ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီစစ်မျက်နှာတွေကို စစ်ကောင်စီ အင်အားဖြည့်တင်းနေ

“တပ်ရင်း ၃ ရင်း ဆင်းလာတယ် ကြားတယ်။ ၆၆ လည်းပါတယ် ကြားတယ်”လို့ ပြောပါတယ်။ ၂၆၊ဇွန်လ။ အာရက္ခတပ်တော်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိုးဖောက်တိုက်ခိုက်နေတဲ့ ဧရာဝတီတိုင်းထဲက စစ်မျက်နှာတွေဖြစ်တဲ့ ရေကြည်၊လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်တွေကို စစ်ကောင်စီက အင်အား ဖြည့်တင်းမှုတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်-မုံရွာကားလမ်းတလျှောက် လေးမျက်နှာမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

“ ဒေသခံတချို့ကတော့စစ်ကောင်စီတပ်အနေနဲ့ပုသိမ်-မုံရွာလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လာလို့ အခုလို တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတာလို့ ဆိုကြပါတယ်။” ၂၆၊ ဇွန် ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်အတွင်းပုသိမ်-မုံရွာ ကားလမ်းတလျှောက်  ဇွန်လ ၂၆ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘိုကလေး လဝကရုံးမှာ အရစ်မခံရဖို့ ပွဲစားကတဆင့် မှတ်ပုံတင်လုပ်နေကြရ

“ပွဲစားနဲ့မလုပ်ဘဲ ကိုယ်တိုင်လုပ်ဖို့ မလွယ် ဘူး။ ကိုယ်မမွေးခင်က သေသွားတဲ့အဖိုးအဘွားတွေရဲ့ မှတ်ပုံတင်တွေ မွေးသက္ကရာဇ်တွေကိုမေးပြီး ရစ် တော့တာပဲ” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူကပြောပါတယ်။ ၂၆၊ဇွန် ဧရာဝတီတိုင်း ၊ ဘိုကလေးမြို့ လဝကရုံးမှာ  နိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်) ကိုယ်တိုင်လုပ်တဲ့ ဒေသခံတချို့မှာ [ဆက်လက်ဖတ်ရှုရန်]

ဧရာဝတီတိုင်း

ကျောင်းကုန်းသား ကာချုပ်

ရန်ကုန်ကနေ ပုသိမ်၊ချောင်းသာ၊ငွေဆောင်ဘက်ကိုခရီးသွားပါက ကျောင်းကုန်းမြို့ကလေး  ကိုဖြတ်သန်းသွားရပါတယ် ။ယခုလို မိုးရာသီမှာ ကျောင်းကုန်းချောင်းရေဟာ အရှိန်အဟုန်နဲ့  စီးဆင်းနေတတ်ပါတယ်။ ၂၅၊ဇွန်လ။  ၁၉၄၆ခုနှစ်က အင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာဒုတိယကမ္ဘာစစ်အောင်ပွဲအထိမ်းအမှတ် စစ်ရေးပြ  အခမ်းအနားကျင်းပပါတယ်။အဲဒီ့အခမ်းအနားမှာ ဖီးမာရှယ်ဝီလီလျှံဆလင်းနဲ့ မြန်မာနိုင်ငံက  ဗိုလ်မှူးကြီးစမစ်ဒွန်းတို့ စကားလက်ဆုံကြနေပါတယ်။ မြန်မာနိုင်ငံကို ဂျပန်တွေလက်ထဲကပြန်လည်သိမ်းပိုက်စဉ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငသိုင်းချောင်းမြို့အနီး တိုက်ပွဲတွေ ပြင်းထန်ချိန် ကျောင်းတွေရဲ့ စာသင်ချိန်တွေ တိုးမြင့်သတ်မှတ်

ကျောင်းသားမိဘတစ်ချို့ကတော့ တိုက်ပွဲတွေနီးလာတာကြောင့် ကလေးတွေကို လူသားဒိုင်းပြုလုပ်မှာ စိုးရိမ် တယ်လို့ ပြောဆိုပါတယ်။ ၂၅၊ဇွန်။ ဧရာဝတီတိုင်းထဲမှာ တိုက်ပွဲတွေနဲ့ အနီးဆုံးမြို့ဖြစ်တဲ့ ငသိုင်းချောင်းမြို့ပေါ်က အခြေခံပညာ စာသင် ကျောင်းတွေကို စစ်ကောင်စီက ကျောင်းတက်ချိန်တိုးမြင့်သက်မှတ်လိုက်ပါတယ်။ ဇွန်လ ၁၇ ရက်ကစတင်ပြီးတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရက်သတ္တပတ်စာမိုးလေဝသခန့်မှန်းချက်

