နိုင်ငံရေး

ဟုမ္မလင်းက ပျူစောထီးတရာကျော် လက်နက်ချတယ်လို့ NUGအသိပေး

ဧပြီ၊ ၈ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းကပျူစောထီးရွာလေးရွာ ဒီကနေ့မနက်အစောပိုင်းကလက်နက်ချခဲ့ပြီး စုစုပေါင်း ပျူစောထီး ၁၂၀လောက်အညံ့ခံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်ကထုတ်ပြန်အသိပေးပါတယ်။ ဟုမ္မလင်းမြို့နယ်တောင်ခြမ်းမှာရှိတဲ့ ကျွန်းကုန်းရွာမှာအခြေချနေတဲ့ ပျူစောထီးရွာလေးရွာ ပူးပေါင်းအင်အား ၁၂၀လောက်ကို ပြီးခဲ့တဲ့လကုန်ပိုင်းကစလို့ ဆယ်ရက်ကြာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက်အခုလိုလက်နက် ချအညံ့ခဲ့လာတာလို့ဖော်ပြထားပါတယ်။ ပျူစောထီးတွေလက်နက်ခဲ့အပြီး ကျွန်းကုန်းရွာတိုက်ပွဲကနေလက်နက်မျိုးစုံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ထိခိုက်၊ သေဆုံးရသူတွေ ဆက်တိုက်ရှိနေ

ဧပြီ၊ ၈   ရခိုင်ပြည်နယ်မှာ စစ်ကျန်လက်နက်တွေနဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်၊ သေဆုံးရတဲ့ အရပ်သားပြည်သူတွေ ဆက်တိုက်ရှိနေတာကြောင့် ရှင်းလင်းရေးလုပ်ငန်းတွေ စနစ်တကျလုပ်ပေးဖို့ ဒေသခံတွေက တောင်းဆိုကြပါတယ်။   ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအတွင်းရှိ စစ်ကောင်စီတပ်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှုကြုံတွေ့နေရပြီး ရေမသန့်လို့ နာမကျန်းဖြစ်သူတွေ ရှိလာ

ဧပြီ၊ ၇   စစ်ဘေးရှောင်ဒုက္ခသည် သုံးသိန်းခွဲကျော်ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့နေကြရပြီဖြစ်ပြီး တချို့စစ်ရှောင်စခန်းတွေမှာ ရေမသန့်လို့ အရေပြားနဲ့ ဝမ်းရောဂါဖြစ်ပွားသူတွေလည်း ရှိနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေနဲ့ စစ်ရှောင်တွေက ပြောပါတယ်။   စစ်ဘေးရှောင်တွေအများစု ရှိနေတဲ့ ပုဏ္ဏာကျွန်း၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်ထိုက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာသုံးခုကို ပူးပေါင်းအဖွဲ့တိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုရှိ

ဧပြီ၊ ၇   မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာသုံးခုကို မနေ့ ကဧပြီလ ၆ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။   “မုပ္ပလင်လမ်းဆုံဂိတ်နားပတ်ပတ်လည်မှာ တပ်စွဲထားတဲ့နေရာမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

AA ထိုးစစ် မြို့ပေါ်ထိ ရောက်လာတဲ့ မောင်တောမှာ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတချို့ ထွက်ပြေး

ဧပြီ ၆  ရက္ခိုင့်တပ်တော်(AA)ရဲ့ ထိုးစစ်တွေ မြို့ပေါ်အထိ ရောက်လာတဲ့ မောင်တောမြို့နယ်မှာ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတချို့ဟာ မြို့ကိုစွန့်ခွာ ထွက်ပြေးသွားခဲ့ကြတယ်လို့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းအသိုင်းအဝိုင်းဆီ ကသိရပါတယ်။ မောင်တောမြို့ပေါ်မှာ ရုံးစိုက်နေထိုင်တဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေဦးအပါအဝင် သူ့ရဲ့လက်အောက်ခံ ဝန်ထမ်းတချို့ဟာ မနေ့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နွေဦးဘဏ် ပထမဆုံးခြောက်လအတွင်း ဒေါ်လာသုံးသိန်းနီးပါး အမြတ်ရ၊ရှယ်ယာပိုင်ဆိုင်သူတွေကိုအမြတ်ဝေစုပြန်ခွဲပေးမယ်လို့အသိပေး

