ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင် စစ်ဘေးရှောင်တွေ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ ခံစားနေရ

အောက်တိုဘာ ၊ ၂၁ အာဏာမသိမ်းခင်ကတည်းကစလို့နှစ်ရှည် နေရပ်စွန့်ခွာနေထိုင်နေကြရတဲ့ ရခိုင်စစ်ဘေးရှောင်တွေဟာ စားနပ် ရိက္ခာ အကျပ်အတည်း၊ မိုခါမုန်တိုင်းနောက်ဆက်တွဲအခက်အခဲတွေကြောင့် ရုပ်ပိုင်ဆိုင်လိုအပ်ချက်တွေအပြင် စိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်းခံစားနေကြရပြီး ကုစားပေးဖို့ လိုအပ်လာတယ်လို့ ကူညီရေးအဖွဲ့တွေနဲ့ စစ်ရှောင် တွေက ပြောကြ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လိုင်စင်မရှိဘဲ ထိုင်းပို့ပေးမယ်ဆိုပြီး ငွေလိမ်သူကို တိုင်ကြားပေမယ့် စစ်ကောင်စီဝန်ကြီးဌာနက အရေးမယူ

အောက်တိုဘာ၊ ၂၀   အကျိုးဆောင်လိုင်စင်မရှိဘဲ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ပို့ပေးမယ်ဆိုပြီး ငွေလိမ်လည်ခံရတာနဲ့ပတ်သက်လို့ လိမ်လည်သူရဲ့လိပ်စာနဲ့တကွ တိုင်ကြားမှုတွေ လုပ်ခဲ့ပေမယ့် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အရေးယူတာ မရှိဘူးလို့ နစ်နာခဲ့သူတွေက DNA ကိုပြောပါတယ်။   တိုင်ကြားချက်နဲ့ပတ်သက်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖားကန့်မှာ မြေစာပုံပြိုကျလို့ ရေမဆေးကျောက်ရှာသူ တဦးသေ၊ ဆယ်ဦးခန့် ပျောက်ဆုံးနေ

အောက်တိုဘာ၊ ၂၀   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ တောက်ပကြယ် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ဟောင်းအနီးမှာ ဒီကနေ့ နေ့ခင်း ၂ နာရီလောက်က မြေစာပြိုကျလို့ ရေမဆေးကျောက်ရှာသူ တဦး သေဆုံးပြီး ဆယ်ဦးနီးပါး ပျောက်ဆုံးနေပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှည်းကူးမှာ ရေကြီးမှုနောက်ဆက်တွဲ အရေပြားရောဂါဖြစ်သူများနေ

အောက်တိုဘာ၊ ၂၀   ရန်ကုန်တိုင်း၊ လှည်ကူးမြို့နယ်ထဲက ကျေးရွာတချို့မှာ ရေကြီးမှု နောက်ဆက်တွဲအနေနဲ့ အရေပြားရောဂါ ဖြစ်သူ များပြားနေပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေထံကနေ သိရပါတယ်။   ” စွန့်ပစ်ပစ္စည်းတွေ၊ အညစ်ကြေးတွေနဲ့ဆိုတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထီးလင်းမြို့မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကြောင့် ကလေးတဦး ဒဏ်ရာရ

အောက်တိုဘာ၊ ၁၉ မကွေးတိုင်း၊ထီးလင်းမြို့နယ်၊ အကြည်ဘန်းကျေးရွာမှာ အောက်တိုဘာ ၁၈ ရက်၊ မနေ့ကညနေပိုင်းက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကိုသွားဆွဲနုတ်မိလို့ အသက် ၁၂ နှစ်အရွယ် ငါးတန်းကျောင်းသားတဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” ကျည်က ရွာမြောက်ဘက်ရေကန်ထဲမှာစိုက်ဝင်နေတာ။ အဲ့ဒါကိုသူက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လွိုင်ကော်မြို့အတွင်း ရေထပ်ကြီးနိုင်လို့ ပြင်ဆင်ထားကြဖို့ စစ်ကောင်စီသတိပေး

အောက်တိုဘာ၊ ၁၈ ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့မှာ နှစ်ရက်အတွင်း ရေထပ်ကြီးလာနိုင်တာကြောင့် မြို့ခံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့  စစ်ကောင်စီလက်အောက်ခံ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့က သတိပေးထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ “ရေထပ်ကြီးမယ်လို့ မနက်က မြို့ထဲမှာလိုက်ကြေညာနေတာ။ ရေတအားကြီးလာရင် ရွှေ့ပြောင်းလို့ရအောင် ပစ္စည်းတွေ၊ စားစရာတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေကူမြို့အနီးက စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

အောက်တိုဘာ၊ ၁၈ ကချင်ပြည်နယ် ရွှေကူမြို့အနီးက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ဒီကနေ မနက် ၄ နာရီလောက်မှာ  တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ခဲယမ်း အများ အ ပြားရရှိခဲ့တယ်လို့ ရွှေကူမြို့နယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နတ်တလင်းမှာ ဆင်ဝိုင်းက ဆင်တွေနဲ့ အရပ်သားတွေကို စစ်ကောင်စီက ဒိုင်းကာအဖြစ်အသုံးပြုတယ်လို့ဆို

အောက်တိုဘာ၊  ၁၈  ပဲခူးတိုင်း နတ်တလင်းမြို့နယ် အရှေ့ဘက် တောင်ညိုဆည်အနီး ညံလယ်ဆင်ဝိုင်းကဆင်တွေနဲ့ ဝန်ထမ်းတွေ အပါ အဝင်ဒေသခံတွေကို ဒိုင်းကာအဖြစ်အသုံးပြုပြီးစစ်ကြောင်းထိုးခဲ့တာကြောင့် တိုက်ခိုက်ဖို့ အခက်ကြုံခဲ့ရတယ်လို့ ဒေသ အခြေစိုက်PDF တပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်မိုးကြိုးက  DNAကို ပြောပါတယ်။  “ပြည်သူများဒိုင်းကာအဖြစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းတပ်မှာ နာမကျန်းတဲ့ စစ်ရှောင် အများအပြားရှိနေပြီး ဆေးဝါးနဲ့ ရိက္ခာ အခက်အခဲကြုံနေ

အောက်တိုဘာ၊ ၁၈ ချင်းပြည်နယ်၊မင်းတပ်မြို့နယ်မှာ ဆန်နဲ့ ဆေးဝါးတွေ စျေးအဆမတန်မြင့်တက်နေလို့ စစ်ရှောင်တွေ ရိက္ခာအခက်အခဲကြုံနေကြရသလို နာမကျန်းဖြစ်နေတဲ့ စစ်ရှောင်တွေလည်း ဆေးဝါးရရှိဖို့ ခက်ခဲနေကြတယ်လို့ ကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။ “စားရေးသောက်ရေးအခြေအနေက တော်တော်ခက်ခဲလာတယ်။ ကုန်စျေးနှုန်းတော်တော်မြင့်တက်သွားတာ၊ တောင်ပေါ်မှာဆိုရင် သုံးဆကျော်လောက်ဖြစ်သွားတာကို၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမှာ စစ်ကောင်စီတပ်က အမျိုးသားတဦးကို ပစ်သတ်သွား

အောက်တိုဘာ ၊ ၁၈ စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ကြေးမုံကျေးရွာက ဒေသခံ အမျိုးသားတဦးကို စစ်ကောင်စီ တပ်တွေက အောက်တိုဘာ ၁၇ ရက်၊ မနေ့က  ညနေ ၄ နာရီခန့်မှာ ပစ်သတ်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစု တွေထံက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]