No Picture
ဧရာဝတီတိုင်း

စစ်ရေးတင်းမာလာတဲ့ ဧရာဝတီတိုင်းမှာ နိုင်ကျဉ်းတွေကို ပိုမိုဖိနှိပ်လာနိုင်လို့ PPNM ပြော

  ဖေဖော်ဝါရီ၊ ၅ ဧရာဝတီတိုင်းမှာ စစ်ရေးတင်းမာလာနေလို့ စစ်ကောင်စီဟာ ဒေသတွင်း အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေကိုပိုမိုဖိနှိပ်မှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက ပြောပါတယ်။ လက်ရှိအချိန်မှာဆိုရင်ဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာလာတဲ့နောက်ပိုင်း ပုသိမ်အကျဉ်း ထောင်မှာ လုံခြုံရေးတင်းကြပ်မှုတွေရှိလာတယ်လို့လည်း [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

ငသိုင်းချောင်းမှာ မူလတန်းကျောင်းသူတဦး အဓမ္မကျင့်ခံရပြီးနောက် အသိပညာပေး ဟောပြောပွဲတွေပြုလုပ်

ဖေဖော်ဝါရီ၊ ၅ ဧရာဝတီတိုင်းရေကြည်မြို့နယ် ၊ ငသိုင်းချောင်းမြို့ မှာစတုတ္ထတန်း(Grade-4) ကျောင်းသူတဦးကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တာကြောင့် အသိပညာပေးဟောပြောတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ငသိုင်းချောင်းမြို့အပိုင် သောင်ရွာကနေ ငသိုင်းချောင်းမြို့ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ အခြေခံပညာအလယ်တန်းကျောင်းခွဲ(အလကခွဲ)ကျောင်းကို လာရောက်ပညာသင်ကြားနေတဲ့ G-4ကျောင်းသူတဦးဟာ တရွာတည်းနေထိုင်သူ အမျိုးသား [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

ဧရာဝတီသားတွေ ဇာတိမြေကို ထိုးဖောက်ဝင်ရောက်နေပြီလို့ NUG ကာကွယ်ရေးဝန်ကြီးပြော 

ဖေဖော်ဝါရီ၊ ၄ မြစ်ဝကျွန်းပေါ်သားတွေ (ဧရာဝတီတိုင်း) ဇာတိရပ်ထံပြန်ဝင်နေပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာ ကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်မှာ ပြောဆိုခဲ့ပါတယ်။ ဧရာဝတီတိုင်းဟာ တော်လှန်ရေးအရ ရေခံမြေခံကောင်းတဲ့အပြင် ဖက်ဆစ်တော်လှန်ရေးကာလတုန်းကလည်း [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

ရွှေသောင်ယံဒေသခံတွေ ထပ်မံစစ်ရှောင်ဖို့ ပြင်ဆင်နေ

ဖေဖော်ဝါရီ ၄ ဧရာဝတီတိုင်း ၊ ရွှေသောင်ယံမြို့အရှေ့ဖက် ကျောက်ချောင်းကြီးသစ်တောကြိုးဝိုင်းဖက်က လက်နက်ကြီး ပစ်ခတ်သံတွေ ကြားလာရတဲ့အတွက် ဒေသခံပြည်သူတွေဟာ ထပ်မံစစ်ဘေးရှောင်ဖို့ ပြင်ဆင်နေကြပါတယ်။ လက်နက်ကြီးသံတွေကို ဇန်နဝါရီလ ၃၀ ရက်စတင်ပြီးတော့ ရွှေသောင်ယံမြို့ပေါ်ကနေကြားလာရတာပါ။ ဖေဖော်ဝါရီလ ၃ ရက်နေ့ညမှာတော့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

တိုက်ပွဲတချို့ စတင်ဖြစ်ပွားလာတဲ့ ဧရာဝတီတိုင်းကို ရန်ကုန်က စစ်ယာဥ်တန်းတွေ စေလွတ်နေ

ဖေဖော်ဝါရီ၊ ၃ ရခိုင်ပြည်နယ်နဲ့ ထိစပ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဧရာဝတီတိုင်းကို ရန်ကုန်မြို့ဖက်ကနေ စစ်ယာဉ်တန်းတွေ စေလွတ်နေတယ်လို့ မျက်မြင်တွေ့ရှိသူတချို့က DNAကိုပြောပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ၃ရက်နံနက် ၉ နာရီအချိန်က ရန်ကုန်တိုင်းကနေ ဧရာဝတီတိုင်းဖက်ကို စစ်ကား ၈ စီးနဲ့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

