ဒေသအလိုက် သတင်းကဏ္ဍ

Pepsi အချိုရည်စက်ရုံ အလုပ်ရှင်ကို တရားစွဲထားတဲ့အမှု ပထမဆုံးရုံးချိန်းမှာ စက်ရုံ CEO မလာလို့ အမှုမစစ်ဖြစ်

ဇူလိုင်၊ ၇   Pepsi အချိုရည်စက်ရုံ တာဝန်ရှိသူနှစ်ဦးကို အလုပ်သမားဘက်က တရားစွဲထားတဲ့အမှုအတွက် ပထမဆုံးအကြိမ် ရုံးချိန်ကို ဒီကနေ့ စတင်ရာမှာ စက်ရုံ CEO မလာခဲ့တာကြောင့် အမှုမစစ်ဖြစ်ဘဲ ရုံးချိန်းပြန်ပေးလိုက်တယ်လို့ သိရပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘီးလင်းမှာ အမျိုးသားတဦးမြေမြှပ်မိုင်းနင်းမိပြီး အသက်အန္တရာယ်စိုးရိမ်နေရ

ဇူလိုင်၊ ၆ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အကိုဖြစ်သူနဲ့ စကားများပြီး နေအိမ်ကနေ ထွက်လာတဲ့ အမျိုးသားတဦးလမ်းမှာ မြေမြှပ်မိုင်းနင်းမိလို့ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ “ ညီအကိုနှစ်ယောက်ပဲ၊ သောက်စားနေရင်းနဲ့ အိမ်မှာပေါ့၊ အဲဒါစကားများကြတာ၊ စိတ်ဆိုးပြီး ထွက်သွားတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝက်လက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့အရပ်သား ခုနစ်ဦး သေဆုံး၊ ခြောက်ဦးဒဏ်ရာရ

ဇူလိုင် ၊ ၆ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဇူလိုင်လ ၆ ရက် ဒီကနေ့ မနက် ၆ နာရီဝန်းကျင်မှာ ပစ်ခတ်ခဲ့လို့ အမျိုးသမီးလေးအပါအဝင် အရပ်သားခုနစ်ဦးကို သေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရတယ်လို့သိရပါတယ်။ “ရွာသာကြီးဘက်ကနေထွက်လာတဲ့ စစ်ကောင်စီတပ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်၊ ကံပေါက်ဒေသမှာ နှစ်ရက်ကြာပျောက်ဆုံးနေတဲ့ သုံးနှစ်အရွယ် သမီးငယ်ကို သေဆုံးလျက် ပြန်တွေ့

ဇူလိုင် ၊ ၆ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကံပေါက်ဒေသ၊ သဲချောင်းရွာမှာ နှစ်ရက်ကြာ ပျောက်ဆုံးနေတဲ့ သုံးနှစ်အရွယ် သမီးငယ်တဦးကို ဒီကနေ့ ဇူလိုင်လ ၆ ရက်၊ မနက် ၁၀ နာရီလောက်က သေဆုံးလျက် ပြန်တွေ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ နိုက်ကလပ်နဲ့ ဘားတွေကို စစ်ကောင်စီရှောင်တခင်စစ်ဆေးမှုတွေလုပ်၊ စင်တင်ဖျော်ဖြေသူတွေကို ဂီတအစည်းအရုံးမှာအသင်းဝင်ခိုင်းနေ

