နိုင်ငံရေး

လောင်းလုံးမှာ ဒီချုပ်ပါတီဝင် တဦးအပါအဝင် နှစ်ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး

အောက်တိုဘာ၊ ၂၇   တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မင်းရပ်ရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) ပါတီဝင် အမျိုးသားတဦး အပါအဝင် ရွာခံနှစ်ဦး စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက်၊မနေ့က နေ့လယ်ပိုင်းက ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထိုင်းနိုင်ငံက စက်ရုံတရုံက မြန်မာလုပ်သားတွေကို လစာမပေးဘဲ အလုပ်ထုတ်ပစ်တာမျိုး လုပ်နေ

အောက်တိုဘာ၊ ၂၇   ထိုင်းနိုင်ငံ၊ ချွန်ပူရီမြို့က သံထုတ်လုပ်တဲ့ CNA Inter Coating ကုမ္ပဏီ စက်ရုံဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အလုပ်ခန့် ပြီး လစာပေးရမယ့်အချိန်မှာ မပေးဘဲ အလုပ်ထုတ်ပစ်တာ၊ ငွေကြေးအနည်းငယ်သာ ပေးတာမျိုးတွေ လုပ်နေတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

“ငါတို့ကို အိပ်မက်မက်ခွင့်မပေးရင် မင်းတို့ကို အိပ်စက်ခွင့်မပေး” ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်

အောက်တိုဘာ၊ ၂၇ စစ်ကောင်စီ စစ်ဆေးတင်းကျပ်မှုတွေ ရှိနေတဲ့ ရန်ကုန်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်က ရန်ကုန်တော်လှန်ရေးအင်အားစုက လူငယ်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်လာပါတယ်။ စစ်အာဏာသိမ်းထားတာ ရက်ပေါင်း ၁၀၀၀ ကြာမြင့်ချိန်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ဆင်ရေး ၁၀၂၇ မှာ BPLA စစ်ကြောင်းတွေ ပါဝင်တိုက်ခိုက်

အောက်တိုဘာ ၊ ၂၇   မြောက်ပိုင်းသုံးဖွဲ့လို့ လူသိများတဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နဲ့ ရခိုင့်တပ်တော် (AA) တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကြောင်း နှစ်ကြောင်းနဲ့ ပါဝင်တိုက်ခိုက်နေတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ညီနောင်သုံးဖွဲ့နဲ့အတူ “တောင်သမန်စစ်ဆင်ရေး” ကို မန္တလေး PDF စတင်

အောက်တိုဘာ၊ ၂၇   မြောက်ပိုင်းသုံးဖွဲ့လို့ လူသိများတဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နဲ့ ရခိုင့်တပ်တော် (AA) တို့ရဲ့ စစ်ဆင်ရေးကို ထောက်ခံတဲ့အနေနဲ့ တောင်သမန်စစ်ဆင်ရေးကို စတင်လိုက်တယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF)တာဝန်ရှိသူထံ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမြို့ပေါ်မှာ အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံရလို့ သေဆုံး

အောက်တိုဘာ၊ ၂၇   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်က စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတဦးကို အောက်တိုဘာ ၂၆ ရက်၊ မနေ့က နေ့လယ် ၂ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့တခုက ပစ်ခတ်လို့ သေဆုံးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကော့ကရိတ်မြို့မှာလည်း စစ်ကောင်စီတပ် ထိုးစစ်ဆင်ခံနေရ

အောက်တိုဘာ၊ ၂၇   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို ဒီကနေ့ မနက် ၅ နာရီခွဲလောက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ မြို့ခံတွေက ပြောပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာသိမ်းမှု အသိအမှတ်မပြုတဲ့ နိုင်ငံတွေ စံနှစ်မျိုးကျင့်သုံးတာလို့ စစ်ခေါင်းဆောင်ဝေဖန်

အောက်တိုဘာ၊ ၂၇   ၂၀၀၈ အခြေခံဥပဒေအရ ကျင်းပတဲ့ ရွေးကောက်ခံအစိုးရတွေကို အသိအမှတ်ပြုခဲ့ပေမယ့် စစ်ကောင်စီကိုတော့ အသိအမှတ်မပြုတဲ့ နိုင်ငံတွေဟာ ရှေ့နောက်မညီဘဲ စံနှစ်မျိုး ကျင့်သုံးတာဖြစ်တယ်လို့အာဏာသိမ်းစစ်ခေါင်း ဆောင်မင်းအောင်လှိုင်က ဝေဖန်ပြောဆိုပါတယ်။   ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြောက်ပိုင်းညီနောင်သုံးဖွဲ့က ရှမ်းမြောက်မှာ တပြိုင်တည်း ထိုးစစ်စတင်

  အောက်တိုဘာ၊ ၂၇   မြောက်ပိုင်းသုံးဖွဲ့လို့ လူသိများတဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နဲ့ ရခိုင့်တပ်တော် (AA) တို့ဟာ ဒီကနေ့မနက် လေးနာရီမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အများစုက စစ်ကောင်စီတပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲဖြစ်ခဲ့တဲ့ ကျောက်စိမ်းကုမ္ပဏီဝင်းထဲ ကျောက်လာယူသူတွေကို တပ်က ပစ်ခတ်ဖြိုခွင်း

အောက်တိုဘာ၊ ၂၆   ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး နမ္မဖြစ်ရွာရှိ မြန်မာသူရ ကျောက်စိမ်းကုမ္ပဏီ ဝင်းအတွင်းမှ ကျောက်တွေလာယူနေကြသူတွေကို စစ်ကောင်စီတပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းလို့ ထွက်ပြေးခဲ့ကြရသလို ကားနဲ့ ဆိုင်ကယ်ရာချီလည်း ကျန်နေခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။   [ဆက်လက်ဖတ်ရှုရန်]