ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးမှာ စစ်ကောင်စီတပ်က အရပ်သား ၁၅ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးသွား

ဇူလိုင်၊ ၃ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ၊ကန်သာရွာကို ဇူလိုင် ၃ ရက်ဒီကနေ့မှာ အင်အား တရာ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်ပြီး  အရပ်သား ၁၅ ဦး ကိုဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆားလင်းကြီးမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူက  DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖားကန့်မှာ စက်သုံးဆီသယ်ယူခွင့်ကန့်သတ်မှုတွေရှိလို့ စစ်ဆေးရေးဂိတ်တွေကို ငွေပေးဖြတ်သန်းနေရ

ဇူလိုင်၊ ၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က စက်သုံးဆီသယ်ယူခွင့်ကန့်သတ်မှုတွေရှိနေတာကြောင့် ဆီသယ်ယာဉ်တွေဟာ စစ်ဆေးရေးဂိတ်တွေကို ငွေကြေးအမြောက်အများပေးပြီးတော့ ဖြတ်သန်းနေရတယ်လို့ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။ “စစ်ကောင်စီဘက်က ဆီသယ်ကားတွေ မတက်ရဘူးဆိုပြီး ပိုက်ဆံတောင်းပြီးတော့ တက်သွားတာတွေရှိတာပဲ။ KIA ဘက်ကလည်း အခွန်ကောက်တာတွေရှိတယ်။ ဖားကန့်မှာက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမှာ စစ်ကြောင်းထိုးလာချိန် ကြောက်လန့်ထွက်ပြေးသူတဦးပစ်ခတ်ခံရ

ဇူလိုင် ၊ ၂ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်တောင်ဘက်ခြမ်း၊ အောင်ချမ်းသာကျေးရွာမှာ ဇူလိုင် ၂ ရက် ဒီကနေ့ မနက်ပိုင်းက  စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာချိန် ကြောက်လန့်ထွက်ပြေးမိခဲ့တဲ့ အရပ်သားတဦးကို  စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပစ်ခတ်ခဲ့ပြီး အရပ်သားတဦးလက်နက်ကြီးစထိမှန်ခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပန်းတောင်းမြို့မှာ ဆေးရုံပစ္စည်းတွေစည်းကမ်းမဲ့စွန့်ပစ်ထားတာကို လူမှုကွန်ရက်မှာရေးသားထားသူတဦးဖမ်းဆီးခံရ

ဇူလိုင် ၊ ၂ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ်မှာ မြို့နယ်ဆေးရုံကြီးက ဆေးရုံသုံးပစ္စည်းတွေ စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့အကြောင်းကို လူမှုကွန်ရက်ပေါ်မှာ ပုံနဲ့တကွရေးသားဖော်ပြထားတဲ့ ပရဟိတအဖွဲ့ဝင်တဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ မနေ့ဇူလိုင် ၁ရက်နေ့မှာ မြို့ခံပရဟိတအသင်းတခုက သေဆုံးသူရုပ်အလောင်းတခုကို ဆေးရုံကြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကောလင်းမှာ နေအိမ်ပေါ် လက်နက်ကြီးကျလို့ ရှစ်နှစ်အရွယ်ကလေးအပါအဝင် လေးဦးသေဆုံး

ဇူလိုင်၊ ၁ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ် ကျော်ဇေယျာရပ်ကွက်အတွင်းက နေအိမ်တအိမ်ပေါ်ကို လက်နက်ကြီး ကျည် ကျ ရောက်ပေါက်ကွဲလို့ အသက် ရှစ်နှစ်အရွယ် ကလေးတဦးအပါအဝင် လေးဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီ ကသိရပါတယ်။  ကောလင်းမြို့ အထွေထွေ အုပ်ချုပ်ရေးရုံးမှာ တပ်စွဲထားတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ ယဉ်ထိန်းရဲတဦး ပစ်ခတ်ခံရလို့ သေဆုံး

