နိုင်ငံတကာရေးရာ

ဆန္ဒပြထရပ်ကားတွေထွက်ခွာဖို့ ကနေဒါရဲကသတိပေးပြီးနောက် တင်းမာမှုတွေမြင့်တက်လာ

၁၈ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၂ ။ ကနေဒါနိုင်ငံအော်တာဝါမြို့တော်မှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ကန့်ကွက်တဲ့ ဆန္ဒပြထရပ်ကားယာဥ်မောင်း‌တွေ ချက်ချင်းမထွက်ခွာရင် အဖမ်းခံရမယ်လို့ မြို့တော်ရဲတပ်ဖွဲ့က သတိပေးခဲ့ပါတယ်။ ရက်သတ္တသုံးပတ်ကြာ ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပြီး တခြားနေရာတွေမှာ ဆန္ဒပြသူတွေကို ဖယ်ရှားနိုင်ခဲ့ပေမယ့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘရာဇီးမှာ ရေကြီးမြေပြိုလို့ လူတရာကျော်သေဆုံး

ဘရာဇီးနိုင်ငံ ရီယိုဒီဂနေးရိုးပြည်နယ်မှာ မိုးများကြီး ရေကြီးမြေပြိုလို့ လူ ၁၀၄ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာ ပြောပါတယ်။ ဆိုးရွားတဲ့ရာသီဥတုအခြေအနေကြောင့် အိမ်ပေါင်း ၅၄လုံးထက်မနည်း ပျက်စီးခဲ့ပြီး လူပေါင်း ၃၇၀ ကျော် ဘေးလွတ်ရာရွေ့ပြောင်းခဲ့ကြရပါတယ်။ ဒီဒေသမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီသီယိုးပီးယားလွှတ်တော်က အ‌ရေးပေါ်အခြေအနေရုတ်သိမ်းကြောင်းဆုံးဖြတ်

အီသီယိုးပီးယားအစိုးရကို တီဂရေးတပ်ဖွဲ့တွေကတိုက်ခိုက်ပြီး သူတို့ရဲ့မဟာမိတ်တွေက မြို့တော် အဒိစ်အဘာဘားကို ချဥ်းကပ်လာကြတာ‌ကြောင့် နိုဝင်ဘာလဆန်းပိုင်းက ချမှတ်ထားခဲ့တဲ့ခြောက်လကြာအရေးပေါ် အခြေအနေကြေညာမှုကို အီသီယိုးပီးယားလွှတ်တော်က ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ ပြန်လည်ရုတ်သိမ်းပေးခဲ့ပါတယ်။ တီဂရေးတပ်ဖွဲ့တွေက အခိုင်အမာခြေကုပ်ယူထားတဲ့နိုင်ငံမြောက်ပိုင်းဆီ ပြန်လည်ဆုတ်ခွာခဲ့တဲ့နောက် ဝန်ကြီးချုပ်အဘီအာမတ်က အရေးပေါ် အခြေအနေရုတ်သိမ်းပေးဖို့ အဆိုပြုခဲ့တဲ့တာကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟွန်ဒူးရပ်စ်သမ္မတဟောင်း ဖမ်းဆီးခံရပြီး တရားရင်ဆိုင်ရမယ်

၂၀၁၄ ခုနှစ်ကနေ ပြီးခဲ့တဲ့လအထိ ဟွန်ဒူးရပ်စ်သမ္မတဖြစ်ခဲ့တဲ့ ဟွမ်အော်လန်ဒို ဟာနန်ဒက်စ်ဟာ အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်ကြောင့် ဖမ်းဆီးခံခဲ့ရပြီး ဖေဖော်ဝါရီလ ၁၆ ရက်မှာ တရားခွင်မှာ အမှုရင်ဆိုင်ရဖို့ ရှိပါတယ်။ သူ့ကို မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဖဂန်နစ္စတန်နိုင်ငံရဲ့ တာလီဘန်အုပ်ချုပ်မှုခြောက်လအတွင်း ပိုကျပ်တည်းလာ

တာလီဘန်တွေရဲ့လက်အောက် ကျရောက်ခဲ့တဲ့ နှစ်ဝက်ကာလအတွင်း အာဖဂန်နစ္စတန်မှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကလောက်  အကြမ်းဖက်မှုတွေ မတွေ့ရတော့ပေမယ့် နိုင်ငံစီးပွားရေး ကျဆင်းမှုကို ရင်ဆိုင်နေရပါတယ်။ သောင်းချီတဲ့ လူလတ်တန်းပညာတတ် အာဖဂန်ပြည်သူတွေဟာ နေအိမ်တွေကနေ တိမ်းရှောင်ပြေးလွှားနေကြရပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေကလို အမျိုးသမီးတွေကို ကျောင်းတက်ခွင့်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နယူးဇီလန်မှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ကန့်ကွက်ဆန္ဒပြ

