ဘုန်းကြီးကျောင်းမှာစုထားတဲ့ ရွာအပိုင်ရိက္ခာကို အကြမ်းဖက်စစ်တပ် လုယက်
၁၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ ပုလဲမြို့နယ်၊နဂါးမတောင်ရွာ ဘုန်းကြီးကျောင်းမှာစုဆောင်းထားတဲ့ရွာအပိုင် ဆန်နဲ့ဆီတို့ကို အကြမ်းဖက်စစ်တပ် ကလာရောက်လုယက်သွားတယ်လို့သိရပါတယ်။ ယမန်နေ့မနက်၉နာရီကျော်လောက်မှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရောက်လာပြီး ဆန်တင်း၃၀၊စားဆီပိဿ၃၀နဲ့ တခြားစားစရာတွေကို လာလုယက်သွားတယ်လို့ ဒေသခံပြောက်ကျားရဲဘော်တစ်ဦးကပြောပါတယ်။ ‘ကျွန်တော်တို့ပုလဲမြေပြန့်ရွာတွေက နဂါးမတောင်ရွာကိုလှူထားတဲ့ပစ္စည်းတွေပါ။ရွာသားတွေက ရွာမှာမနေရဲလို့ ထွက်ပြေးနေရတာဆိုတော့ ဘုန်းကြီးကျောင်းမှာ ရွာအပိုင်ပစ္စည်းတွေထားခဲ့တာ။’လို့သူကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]