ဒေသအလိုက် သတင်းကဏ္ဍ

ထောင်ကျနေခဲ့တဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် ကိုဗစ်ကြောင့် ဆေးရုံတက်နေရ

နိုဝင်ဘာ ၊ ၂ ထောင်ဒဏ် ကျခံနေရသူ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် ရာဇက်ခ်ဟာ ကိုဗစ်ရောဂါ စွဲကပ်ပြီး ဆေးရုံ တက်နေရကြောင်း သိရပါတယ်။ နာဂျစ်ဘ်က နေထိုင်မကောင်းလို့ ဆေးစစ်မှု ခံယူခဲ့တဲ့အခါ ကိုဗစ် Positive [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ လက်နက်ကြီးကြောင့် အရပ်သားတဦးထိခိုက်ဒဏ်ရာရ

နိုဝင်ဘာ ၊ ၂ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းကို နိုဝင်ဘာလ ၁ ရက်၊ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကလေးမြို့အနောက်မြောက်ဘက် မောက်လင်းရွာက အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေထံက သိရပါတယ်။ ” လယ်တောဘက်ငါးရှာသွားရင်း မှန်တာပါ။ လက်နက်ကြီးကျည်စတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိုု့သုံးမြို့ လက်လွှတ်လိုက်ရတယ်လို့ စစ်ကောင်စီဝန်ခံ

နိုဝင်ဘာ ၊ ၂ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ အတွင်း ရှမ်းမြောက်က မြို့နယ်သုံးမြို့လက်လွှတ်လိုက်ရတယ်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောကြားလိုုက်ပါတယ်။ ‘’ ဒီအချိန်မှာတော့ အစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေလက်လွှတ်ခဲ့ရတဲ့နေရာတွေရှိပါတယ် “ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှမ်းမြောက်ကို စစ်ကူသွားတဲ့တပ်ကို PDFနဲ့ TNLA ကြားဖြတ်တိုက်ခိုက်နေ

နိုဝင်ဘာ ၊ ၂ မန္တလေးတိုင်း၊ ပြင်ဦးလွင်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသကို စစ်ကူသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို တအာင်းတပ်(TNLA) နဲ့ အတူ ပြင်ဦးလွင်အထွက် နောင်ချိုမှာ ကြားဖြတ်တိုက်ခိုက်နေတယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်( MDY PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ဆင်ရေးခြောက်ရက်အတွင်း တပ်စခန်း ကိုးဆယ်နီးပါးသိမ်းပိုက်ပြီး မြို့ သုံးမြို့ကို ထိန်းချုပ် (အရပ်သား ထိခိုက်၊ သေဆုံးသူ ခြောက်ဆယ် ဝန်းကျင်နဲ့ စစ်ဘေးရှောင် နှစ်သောင်းကျော် ရှိလာ)

နိုဝင်ဘာ၊ ၁ မြောက်ပိုင်းညီနောင်သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့စစ်ဆင်ရေး၁၀၂၇ ခြောက်ရက်အတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်း ၈၇ ခု ကို သိမ်းပိုက်ရရှိထားပြီး မြို့သုံးမြို့ကိုလည်း ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။ သိမ်းပိုက်ရရှိထားတဲ့ တပ်စခန်းတွေဟာ ချင်းရွှေဟော်၊ ကွတ်ခိုင်၊ လားရှိုး၊ သိန္နီ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နယ်ကျော်လာတဲ့ လေကြောင်း၊ ကြည်းကြောင်း မှန်သမျှတိုက်ထုတ်မယ်လို့ “ဝ”တပ်ဖွဲ့သတိပေး

နိုဝင်ဘာ ၊ ၁ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တွေရဲ့ ရှမ်းမြောက်တိုက်ပွဲအတွင်း ဘယ်ဘက်ကမှ ပါဝင်တိုက်ခိုက်မှာမဟုတ်သလို လေကြောင်း၊ကြည်းကြောင်းကနေစစ်ရေးဆိုင်ရာနယ်ကျော်လာရင်လည်း တိုက်ထုတ်မယ်လို့  “၀”ပြည်သွေးစည်းညီညွတ်ရေးပါတီ/၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSP/UWSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။ “ဝ”တပ်ဖွဲ့အနေနဲ့ ဘက်မလိုက်ရေးမူကို ကျင့်သုံးနေပြီးပဋိပက္ခအတွင်း ပါဝင်နေတဲ့ အင်အားစုတွေအနေနဲ့လည်း စစ်ပွဲတွေရပ်ကာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တရုတ်-မြန်မာနယ်စပ်မှာ တရုတ်စစ်တပ်က သံချပ်ကာကားတွေနဲ့ ကင်းလှည့်

အောက်တိုဘာ၊ ၃၁ နှစ်နိုင်ငံနယ်စပ်တလျှောက် စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်တွေတိုက်ပွဲတွေပြင်းထန်နေချိန် တရုတ် စစ် တပ်က တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မြို့ဘက်ခြမ်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက သံချပ်ကာကားတွေနဲ့ ကင်းလှည့်ခဲ့ တယ်လို့ နယ်စပ်အနီး နေထိုင်သူတွေကပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်ရဲ့ တဖက်ခြမ်းမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်ကြီးနဲ့ နတ်သံကွင်းမှာ ပြည်သူ့အုပ်ချုပ်ရေး စတင်တော့မယ်လို့ KNUပြော

အောက်တိုဘာ၊ ၃၁ ပဲခူးတိုင်းကျောက်ကြီးနဲ့ နတ်သံကွင်းမြို့တို့မှာ KNU ရဲ့ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေကို စတင်အကောင် အထည်ဖော် တော့ မှာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းတွေရပ်တန့်ကြဖို့၊ဒေသတွင်းကထွက်ခွာဖို့ ကရင်အမျိုးသားအစည်းအရုံး KNUကမနေ့ကထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီအုပ်ချုပ်ရေးမှာ ပူးပေါင်းပါဝင်နေကြတဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြို့ပင်ကောက်မှာ အသတ်ခံရတဲ့ ပျူစောထီးနှစ်ဦးအလောင်း လာကောက်မဲ့သူမရှိသေး

အောက်တိုဘာ၊ ၃၁ ပဲခူးတိုင်း၊သာယာဝတီခရိုင် ၊ကြို့ပင်ကောက်မြို့နယ်က ပျူစောထီးဆိုသူနှစ်ဦးကို ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်၊  ညနေ ၃ နာရီခန့်က သတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။  “ သူတို့က PDF  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှမ်းမြောက်မှာ စားသောက်ကုန်တွေ နှစ်ဆကနေ ခြောက်ဆလောက်အထိ စျေးတက်

အောက်တိုဘာ ၊ ၃၁ တိုက်ပွဲတွေကြောင့် ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေကို နှစ်ဆကနေ ခြောက်ဆလောက်အထိ စျေးတင်ရောင်းနေကြတဲ့အတွက် အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ မြောက်ပိုင်းညီနောင်အဖွဲ့တွေရဲ့ စစ်ဆင်ရေး၁၀၂၇  ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးကနေ မူဆယ်ဘက်သွားတဲ့ [ဆက်လက်ဖတ်ရှုရန်]