ဒေသအလိုက် သတင်းကဏ္ဍ

လမိုင်းမြို့၊ ရော်ဘာခြံမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရွှေ့ပြောင်းလုပ်သားတဦးအလောင်းတွေ့

ဇူလိုင်၊ ၂၇   မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ရွာသာယာရပ်ကွက် အနီးမှာရှိတဲ့ ရော်ဘာခြံတခြံမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမည်မသိ ရွှေ့ပြောင်းအလုပ်သမား တဦး အလောင်းကို တွေ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်မှာ စစ်ကောင်စီတပ်ကင်းပုန်းနဲ့တွေ့ပြီး ပကဖအဖွဲ့ဝင် လေးဦး ကျဆုံး

ဇူလိုင် ၊ ၂၇ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ကျေးရွာတရွာမှာ  ပြည်သူကာကွယ်ရေး အဖွဲ့ဝင်တွေရဲ့ ရပ်ကျေးရုံးအဟောင်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ပြီးဇူလိုင်လ ၂၆ ရက် မနက်မှာ အဖွဲ့ဝင် လေးဦး ကျဆုံးသွားတယ်လို့ အရာတော်ပြည်သူကာကွယ်ရေး (ပကဖ)တပ်ဖွဲ့မှကိုဝဏ္ဏကပြောပါတယ်။ “ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်နက်ခဲယမ်းတွေနဲ့အတူ စွန့်ခွာလာတဲ့ စစ်သားတဦးကိုငွေကျပ်သိန်းလေးဆယ်ကျော် NUG ချီးမြှင့်

ဇူလိုင် ၊ ၂၇ လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း ၁ ထံ ခိုလှုံလာတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကဇူလိုင်လ ၂၆ ရက်မှာ ဂုဏ်ပြုငွေ လေးဆယ့်လေးသိန်းကျပ် ချီးမြှင့်ခဲ့ပါတယ်။ “စစ်ကောင်စီရဲ့ လုပ်ရပ် မမှန်ဘူးဆိုတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိုင်မှာ နေအိမ်ပေါ်လက်နက်ကြီးကျလို့ အမျိုးသမီးနှစ်ဦးဒဏ်ရာရ

ဇူလိုင်၊ ၂၆ မကွေးတိုင်းမြိုင်မြို့နယ် တောင်ဘက်က အိုရင်းရွာထဲကို ဒီကနေ့မနက်အစောပိုင်း နှစ်နာရီလောက်က လက်နက် ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်ထဲအိပ်ပျော်နေတဲ့ အမျိုးသမီးနှစ်ဦး ဒဏ်ရာရသွားတယ်လို့ မြိုင် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က DNAကိုပြောပါတယ်။ ဒဏ်ရာရသွားသူတွေဟာ အိုရင်းရွာက တူအရီးတော်စပ်တဲ့ အသက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီကသယ်ယူပို့ဆောင်ရေးအတွက် ပရဟိတယာဉ်တွေကို အသုံးပြုနေတယ်လို့ မြိတ်ပကဖပြော

ဇူလိုင်၊ ၂၆ တနင်္သာရီတိုင်း၊မြိုတ်မြို့နယ် ဒေသမှာလှုပ်ရှားတဲ့ စစ်ကောင်စီတပ်တွေဟာ တပ်သား၊ရိက္ခာနဲ့ လက်နက်ခဲ ယမ်း တွေသယ်ယူပို့ဆောင်ဖို့အတွက် မြို့ခံ ပရိဟိတအသင်းတွေကို အသုံးချနေတယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။  “စစ်တပ်က အရေးပေါ်ကားတွေသုံးပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒေါ်လာစျေးမြင့်တက်လာလို့ ပြည်တွင်းဆေးဝါးစျေးနှုန်းတွေ နှစ်ဆယ်ရာခိုင်နှုန်းအထိမြင့်တက်

