No Picture
ရခိုင်

ရခိုင်ရှိ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အားလုံးကို AA သိမ်းပိုက်

(စကခ-၅ကို သိမ်းပိုက်ပြီးတောင်ကုတ် တမြို့နယ်လုံးကိုထိန်းချုပ်) ဒီဇင်ဘာ၁၅  တောင်ကုတ်မြို့ရှိနောက်ဆုံးလက်ကျန် စစ်ကောင်စီရဲ့ အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ် စကခ-၅ကို  အာရက္ခတပ်တော် ( AA)က သိမ်းပိုက်လိုက်ပြီး မြို့နယ်တခုလုံးကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တဦးကပြောပါတယ်။ မနေ့က ဒီဇင်ဘာလ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

တောင်ကုတ်တမြို့နယ်လုံးကို သိမ်းပိုက်နိုင်တော့မယ့် AA

ဒီဇင်ဘာ ၁၃ အာရက္ခတပ်တော်(AA)က အပြင်းအထန်ထိုးစစ်ဆင်နေပြီး တောင်ကုတ်မြို့နယ်က စစ်ကောင်စီနောက်ဆုံးလက်ကျန်စခန်းတွေဖြစ်တဲ့ အမှတ်-၅ စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ် စကခ-၅နဲ့ တပ်စခန်းတချို့ကို မကြာခင် သိမ်းပိုက်နိုင်တော့မှာဖြစ်ပြီး မြို့နယ်တခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်တော့မယ်လို့ စစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။ AAက ပိတ်ဆို့တိုက်ခိုက်နေတဲ့ စကခ-၅ ဌာနချုပ်အနေနဲ့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီအရှိုက်ကို ထိုးနှက်ခဲ့တဲ့ နခခ-၅စခန်းသိမ်းတိုက်ပွဲ 

ဒီဇင်ဘာ၊ ၁၁ မြန်မာ -ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းတခုဖြစ်ပြီး အင်အားအခိုင်အမာနဲ့ ခုခံနေတဲ့ အမှတ်-၅ နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့ခွဲ နခခ-၅ တပ်စခန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်တာက အာဏာသိမ်းစစ်ကောင်စီကို အရှိုက်ထိုးနှက် အရှက်ရစေခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်လလောက်ကတည်းက AAက [ဆက်လက်ဖတ်ရှုရန်]

No Picture
စစ်ရေး

မြို့နယ်လေးခု ထပ်သိမ်းပိုက်နိုင်ဖို့ နီးစပ်နေတဲ့ AA

ဒီဇင်ဘာ ၊ ၇   အာရက္ခတပ်တော်(AA) အပြင်းအထန်ထိုးစစ်ဆင်နေတဲ့ မြို့နယ်လေးခုကို စစ်ကောင်စီအနေနဲ့ အလုံးစုံလက်လွတ်ရဖို့ အနီးစပ်ဆုံးအခြေအနေရောက်ရှိနေပြီဖြစ်ပါတယ်။ AAက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက် အမ်းမြို့နယ် ၊အမှတ်၅စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ် (စကခ-၅)တည်ရှိရာ တောင်ကုတ်မြို့နယ်၊ ရခိုင်တောင်ပိုင်းအစွန်ဆုံးဂွမြို့နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်တို့ကို အပြင်းအထန်ထိုးစစ်ဆင်နေတာပါ။ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဆောင်းပါး

တနှစ်ပြည့်အနောက်ဖက်စစ်မြေပြင်နဲ့ အလားအလာ

 အောက်တိုဘာ၊ ၁၃ တကျော့ပြန်ရခိုင်စစ်ပွဲစတင်ခဲ့တာ ဒီကနေ့နိုဝင်ဘာလ ၁၃ရက်မှာ တနှစ်ပြည့်မြောက်ခဲ့ပါပြီ။ ၁၀၂၇စစ်ဆင်ရေးအဖြစ် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက စစ်ကောင်စီကို ရှမ်းမြောက်ဒေသမှာ ထိုးစစ်ဆင်ပြီး တလလောက်အကြာမှာ ရခိုင်တကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ AAက ရသေ.တောင်မြို့နယ်မောင်တော-အငူမော်ကားလမ်းရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒုံးပိုက်နဲ့ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းတွေကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ၁၃ရက်မှာ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

နပခအခြေစိုက်အမ်းမြို့မှာ စစ်ကောင်စီရဟတ်ယာဥ်တစီး ပစ်ခတ်ခံရ

နိုဝင်ဘာ၊ ၁၁ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်အမ်းမြို့မှာ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်တစ်စီးကို AAက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။ မနေ့ကနိုဝင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းမှာ   လက်နက်ခဲယမ်းတွေ လာရောက်ပို့ဆောင်ပြီး အပြန် AAကပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

AAထိန်းချုပ် မြို့နှစ်မြို့ကိုစစ် ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး၊ သံဃာတပါးအပါ ငါးဦးဒဏ်ရာရ

နိုဝင်ဘာ၊ ၁၀ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ သံတွဲမြို့ကို စစ်ကောင်စီလေကြောင်းကတိုက်ခိုက်ခဲ့လို့ အရပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်၊ နံနက် ၃ နာရီကျော်မှာ အမှတ်၈ရပ်ကွက်နဲ့ အံတော်တံတားအနီးကို လေကြောင်းကဗုံးကြဲခဲ့တာလို့ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

No Picture
ရခိုင်

အမ်းနဲ့ဂွမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

နို၀င်ဘာ၊ ၇ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိရာ အမ်းမြို့နယ်နဲ့ ဂွမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော်(AA)က ဆက်လက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အမ်းမြို့နယ်အတွင်းရှိ ခမရ ၃ရ၁ ၊ စစ်လက်နက်သိုလှောင်ရေးတပ် COD နဲ့ ဂွမြို့အနီးရှိ ပုဂံတောင်စခန်းနဲ့တိုင်ကျိုးရွာစခန်းတွေကို နို၀င်ဘာ [ဆက်လက်ဖတ်ရှုရန်]

No Picture
ရခိုင်

အမ်းမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သားဆယ်ဦးထက်မနည်း သေဆုံး

အောက်တိုဘာ ၃၀ AAထိုးစစ်ဆင်နေတဲ့အမ်းမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ကလေးငယ်တွေ အပါအဝင် အရပ်သား ဆယ်ဦးထက်မနည်းသေဆုံးပြီး ဆယ်ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ မနေ့ကအောက်တိုဘာလ ၂၉ ရက် ညနေပိုင်းမှာ လေကြောင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီး လေယာဉ်ကွင်းရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်စတဲ့နေရာတွေမှာကျရောက်ပေါက်ကွဲခဲ့တာလို့သတင်းရင်းမြစ်တဦးကပြောပါတယ်။ “ကလေးတွေရောအမျိုးသမီးတွေရောသေတယ် [ဆက်လက်ဖတ်ရှုရန်]

No Picture
ရခိုင်

အရေးပါနေတဲ့ အမ်းမြို့သိမ်းတိုက်ပွဲ

အောက်တိုဘာ၊ ၂၉ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အခြေစိုက် အမ်းမြို့ကို အာရက္ခတပ်တော်(AA)က ပိတ်ဆို့ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ လတ်တလော မြေပြင်သတင်းတွေအရလည်း နပခဝန်းကျင် တပ်စခန်းတချို့ကို AAက သိမ်းပိုက်ထားပြီလို့ သိရပေမယ့် AAကတော့ တစုံတရာ ထုတ်ပြန်တာ  မရှိသေးပါဘူး။ [ဆက်လက်ဖတ်ရှုရန်]