နိုင်ငံရေး

အာဇာနည်တွေ နေတဲ့တိုင်းပြည်

အကြောင်း ဟုတ်၊ မဟုတ်ကို ကောင်းစွာသိသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ … တဲ့။   အာဇာနည် ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကို မြန်မာအဘိဓာန်က အဲ့ဒီလိုဖွင့်ဆိုပါတယ်။   မြန်မာနိုင်ငံမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်

ဇူလိုင်၊ ၁၉   ဒီကနေ့ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအပါအဝင် နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုတွေက သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။   ❝ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန် မြို့နယ်တချို့က ဆိုင်ကယ်ဘေးတွဲမောင်းနှင်သူတွေ စစ်အုပ်စုနဲ့အတူ ကင်းလှည့်လိုက်ပေးနေရ

ဇူလိုင်၊ ၁၉   ရန်ကုန်က မြို့နယ်တချို့မှာ ဆိုင်ကယ်ဘေးတွဲ မောင်းနှင်တဲ့သူတွေကို စစ်ကောင်စီတပ်သားတွေက သူတို့နဲ့အတူ ညကင်း လှည့်လိုက်ပေးမှ မောင်းနှင်ခွင့်ပေးမယ်ဆိုတာကြောင့် ယူနီဖောင်းဝတ်ပြီး လိုက်ပါပေးနေရတာမျိုးတွေ ရှိနေတယ်လို့ အဲ့ဒီလုပ်ငန်း လုပ်ကိုင်သူတွေက DNA ကိုပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

အင်တာ ဂိုးသမား အိုနာနာအတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရသွားတဲ့ မန်ချက်စတာ ယူနိုက်တက်

ဇူလိုင်၊ ၁၉ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အင်တာမီလန် ဂိုးသမား အန်ဒရီ အိုနာနာကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကင်မရွန်း လက်ရွေးစင်အတွက် ယူနိုက်တက်က [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ခြေစမ်းပွဲမှာ ၂၇ ဂိုးသွင်းခဲ့တဲ့ ဘိုင်ယန်မြူးနစ်

ဇူလိုင်၊ ၁၉ ဂျာမန် ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းဟာ ဒေသခံ အသင်းငယ်လေး တခုနဲ့ ခြေစမ်းရာမှာ ၂၇ ဂိုးပြတ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ရိုတက်ချ် အီဂန် အသင်းအတွက်တော့ ကမ္ဘာကျော် ဘောလုံးကလပ်နဲ့ ခြေစမ်းခွင့် ရတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒညင်းသီးသယ်လာတဲ့ကားပေါ်က မောင်းပြန်ရိုင်ဖယ် ကျည်တထောင်ဝန်းကျင်တွေ့လို့ အမျိုးသားသုံးဦးဖမ်းဆီးခံထားရ

ဇူလိုင်၊ ၁၈ ပဲခူးတိုင်း၊ ဝေါမြို့နယ် ညောင်ခါးရှည် X-Ray စစ်ဆေးဂိတ်မှာ ဒညင်းသီးအိတ်နဲ့ ရောသယ်လာတဲ့ ကျည်တထောင် နီးပါး စစ်ဆေးတွေ့ရှိပြီးနောက် အဲ့ဒီအိတ်ကိုသယ်လာတဲ့ ကားပေါ်မှာပါသူ နှစ်ဦးနဲ့နောက်ထပ်တဦး စုစုပေါင်းသုံး ဦးကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူမှာ စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့လို့နေအိမ်ရှစ်ဆယ်ကျော်ပြာကျ၊ဒေသခံလေးဦးဒဏ်ရာရ

ဇူလိုင်၊ ၁၈ စစ်ကိုင်းတိုင်း၊မြင်းမူးမြို့နယ်၊မြောက်ခြမ်း မူးမြစ်ကမ်းပေါ်က မူးမန္တလေးရွာကို စစ်ကောင်စီက မနေ့ညနေ ပိုင်းမှာ မီးရှို့ခဲ့တာကြောင့် နေအိမ်ရှစ်ဆယ်ကျော်ပြာကျသွားသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရာတော် မြို့နယ် ဆင်တလည်ရွာခံလေးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကိုင်းမြို့နယ် ဆားတောင်ဒေသနဲ့ မူးမြစ်သာခြားတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖရူဆိုမြို့က စစ်ရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါဖြစ်ပွားနေလို့ ခြင်ထောင်နဲ့ ဆေးဝါးလိုအပ်နေ

ဇူလိုင်၊ ၁၈ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါပိုးတွေ့တဲ့သူ သုံးဆယ်နီးပါးရှိနေတယ်လို့ အဲဒီစခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်ကူညီပေးနေသူတွေထံကနေ သိရပါတယ်။ စစ်ရှောင်တွေအနေနဲ့ ခြင်ထောင်မပါဘဲ အိပ်ရတာတွေကြောင့် ခြင်ကိုက်ခံရမှုကနေ အခုလို ကူးစက်ခံကြရတာဖြစ်နိုင်ပြီး အရေးပေါ်အခြေအနေအတွက် အသုံးပြုမယ့် ဆေးဝါးတွေ မလုံမလောက်ဘဲဖြစ်နေတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖမ်းဆီးခံရတဲ့ တပ်ဖွဲ့ဝင်တဦးကိုအသုံးချပြီးကားနဲ့တိုက်ဖမ်းလို့ မြစ်ငယ် PDFတဦးကျဆုံး၊လေးဦးအဖမ်းခံရ

ဇူလိုင်၊ ၁၈ မန္တလေးတိုင်း မြစ်ငယ်မြို့နယ်အခြေစိုက် PDF အဖွဲ့ဝင်တဦးကို စစ်ကောင်စီက ဖမ်းမိခဲ့ပြီးနောက်သူ့ရဲ့တပ်ဖွဲ့ကို လာကယ်ဖို့ လိမ်ခေါ်ခိုင်းကာ ကားနဲ့တိုက်ဖမ်းဆီးခဲ့တာကြောင့် နောက်ထပ်လေးဦးထပ်အဖမ်းခံလိုက်ရပြီး တဦးကျဆုံးသွားတယ်လို့ အဲ့ဒီအဖွဲ့ပြောခွင့်ရ ဗိုလ်ဖောင်းဒိုင်းက DNA ကိုပြောပါတယ်။ “အရင်ဆုံးတယောက်ဖမ်းခံရတယ်၊သူကနေမှကျန်တဲ့လူတွေလာကယ်ဖို့လိမ်လည်ပြီးဖုန်းဆက်ခေါ်ရာကနေမိကုန်တာပါဗျ၊လေးဦးဖမ်းခံရပြီး တဦးကျသွားတယ်၊ ကားနဲ့တိုက်ဖမ်းချိန်မှာပြန်ထထွက်ပြေးချိန်မှာနောက်ကျော [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန်ပက်လက်မြို့၊ မဆာတွီရွာကိုစစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

    ဇူလိုင်၊ ၁၈ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာကို ဇူလိုင် ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့နဲ့ ခရစ်ယာန် ဘုရားကျောင်းတကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]