ဧပြီ ၊ ၆ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG က ထူထောင်ထားတဲ့ နွေဦးဖွံ့ဖြိုးတိုးတက်ရေးဘဏ် SDB Bank ရဲ့ ပထ မဆုံးခြောက်လအတွင်း အမေရိကန်ဒေါ်လာ သုံးသိန်းနီးပါး အမြတ်အစွန်းရခဲ့ တယ်လို့ အဲ့ဒီဘဏ်က ထုတ် ပြန် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပခုက္ကူကနေ ချင်းတောင်ပေါ်တက်မယ့် စစ်ယာဉ်တန်း တိုက်ခိုက်ခံရလို့ ပေါက်မြို့နယ်မရောက်မီ ကားရှစ်စီးပျက်စီး

ဧပြီ၊ ၅   မကွေးတိုင်း ပခုက္ကူမြို့ကနေ ချင်းတောင်ပေါ်အထိ ရိက္ခာသွားပို့မယ့် စစ်ကောင်စီယာဉ်တန်းကို ပခုက္ကူ-ကမ္မ-ပေါက်လမ်းပိုင်းပေါ်မှာ တိုက်ခိုက်မှုတွေလုပ်ခဲ့ရာမှာ စစ်ကောင်စီဘက်ကအထိနာပြီး ယာဉ်တန်းထဲက ကားရှစ်စီးမီးလောင်ပျက်စီးသွားတယ်လို့ ပခုက္ကူခရိုင် PDFတပ်ရင်း-၁၃ က ထုတ်ပြန်ပါတယ်။   အဲ့ဒီစစ်ကောင်စီရိက္ခာပို့ယာဉ်တန်းကို မတ်လ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးမှာ လ၀ကရုံး ဗုံးပေါက်ကွဲ၊ နှစ်ဦး သေဆုံး

ဧပြီ၊ ၅   မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်ရှိ မဟာအောင်မြေခရိုင် လူဝင်မှု ကြီးကြပ်ရေးရုံး (လ.၀.က) မှာ ဒီကနေ့ နေ့ လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်လို့ လူနှစ်ဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သင်္ဃန်းညီနောင် အခြေချဗျူဟာနဲ့ ခမရ ၃၅၇ တို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ဧပြီ၊ ၅   ကရင်ပြည်နယ် မြဝတီမြို့အနောက်ဘက် ခုနစ်မိုင်ဝန်းကျင်အကွာက သင်္ယန်းညီနောင်အခြေစိုက် စစ်ကောင်စီ အခြေချ စစ်ဗျူဟာ(စဗခ)နဲ့ ခမရ ၃၅၇ တို့ကို KNLA ပူးပေါင်းတပ်တွေက ဒီကနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးမြို့ မဟာဓာတ်အားလိုင်းနဲ့ မလွတ်လို့ဆိုပြီး နေအိမ်တရာဝန်းကျင်ကို စတင်ဖယ်ရှား

ဧပြီ၊ ၅   မန္တလေးမှာ မဟာဓာတ်အားလိုင်း ဧရိယာနဲ့ မလွတ်လို့ဆိုပြီး ဖယ်ရှားဖို့ သတိပေးခံထားရတဲ့ နေအိမ် ထောင်ဂဏန်းထဲက အိမ်တရာလောက်ကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းမှာ စတင်ဖျက်ဆီးဖယ်ရှားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။   “စာထုတ်ထားတယ်ဆိုပေမယ့် တချို့ကလည်း [ဆက်လက်ဖတ်ရှုရန်]