ဇူလိုင် ၊၁   မန္တလေး အောင်မြေသာစံမြို့နယ်မှာအရပ်ဝတ်နဲ့ ဆိုင်ကယ်စီးနင်းလာတဲ့ ယာဉ်ထိန်းရဲတစ်ဦးပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။  ဒီကနေ့ ညနေပိုင်းက မဟာဇေယျာဘုံရပ်ကွက် ၂၆ လမ်း ၆၃ လမ်းနဲ့ ၆၂ လမ်းကြားမှာစကိုးဖီဆိုင်ကယ်နဲ့  ၂၆လမ်းအတိုင်း အရှေ့ကနေ အနောက်ကိုမောင်းနှင်လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေမှာ အရပ်ဝတ် လက်နက်ကိုင်အုပ်စုနှစ်ခု အပြန်အလှန်ပစ်ခတ်မှုဖြစ်လို့ သုံးဦးသေ၊ သုံးဦးဒဏ်ရာရ

ဇူလိုင်၊ ၁  ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာ ဒီကနေ့ နေ့လယ်ပိုင်းက အရပ်ဝတ်လက်နက်ကိုင်အုပ်စုနှစ်ခု အပြန်အလှန် ပစ်ခတ်မှုဖြစ်လို့ သုံး ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရသွားတယ်လို့ မျက်မြင်ဒေသခံတွေကပြောကြပါတယ်။ စစ်တွေတက္ကသိုလ်အနီး တက္ကသိုလ်ဝင်ပေါက်နဲ့ ရ ထားသံလမ်းအကြားမှာဒီကနေ့ နေ့လယ် ၁၂နာရီဝန်းကျင်က  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ရေးအရှိန်မြင့်တက်လာတဲ့ ရေးမြို့နယ်မှာစစ်ကောင်စီ ဌာနဆိုင်ရာရုံးအများစုပိတ်ထားရ

ဇူလိုင်၊ ၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာအားလုံးနီးပါး တရားဝင်လုပ်ငန်း လည်ပတ်မှု မရှိတော့သလို တချို့ရုံးတွေလည်း ပိတ်ထားလိုက်ရပြီလို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကပြောပါ တယ်။ “အရင်ကတော့ တချို့ရုံးတွေလောက်ပဲ၊ ပိတ်ထားရတာပေါ့၊ အခုနောက်ပိုင်းမှာမှ ရုံးအားလုံးနီးပါးပိတ်ထားရတယ်၊ လုပ်ငန်း လည်ပတ်မှုလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူနဲ့မပူးပေါင်းတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ ပိုင်ဆိုင်မှုအသိမ်းခံရမယ်လို့ မြိုင်ပကဖ သတိပေး

ဇူလိုင်၊ ၁ မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲရှိ စစ်အုပ်စုလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ ပြည်သူနဲ့ မပူးပေါင်းရင်ပိုင်ဆိုင်မှုတွေဖြစ်တဲ့ နေအိမ်၊ တိုက်တာတွေကို သိမ်းခံရမယ်လို့ မြိုင်ပြည်သူကာကွယ်ရေးအဖွဲ့ကထုတ်ပြန်သတိပေးလိုက်ပါ တယ်။  မြိုင်မြို့နယ်အတွင်းက ဝန်ထမ်းတွေအနေနဲ့ ဇူလိုင် ၁၅ ရက် နောက်ဆုံးထားပြီး ပြည်သူနဲ့ပူးပေါင်းကြဖို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲဖြစ်ခဲ့တဲ့ရေးမြို့နယ် နှစ်ကရင်ကျေးရွာကဒေသခံထောင်ချီ တပတ်ဝန်းကျင်ကြာတဲ့အထိ နေရပ်မပြန် နိုင်သေး

ဇူလိုင်၊ ၁ စစ်ကောင်စီနဲ့ KNLA၊PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ကြတဲ့ မွန်ပြည်နယ် ၊ရေးမြို့နယ်၊နှစ်ကရင်ရွာထဲမှာ စစ် ကောင်စီတပ်က တပ်စွဲထားလို့ စစ်ရှောင်ဒေသခံတွေဟာ တိုက်ပွဲအပြီး တပတ်လောက်ကြာတဲ့အထိ အိမ်မပြန် နိုင် ကြသေးဘူးလို့သိရပါတယ်။ “တိုက်ပွဲဖြစ်ပြီးတဲ့နေ့ကတည်းကပဲလူတွေ အများကြီး ထွက်ပြေးသွားကြတာ၊ [ဆက်လက်ဖတ်ရှုရန်]