နယူးဇီလန်နိုင်ငံမှာ မဖြစ်မနေ မျက်နှာဖုံးတပ်ဖို့နဲ့ ကာကွယ်ဆေးထိုးဖို့ သတ်မှတ်ချက်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ လူရာပေါင်းများစွာဟာ အစည်းအဝေးတွေ ပြန်လည်ကျင်းပခါစ လွှတ်တော်အဆောက်အအုံနားမှာ မော်တော်ယာဉ်တွေနဲ့ စီတန်းလှည့်လည် ဆန္ဒပြနေကြပါတယ်။ ပါးစပ်နဲ့နှာခေါင်းစည်း ဝတ်ဆင်ထားခြင်းမရှိတဲ့ ဆန္ဒပြသူတွေဟာ နိုင်ငံတစ်ဝန်းက ကားတွေနဲ့ ရောက်ရှိလာကြတာဖြစ်ပြီး လွှတ်တော်ရှေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပြင်သစ်သမ္မတနဲ့ ဆွေးနွေးမှု ရှေ့ဆက်လုပ်ဆောင်ဖို့ စိတ်ကူးကောင်းတွေရနိုင်တယ်လို့ ပူတင်ပြော

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ကရင်မလင်ကို သွားရောက်တွေ့ဆုံပြီးနောက်မှာ ရုရှားသမ္မတ ပူတင်က ဒီတွေ့ဆုံမှုဟာ အသုံးဝင်ပြီး တချို့ ဆွေးနွေးချက်တွေအရ ရှေ့ဆက်လျှောက်လှမ်းရနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ယူကရိန်းနယ်စပ်တလျှောက် ရုရှားရဲ့ တပ်ဖြန့်ချထားမှုတွေကြောင့် ရုရှားနဲ့ အနောက်အုပ်စုနိုင်ငံတွေကြား တင်းမာမှုတွေ ပေါ်ပေါက်နေခဲ့ချိန်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လစ်ဗျားလွှတ်တော်က ဝန်ကြီးချုပ်အသစ် ရွေးချယ်ခန့်အပ်ဖို့ရှိ

အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ဝန်ကြီးချုပ်အသစ်တစ်ယောက်ကို လစ်ဗျားလွှတ်တော်က ရွေးချယ်ခန့်အပ်မယ်လို့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း အဗ္ဗဒူလ်ဟာမစ် ဒဘီဘာ နေရာမှာ အစားထိုးခန့်အပ်ဖို့ နာမည်စာရင်း တင်သွင်းထားသူ နှစ်ဦးထဲမှာ ပြည်ထဲရေး ဝန်ကြီးဟောင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားသမ္မတပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တရုတ်နိုင်ငံမှာ တွေ့ဆုံ

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော် ဖွင့်ပွဲကို ရုရှားသမ္မတပူတင် တက်ရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတနှစ်ဦး တွေ့ဆုံရာမှ တရုတ်နိုင်ငံနဲ့ မျှော်လင့်တွက်ဆမထားရလောက်အောင် နီးကပ်တဲ့ ဆက်ဆံရေးရှိကြောင်း ပူတင်က ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဖဂန်နစ္စတန်ဘဏ်မှာ ကုလသမဂ္ဂပိုင် ဒေါ်လာသန်းချီပိတ်မိနေပြီး ထုတ်မရဖြစ်နေ

အာဖဂန်နစ္စတန်ဘဏ်မှာ အပ်နှံထားတဲ့ ကုလသမဂ္ဂ ရန်ပုံငွေဒေါ်လာ ၁၃၅ သန်းခန့်ဟာ တာလီဘန်အစိုးရက ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က အာဖဂန်ငွေကြေးနှင့် ဖလှယ်မပေးနိုင်တဲ့အတွက် ထုတ်ယူမရဖြစ်နေကြောင်း ကုလသမဂ္ဂအရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ဗဟိုဘဏ်က အာဖဂန်ငွေကြေးနဲ့ ဖလှယ်ပေးပါမယ်ဆိုတဲ့ကတိကြောင့် [ဆက်လက်ဖတ်ရှုရန်]