ဇူလိုင် ၊ ၆ ရန်ကုန်မြို့အတွင်းမှာရှိတဲ့ နိုက်ကလပ်နဲ့ ဘားတွေကို စစ်ကောင်စီရဲ့နေပြည်တော်အထူးရဲတပ်ဖွဲ့ကည၁၁နာရီနောက်ပိုင်းမှာ ရှောင်တခင်စစ်ဆေးမှုတွေလုပ်နေပြီး တချို့ကိုတော့ ဆိုင်ပိတ်သိမ်းတဲ့အထိ လုပ်ဆောင်နေတယ်လို့ ဆိုင်တွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ ‘’ အထူးတပ်ဖွဲ့တဲ့ အစုံပဲ ဝင်ဖမ်းတာရဲနဲ့စစ်သားတွေအများကြီးပဲ။ အရင်လကအကြောင်းကြားစားပို့တော့ လိုင်းကြေးပေးပြီးဆက်လုပ်နေတာ။ အခုလာဖမ်းတာ တခြားအဖွဲ့လို့လည်းပြောတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အုတ်ဖိုမြို့နယ်က ပျူစောထီးခေါင်းဆောင် ရာအိမ်မှူးတဦး ပစ်ခတ်ခံရပြီးသေဆုံး

    ဇူလိုင် ၊ ၆  ပဲခူးတိုင်း၊သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊အောက်ကိုင်းကျေးရွာအုပ်စု၊ ကိုင်းကလေးရွာမှာနေထိုင်တဲ့ ပျူစောထီးခေါင်းဆောင် ရာအိမ်မှူးဖားမြင့်ဦးအား ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၆ ရက် ဒီကနေ့ မနက်မှာ ပစ်ခတ်ခဲ့လို့ နေရာမှာပင်သေဆုံးခဲ့တယ်လို့သိရပါတယ်။  “ သူက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးမှာ စစ်ကောင်စီတပ်က ဒေသခံအချို့ကိုဖမ်းဆီးပြီး ပစ်ခတ်ခဲ့လို့တဦးသေ၊ တဦးဒဏ်ရာရ

ဇူလိုင် ၊ ၆ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်စက်မှု(၁)ရုံးက ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇူလိုင်လ ၅ရက် မနေ့က မနက် ၁၁ နာရီခန့်မှာဆားခါးကျေးရွာရှိဒေသခံ အချို့ကို ဖမ်းဆီးခဲ့ပြီး လက်နက်နဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် တဦးသေဆုံး ခဲ့ပြီးတဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တွန်းဇံမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ပညာရေးမှူးတို့ကို CDF – Tonzang က ဖမ်းဝရမ်းထုတ်

ဇူလိုင်၊ ၅ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်က စစ်ကောင်စီလက်အောက်ခံ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ပညာရေးမှူးတို့ကို အဲ့ဒီမြို့နယ် အခြေစိုက် ချင်းကာကွယ်ရေးတပ်က ဖမ်းဝရမ်းထုတ်လိုက်ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်မှာ ဖြစ် တယ်လို့လည်း DNA ကို ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ တွန်းဇံမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကံကြီးကုန်းပျူစောထီးရွာ စခန်းသိမ်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး ကျဆုံး

ဇူလိုင်၊ ၅ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ၊ကံကြီးကုန်းရွာပျူစောထီးစခန်းကို ဒီကနေ့ ဇူလိုင် ၅ ရက် မနက်ပိုင်းမှာ  သွားရောက်သိမ်းပိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF ရဲဘော်လေးဦး ကျဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ခံက DNA ကိုပြောပါတယ်။ “ကံကြီးကုန်းပျူရွာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မှာ PDF တွေ တိုက်ခိုက်ခံရပြီး လေးဦးဒဏ်ရာရ၊ လက်နက်တချို့ ဆုံးရှုံးခဲ့

ဇူလိုင်၊ ၅ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ သင်္ကန်းတုံးရွာအနီးမှာ ဇူလိုင်လ ၂ ရက်က စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်တာခဲ့ရတဲ့အတွက် တပ်ဖွဲ့ဝင်လေးဦးဒဏ်ရာရခဲ့ပြီး  လက်နက်တချို့လည်း သိမ်းဆည်းခံလိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက DNA ကို ပြောပါတယ်။ “ဒဏ်ရာရတဲ့ သူတွေလည်း [ဆက်လက်ဖတ်ရှုရန်]