ဒီရက်သတ္တပတ်အတွက် ထူးခြားချက်ကတော့ ရွားသွန်းမယ့် မိုးရေချိန် ဖြစ်ပါတယ်။ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် ရက်အများစုမှာ မိုးရေချိန် ၂ လက်မခွဲအထိ ရွာသွန်းနိုင်တယ်လို့ မိုးဇလပညာ ရှင်တွေဆီက သိရပါတယ်။” ၂၄၊ဇွန်။ မိုးဇလ ပညာရှင် ဦးဝင်းနိုင်ကတော့ လတ်တလောကာလမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အိုင်သပြုမှာ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီဝင်ရောက်စီးနင်း

” လက်နက်ကိုင်စစ်ကောင်စီတပ်သားတွေဟာ အရပ်ဝတ်ကိုယ်စီနဲ့ ဘုရားကျောင်းထဲ ဝင် ရောက်လာပြီးတော့ရှာဖွေမှုတွေလုပ်ဆောင်ခဲ့တာပါ။” ၂၄၊ဇွန် ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ် ၊အိုင်သပြုရွာ အနီး လက်သမားကျေးရွာက ခရစ်ယာန်ဘုရားကျောင်းမှာ တော်လှန်ရေးအင်အားစုတွေရှိတယ်ဆိုပြီးတော့ စစ်ကောင်စီတပ်က ဇွန်လ ၂၀ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထောက်ခံစာပါမှ ငသိုင်းချောင်းမှာ ဈေးဝယ်ပါ ၊ ထောက်ခံစာ အလကား မရပါ

“ကုန်စိမ်းဘာညာ၊ အသီးအနှံတွေ ပါလာလို့ ဒါလေးစားချင်တယ်ဆိုရင် ပေးထားခဲ့ရသေးတာ” လို့လည်း ရေနံ့သာ ရွာခံက ပြောပါတယ်။ ၂၃၊ ဇွန် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ပုသိမ်-မုံရွာလမ်း အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာ နေထိုင်သူတွေဟာ ငါးသိုင်းချောင်းမြို့ပေါ်ကို  စျေးတက်ဝယ်ဖို့ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အိုမန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ပုသိမ်သူတဦး ဦးနှောက်သွေးကြောပေါက် သေဆုံး

အိုမန်နိုင်ငံရဲ့ ရာသီဉတုဟာ ပူပြင်းလွန်းနေပြီး လာမယ့် ဩဂုတ်လအထိ ဆက်လက်ပူပြင်းဖို့ရှိနေပြီး အနိမ့်ဆုံးအပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်။ ၂၂၊ဇွန်လ။ အိုမန်နိုင်ငံမှာ အိမ်အကူအဖြစ် လုပ်ကိုင်နေတဲ့ ပုသိမ်မြို့ တဖက်ကမ်းမှာ နေထိုင်တဲ့ မမိုးဝေဇင်ဟာ ဦးနှောက်သွေးကြောပေါက်ပြီး ဇွန်လ ၁၉ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေကြည်၊ လေးမျက်နှာ မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်ဆက်တိုက် အရပ်သားသေဆုံးမှုရှိ

“သူ့အမျိုးတွေဆီကို ဖုန်းဆက်မေးတာ ငိုသံပဲကြားလိုက်ရတယ် ၊ ဖုန်းက ဆက်ပြောမရတော့ဘူး။သူ့အမျိုးတွေ အသက်ရှင်ပုံရတယ်”လို့ ဇရစ်ရိုးစမ်းကနေ ဘေးလွတ်ရာကို စစ်ရှောင်နေသူတဦးက သူ့ရွာအခြေအနေကို ပြောပြပါတယ်။ ၂၂၊ဇွန်လ။ ဧရာဝတီတိုင်း၊ရေကြည်မြို့နယ် နဲ့ လေးမျက်နှာမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် ပူးပေါင်းအဖွဲ့တွေ အကြား [ဆက်လက်ဖတ်ရှုရန်]