ငသိုင်းချောင်းကျေးရွာတချို့မှာ စစ်မူထမ်းကင်းလွတ်ဖို့ လယ်ယာမြေပေါင်နှံ လစဥ်ကြေးပေးနေရ

ဖေဖော်ဝါရီ၊ ၃ ဧရာဝတီတိုင်း ၊ ငသိုင်းချောင်းမြို့အပိုင် ကျုံတာကျေးရွာအုပ်စုက စီးပွားရေးအဆင်မပြေတဲ့ပြည်သူ တချို့ဟာ စစ်မှုထမ်းမပါရှိရေးအတွက် လက်ငုတ်လက်ရင်းဖြစ်တဲ့ လယ်ယာမြေကိုပေါင်နှံပြီး အုပ်ချုပ် ရေးမှူးကို လစဉ်ကြေးပေးသွင်းနေရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ၂၀၂၄ ခုနှစ် မိုးရာသီက [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

သာပေါင်းစခန်းမှူးနဲ့အတူ အပစ်ခံရတဲ့ သံဃာတပါး ပျောက်ဆုံးနေ

ဖေဖော်ဝါရီ၊ ၂ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် ကျားခေါင်းရွာအနီးမှာ ဇန်နဝါရီလ ၂၈ ရက်က သာပေါင်းမြို့မ ရဲစခန်းမှူး ဝင်းနိုင်ဦးနဲ့အတူစနိုက်ပါပစ်ခတ်ခံရတဲ့ အဝါရောင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်း ( YGW )ကသံဃာတပါးကို လက်ရှိအချိန်အထိ ရှာမတွေ့သေးဘူးလို့ YGW အဖွဲ့နဲ့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

ဧရာရင်ခွင်ထဲပြန်တိုးဝင်လာနေတဲ့ လေးနှစ်သားနွေဦး

ဇန်နဝါရီ ၊ ၁ ရှေးတုန်းက မွန်သုံးရပ်ထဲက ဒေသတခုလို့ ရာဇဝင်မှတ်တမ်းတချို့ကဆိုတယ်။နောက် ကိုလိုနီခေတ်ရောက်တော့ ခရိုင်ကနေတိုင်းဖြစ်လာခဲ့။ရန်ကုန်၊ပဲခူးနဲ့ရခိုင်ဟာ သူ့နံဘေးက နီးနီးစပ်စပ်အိမ်နီးချင်းတွေ။ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တွေလည်းပါသပေါ့။မြန်မာပြည်ရဲ့ ဆန်အိုးကြီး။တနိုင်ငံလုံးက တိုင်းနဲ့ ပြည်နယ်တွေထဲ လူဦးရေအများဆုံးနေထိုင်ရာ ဒေသ။ “ရိုးသားကြိုးစား ဧရာဝတီသား”ဆိုတာ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

သာပေါင်းမြို့နယ်စစ်ရှောင်တွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

ဇန်နဝါရီ ၊ ၃၁ ဧရာဝတီတိုင်း ၊ သာပေါင်းမြို့နယ် ၊ ကျွန်းလျှားကြီးကျေးရွာအုပ်စု ၊ ကန်ချောင်းဒေသကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တချို့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတယ်လို့ ရခိုင်ရိုးမအနောက်ဘက်ခြမ်းကနေ သာပေါင်းမြို့နယ်ထဲကို လာရောက်စစ်ရှောင်နေသူတဦးက ပြောပါတယ်။ ကန်ချောင်းဒေသကို ရောက်ရှိနေတဲ့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

သာပေါင်းက စစ်ရှောင်ဖို့ကြိုးပမ်းတဲ့ ဒေသခံတချို့ ဖိအားပေးခြိမ်းခြောက်ခံရ

ဇန်နဝါရီ၊ ၃၀  အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ မြို့နဲ့ မိုင် သုံးဆယ်လောက် အကွာလောက်အထိ ရောက်လာနေတဲ့ ဧရာဝတီတိုင်း၊ သာပေါင်းမြို့ကနေ တိမ်းရှောင်ဖို့ကြိုးပမ်းတဲ့ ဒေသခံတချို့ကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဖိအားပေးခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။  “အထုပ်တွေ၊ ကားတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]