊အထဲကိုလည်း မဝင်ရဘူး၊ခြံကိုတောင် တံခါးမဖွင့်ပေးဘူး၊ဆေးလိပ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သဲကုန်းမြို့နယ် ဆင်မြီးဆွဲ မြို့မှာ ရဲနှစ်ဦးပစ်ခတ်ခံရပြီး တဦးသေ

  ဇွန်၊ ၂၆ ပဲခူးတိုင်းအနောက်ခြမ်း၊သဲကုန်းမြို့နယ်၊ဆင်မြီးဆွဲမြို့မှာ နယ်ထိန်းရဲတဦးနဲ့ အငြိမ်းစားရဲတဦး ဒီကနေ့မနက်ပိုင်းက ပစ်ခတ်ခံရလို့ အငြိမ်းစားရဲ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဆင်မြီးဆွဲမြို့၊လမ်းမတော်လမ်းကအရက်ဆိုင်အနီးမှာ ဆိုင်ကယ်မောင်းလာတဲ့ နယ်မြေရဲစခန်းက နယ်ထိန်းကျော်ကျော်နဲ့ အငြိမ်းစားရဲအရာရှိ ဦးစိုးသက်အောင်ဆိုသူတို့ကိုအမည်မသိလက်နက်ကိုင်တွေက ပစ်ခတ်ခဲ့တာလို့သိရပါတယ်။ “ကိုကျော်ကျော် ရင်ဘတ်နဲ့ခြေထောက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကင်းတော်ရွာ စခန်းစီးနင်းခံရမှုမှာ PDF တပ်သား ၁၅ ဦးအပါအဝင် သေဆုံးသူ ၁၈ ဦးအထိရှိလာ

ဇွန်၊ ၂၆ စစ်ကိုင်းမြို့နယ်ထဲက ကင်းတော်ရွာ PDF စခန်းကို ဇွန်လ ၂၅ ရက် မနေ့က မနက်ပိုင်းမှာစစ်ကောင်စီတပ်က စီးနင်းခံရမှုဖြစ်စဉ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော် ၁၅ ဦးအပါအဝင် ၁၈ ဦးအထိသေဆုံးမှုရှိလာတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေထံက စုံစမ်းသိရပါတယ်။ ‘’စုစုပေါင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကောလင်းမြို့ပေါ်က စစ်ကောင်စီကင်းတဲမိုင်းဆွဲခံရလို့တဦးသေ၊တဦးဒဏ်ရာရပြီး အရပ်သားတွေလည်းထိခိုက်မှုရှိ

ဇွန်၊ ၂၆ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီလုံခြုံရေးကင်းတဲကို မိုင်းဆွဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ပြန်ပစ်လို့အမျိုးသားလေးဦးအပါအဝင် အရပ်သားငါးဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။  ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ The Secret Warrior Kawlin က ကောလင်းမြို့၊ ကမ္ဘောဇဘဏ်(၂)ရှေ့မှာရှိတဲ့လုံခြုံရေးကင်းတဲကိုပြီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့၊သာစည်ရွာကိုစစ်ကောင်စီတပ်ဝင်စီးလို့ အရပ်သားတဦးဒဏ်ရာရ၊ ဒေသခံတွေထွက်ပြေးနေရ

ဇွန် ၊ ၂၅ စစ်ကိုင်းတိုင်း၊ကလေးမြို့အနီးသာစည်ကျေးရွာကိုဇွန်လ ၂၅ ရက် ဒီကနေ့မနက်ပိုင်း ၉ နာရီလောက်မှာပဲ စစ်ကောင်စီတပ်တွေဟာလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့တောက်လျောက်ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့တဲ့အတွက်အရပ်သားတဦးဒဏ်ရာရသလိုရွာလုံးကျွတ်နီးပါးချက်ခြင်းဆိုသလိုတိမ်းရှောင်ထွက်ပြေးခဲ့ရပါတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ပထမဇင်းကလင်းရွာမှာအထိုင်ချထဲကအဲ့ရွာကတဝက်ကျော်ကျော်လောက်ပြောင်းပြေးနေကြတာ၊ခုကတော့ရွာလုံးကျွတ်အားခြင်းပြေးကြရတာပါ၊ထိတဲ့သူကတော့သူတို့ပစ်ဝင်တဲ့အချိန်မှာပဲလက်ထိတာ၊လွတ်တော့လွတ်လာပြီသူက၊ခုလဲရွာထဲမှာမီးတွေရှို့နေတယ်၊မီးခိုးလုံးတွေထပ်တက်လာတာတွေ့နေရတယ်၊ဘာတွေရှို့နေလဲတော့မသိဘူး”လို့ သာစည်ရွာခံတဦးက DNA ကိုပြောပါတယ်။ အင်အားငါးဆယ်နီးပါးရှိတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒီကနေ့မနက်ပိုင်းမှာပဲဇင်းကလင်းအထိုင်တပ်ရင်းကထွက်လာပြီးသာစည်ရွာကိုအခုလိုစစ်ကြောင်းထိုးခဲ့တာဖြစ်သလိုစစ်ကြောင်းထိုးနေတဲ့အချိန်မှာတော့ကလေးကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့ပစ်ခတ်မှု့အနည်းငယ်ဖြစ်ပွားခဲ့သေးတယ်လို့လဲသိရပါတယ်။ “သူတို့ကကလေးမြို့နဲ့၊နည်းပညာတက္ကသိုလ်အထိလမ်းကြောင်းယူချင်တာ၊ဒီနေ့ကိုစစ်ကြောင်းထွက်တော့ဇင်းကလင်းနဲ့သာစည်ကြားကဂိတ်ဖွင့်ပွဲသွားမယ်ပဲမှတ်လိုက်တာ၊ပြီးတော့စစ်ကြောင်းဝင်ထိုးတော့၊ရွာထဲစီးပြီးမှထိတွေ့မှု့ဖြစ်တာ၊နှစ်ဖက်အကျအဆုံးအခြေအနေတော့မသိရသေးဘူး၊သူတို့ဖက်ကတော့လက်နက်ကြီးတောက်လျောက်ပစ်ကူအနေနဲ့ပစ်နေတာ၁၂ဝမမတွေနဲ့၊ရွာခံတွေကတော့ကျန်သမျှအကုန်ပြေးကြပြီ”လို့ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကထပ်ပြောပါတယ်။ အခုလိုစစ်ကောင်စီတပ်တွေအင်အားထိုးတာကြောင့်ကလေးမြို့အနီး ဆက်လက်တိုက်ပွဲတွေပြင်းထန်လာနိုင်သလို၊လက်နက်ကြီးနဲ့ရမ်းသန်းပစ်ခေတ်တာတွေကြောင့်အရပ်သားထိခိုက်သေဆုံးမှုတွေတောက်လျောက်ဆိုသလိုဖြစ်လာနေတာပါ။ ဒါ့အပြင်ပစ်ခတ်မှုတွေကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားတောင်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

ဇွန်၊၂၅ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့နယ်မှာ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။ “ ပစ်ခံရတဲ့သတင်းကို ကျွန်တော်တို့ ကြားရတယ်၊ အပြင်ထွက်ပြီး ဈေးသွားဝယ်တာလို့ ပြောတယ်။ မြို့ပေါ်ဘက်မှာပဲ၊ ဖုန်းဆိုင်မှာ [ဆက်လက်ဖတ်ရှုရန်]