ဇူလိုင်၊ ၂၆ အမေရိကန်ဒေါ်လာဈေးနှုန်း  ၃,၃၀၀ ကျပ် ဝန်းကျင် ရောက်ရှိလာတာကြောင့်  ပြည်တွင်းရှိ ဆေးနဲ့ ဆေးပစ္စည်းဈေးကွက်မှာ ဈေးနှုန်းမြင့်တတ်မှုတွေရှိလာနေတယ်လို့ ရန်ကုန်မြို့က ဆေးကုမ္ပဏီဝန်ထမ်းတွေနဲ့ ဆေးဆိုင်တွေကသိရပါတယ်။ ‘’ဆေးတွေကတော့ တက်နေတာအမှန်ပဲ။ ကျွန်မတို့ကုမ္ပဏီဆို ၁၄ ရာခိုင်နှုန်းတက်တယ်။ တချို့လည်းနှစ်ဆယ်ရာခိုင်နှုန်းအထိတက်တယ်’’ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးက Non-CDMဝန်ထမ်းတွေ အခုလကုန်နောက်ဆုံးထား CDM ဝင်ဖို့ ပအဖ သတိပေး

ဇူလိုင်၊ ၂၆ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ Non – CDM ဝန်ထမ်းတွေအနေနဲ့ လာမယ့် ဇူလိုင် ၃၁ ရက် နောက် ဆုံးထားပြီး CDM ဝင်ကြဖို့နဲ့ မလိုက်နာရင် အရေးယူဆောင်ရွက်တော့မယ်လို့ အဲ့ဒီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောက်မြို့မှာဗုံးအတုထောင် မျှားခေါပြီး မိုင်းခွဲတိုက်ခိုက်လို့ စခန်းမှူးအပါအဝင်နှစ်ဦးဒဏ်ရာရ

ဇူလိုင် ၊ ၂၆ မကွေးတိုင်း၊ချောက်မြို့နယ်၊ အမှတ် (၁) ‌ရေနံကလပ်ထောင့် ကြံ့ခိုင်ရေး ရုံးအနီးမှာ ဒေသကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့ ဗုံးအတုကိုရှင်းလင်းပြီးပြန်သွားတဲ့ စစ်ကောင်စီတပ်တွေ လမ်းမှာ မိုင်းခွဲခံရလို့ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကသိရပါတယ်။ “ ကျွန်တော်တို့မြို့တွင်းဝင်ပြီး တိတ်တဆိတ်မိုင်းထောင်းထားခဲ့တယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

Pepsi အချိုရည်စက်ရုံ အရာရှိတွေကိုတရားစွဲထားတဲ့အမှု တိုင်းတရားရုံးမှာညှိနှိုင်းဖို့ ခရိုင်တရားသူကြီးညွှန်ကြား

ဇူလိုင်၊ ၂၆  အလုပ်ထုတ်ခံရတဲ့အလုပ်သမားက Pepsi အချိုရည်စက်ရုံ တာဝန်ရှိသူနှစ်ဦးကိုတရားစွဲဆို ထားတဲ့အမှုနဲ့ ပတ် သက်လို့ တိုင်းတရားရုံးမှာ နှစ်ဖက်ညှိနှိုင်းဖို့ ခရိုင်တရားသူကြီးက ညွှန်ကြားလိုက်တယ်လို့ အလုပ်သမားဘက် ကနေကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)တာဝန်ရှိသူတဦးက DNAကိုပြောပါ တယ်။ အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ဒုတိယမြောက်ရုံးချိန်အဖြစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နံဇရွာတိုက်ပွဲမှာစစ်ကောင်စီတပ်က ဗိုလ်ကြီးတဦးအပါအဝင် ငါးဦးထက်မနည်းသေဆုံး

ဇူလိုင်၊ ၂၆ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇရွာထိပ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦး အပါအဝင် ငါး ဦးထက်မနည်းသေဆုံးပြီးခုနှစ်ဦးထက်မနည်းဒဏ်ရာရကာ လက်နက်တချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေထံမှ သိရပါတယ်။ “ ရှိမယ်၊ သူတို့ဘက်က ငါးဦးထက်မနည်းကလေ၊ [ဆက်လက်ဖတ်ရှုရန်]