နိုင်ငံတကာရေးရာ

Wagner အဖွဲ့ခေါင်းဆောင်ဟာ သေလူ ဖြစ်သွားပြီလို့ နိုင်ငံရေး သုတေသီတဦး သုံးသပ်

ဇွန်၊ ၂၆ Wagner ကြေးစား တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ယက်ဗ်ဂျီနီ ပရီဂေါ့ဇင်ဟာ သူဦးဆောင်ခဲ့တဲ့ ပုန်ကန်မှုကြောင့် သေလူဘဝ ရောက်နှင့်နေပြီလို့ ဥရောပ-အာရှ နိုင်ငံရေး သုတေသီ တဦးက မှတ်ချက် ပေးခဲ့ပါတယ်။ ရုရှား ထိပ်တန်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ဖိနပ်အောက် ဒူးမထောက်ခဲ့သူ (သို့မဟုတ်) ဆလိုင်းတင်မောင်ဦး

ဇွန်၊ ၂၆   “ သူ့ရဲ့ ရုပ်ခန္ဓာ မရှိတော့ပေမယ့် သူ့ရဲ့နိုင်ငံရေးခံယူချက်၊ ဂုဏ်ပုဒ်နဲ့ သူ့ရဲ့နာမည်ဟာ ဘယ်တော့မှ မသေပါဘူး ” လို့ ဆလိုင်းထက်နီက ပြောတယ်။   ဆလိုင်းထက်နီဟာ လက်ရှိနွေဦးတော်လှန်ရေးကာလ ချင်းတောင်တန်းပေါ်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့၊ မှန်တောရွာက နေအိမ်ဆယ်လုံးကျော်ကို စစ်တပ်နဲ့ပျူစောထီးတွေ မီးရှို့

ဇွန်၊ ၂၆   စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း မှန်တောကျေးရွာကို မကွေးတိုင်း၊ ဂန့်ဂေါနယ်မြောက်ပိုင်းအစွန် ဟံဟာဝတီကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အဖွဲ့ဝင်တွေက ဇွန်လ ၂၅ ရက် မနေ့က မနက်ပိုင်းကလာရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုသိမ်ထောင်သစ် ဆောက်ဖို့ ဒေသခံ တောင်သူတွေရဲ့ မြေယာတွေကို သိမ်းဆည်းခံရတယ်လို့ဆို

ဇွန်၊ ၂၆   ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ပုသိမ်ထောင်သစ်ဆောက်ဖို့ဆိုပြီး စစ်ကောင်စီက ဒေသခံတွေရဲ့ လယ်ယာမြေတွေနဲ့ ဥယာဉ်ခြံမြေ ဧက ၇၀၀ ကျော်ကို သိမ်းဆည်းလိုက်တယ်လို့ မြေယာသိမ်းဆည်းခံရသူတွေနဲ့ ဒေသခံတွေက ပြောဆိုပါတယ်။ ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာ နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပုန်ကန်မှု ကြုံခဲ့တဲ့ ရုရှား အစိုးရဖက်က အပြည့်အဝ ထောက်ခံကြောင်း တရုတ် ထုတ်ပြန်

ဇွန်၊ ၂၆ နိုင်ငံ တည်ငြိမ်ရေးအတွက် ရုရှားအစိုးရရဲ့ ရွေးချယ် အားထုတ်မှုတိုင်းကို ထောက်ခံ ရပ်တည်သွားမယ်လို့ တရုတ် အစိုးရက သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတ ဗလာဒီမာ ပူတင် ကြီးစိုးခဲ့တဲ့ သက်တမ်းတလျှောက် သူ့ရဲ့ အာဏာစက်ကို [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ငွေသုံးပြီး အင်အားမဖြည့်ရင် အောင်မြင်မှုတွေ ရနိုင်မှာ မဟုတ်ဘူးလို့ အာဆင်နယ် မန်နေဂျာပြော

ဇွန်၊ ၂၆ အာဆင်နယ် အနေနဲ့ အောင်မြင်မှု ဆုဖလားတွေကို အမှန်တကယ် အလိုရှိတယ်ဆိုရင် အသင်းအင်အားကို ငွေကုန်ကြေးကျခံ ဖြည့်တင်းဖို့ လိုလိမ့်မယ်လို့ မန်နေဂျာ မစ်ကယ် အာတီတာက သတိပေး ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဆော်ဒီကလပ် အယ်လ်ဟီလယ်ဆီ ပြောင်းရွှေ့သွားတဲ့ ချဲလ်ဆီး နောက်ခံလူ ကူလီဘာလီ

ဇွန်၊ ၂၆ ချဲလ်ဆီး အသင်းရဲ့ နောက်ခံလူ ကာလီဒူ ကူလီဘာလီဟာ အခုနွေရာသီမှာ ဆော်ဒီအာရေးဘီးယား ဘောလုံးလောကဆီ ကူးပြောင်းခြေချတဲ့ နောက်ဆုံး ဥရောပ အခြေစိုက် ကြယ်ပွင့် ကစားသမား ဖြစ်လာပါပြီ။ အသက် ၃၂ နှစ်အရွယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကိုင်းမြို့နယ်ထဲက PDF စခန်းနှစ်ခု စီးနင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၁၂ဦးကျဆုံး

ဇွန်၊​၂၅   စစ်ကိုင်းမြို့နယ်ထဲက PDF စခန်းနှစ်ခုကို ဒီကနေ့ ဇွန်လ၂၅ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော် ၁၂ဦး ကျဆုံးသလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းခံလိုက်ရတယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။ စစ်ကိုင်းမြို့နယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေးမြို့နယ်က ကျေးရွာတရွာမှာ စစ်ကောင်စီက လေကြောင်းကတိုက်လို့ အရပ်သားထိခိုက်သေဆုံးမှုရှိ

ဇွန်၊ ၂၅   မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း နှစ်ကရင်ကျေးရွာမှာ ဒီကနေ့ နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေထံမှ သိရပါတယ်။   “ အခု ရထားသလောက်ဆို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် PDF တဦးကျဆုံးပြီး လေးဦးဒဏ်ရာရ

ဇွန်၊ ၂၅   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကန်သာယာရွာ (မြောက်ရွာ) ကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တဦး ကျဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]