နိုင်ငံရေး

ပုလောမှာ မူးယစ်ဆေး ရောင်းချနေသူတဦးကို စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းမိတယ်လို့ PDF ပြော

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာမှာ ဇူလိုင်လ ၁၁ ရက်နေ့က မူးယစ်ဆေး ရောင်းချနေသူတဦးကို WY စိတ်ကြွစိတ်ပြား ခြောက်သောင်းငါးထောင်လောက်နဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁) က သတင်းထုတ်ပြန်ပါတယ်။   ဖမ်းဆီးရမိသူကို လတ်တလောမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အမရပူရက မောင်ဒိန်းရွှေဆိုင် ဓားပြတိုက်ခံရ

ဇူလိုင်၊ ၁၄   မန္တလေးတိုင်း၊ အမရပူရမြို့နယ်က မောင်ဒိန်းရွှေဆိုင် မနေ့က ဓားပြတိုက်ခံရလို့ သိန်းတထောင့်လေးရာကျော် တန်ဖိုးရှိ ရွှေထည်တွေ ဆုံးရှုံးသွားတယ်လို့ အဲဒီရွှေဆိုင်နဲ့ နီးစပ်တဲ့ အမရပူရမြို့ခံတွေက ပြောပါတယ်။   ရန်ကုန်-မန္တလေး လမ်းဟောင်း၊ စာတိုးမြို့ပြင်ကြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဝမ်းတွင်းမြို့ရှိ သတင်းနဲ့စုံစမ်းရေး တပ်ဖွဲ့က ရဲအုပ်ပစ်ခတ်ခံရပြီး သေဆုံး

ဇူလိုင်၊ ၁၄   မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့ရှိ သတင်းနဲ့ စုံစမ်းရေးတပ်ဖွဲ့ (SB)က ရဲအုပ်သိန်းဇော်မိုး ဆိုသူ မနေ့ကညနေပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ အဲဒီပစ်ခတ်မှုကို လုပ်ဆောင်ခဲ့တဲ့ WTRF (Wundwin Township Revolution [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖယ်ခုံမြို့နယ်ထဲ တလကျော်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၉ ဦးသေဆုံး

ဇူလိုင်၊ ၁၄   ရှမ်း-ကရင်နီ (ကယား)ပြည်နယ် ဖယ်ခုံမြို့နယ်အတွင်းက ခေါင်အိရွာ နဲ့ စက်တော်ရွာ တွေဘက်မှာ ဇွန်လအစကနေ အခုဇူလိုင်လ ၁၄ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၉ ဦး သေဆုံးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဝက်လက်မြို့ ကျေးရွာနှစ်ရွာက အိမ်ခြေနှစ်ရာနီးပါးမီးရှို့ ခံရပြီး အငြိမ်းစား ကျောင်းဆရာတဦး သေဆုံး

ဇူလိုင်၊ ၁၄   စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ဘက်ရှိ သုံးဆင့်ကန်ရွာ နဲ့ ပေါက်ကန်ရွာ ကို စစ်ကောင်စီတပ်က မီးရှို့ပြီး သုံးဆင့်ကန်ရွာမှ အမျိုးသားတဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ Wetlet Information Network တာဝန်ရှိသူတဦးက ဆိုပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

သတင်းဆောင်းပါး

နယ်ခြား ဒုက္ခသည်​ကျောင်း

ဇူလိုင်၊ ၁၄   ထိုင်း-မြန်မာ နယ်ခြားမျဉ်း သံလွင်ချောင်း ပေါ်မေးတင်ထားတဲ့ စာသင်ကျောင်း တကျောင်းရဲ့ပုံရိပ်တွေဖြစ်ပါတယ်။ ဒီကျောင်းမှာတော့ အခုနှစ် ၂၀၂၃-၂၀၂၄ စာသင်နှစ်မှာ ကျောင်းသား၊ ကျောင်းသူပေါင်း ၇၀၀ ကျော်နဲ့ ဆရာ၊ ဆရာမ ဦးရေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟောလိဝုဒ် သရုပ်ဆောင် သိန်းနဲ့ချီ ပါဝင်တဲ့ ဆန္ဒပြ လှုပ်ရှားမှု စတင်

ဇူလိုင်၊ ၁၄ အမေရိကန်မှာ အရေအတွက် သိန်းနဲ့ချီ များပြားတဲ့ ဟောလိဝုဒ် သရုပ်ဆောင်တွေ စုပေါင်းပြီး ဆန္ဒပြ လှုပ်ရှားမှု တခုကို စတင်ခဲ့ပါတယ်။ ဇူလိုင် ၁၃ ရက် ညပိုင်းမှာ စတင်တဲ့ ဆန္ဒပြမှုကြောင့် ရိုက်ကွင်းတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြန်မာနိုင်ငံမှာ အကြမ်းဖက် ရန်လိုမှုတွေ ဆက်လက် ဖြစ်ပေါ်နေခြင်းကို အာဆီယံ ရှုတ်ချ

ဇူလိုင်၊ ၁၄ မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့ အကြမ်းဖက် ရန်လိုမှုတွေကို ခြွင်းချက်မရှိ ရှုတ်ချကြောင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက ပူးတွဲ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဇူလိုင် ၁၃ ရက်က အင်ဒိုနီးရှား [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ချဲလ်ဆီး ကစားသမား ပူလီဆစ်ကို အေစီမီလန် စာချုပ်ခေါ်ယူ

ဇူလိုင်၊ ၁၄ ချဲလ်ဆီး အသင်းရဲ့ တောင်ပံတိုက်စစ်သမား ခရစ္စတီယန် ပူလီဆစ်ဟာ အီတလီ စီးရီးအေ ပြိုင်ပွဲဝင် အေစီမီလန်အသင်းနဲ့ စာချုပ် ချုပ်ဆိုသွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် အမေရိကန် လက်ရွေးစင်ဟာ မီလန်နဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကမ္ဘာ့ဖလားအတွက် ကစားသမားတွေ စေလွှတ်ပေးခဲ့တဲ့ အသင်းတွေအတွက် နစ်နာကြေးတွေကို ဖီဖာ ကြေညာ

ဇူလိုင်၊ ၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ကစားသမားတွေ စေလွှတ်ပေးတဲ့ ကလပ်အသင်းတွေကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က နစ်နာကြေး ပေးခဲ့ရာမှာ မန်ချက်စတာ စီးတီး အသင်းက ပမာဏ အများဆုံး ရရှိခဲ့ပါတယ်။ အခုဘောလုံးရာသီမှာ အကြီးအကျယ် [ဆက်လက်ဖတ်ရှုရန်]