နိုင်ငံရေး

ပုလဲမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေး

စက်တင်ဘာ၊ ၁၂   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်လျှောက်ကျေးရွာ အနီးမှာမနေ့က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေ ထိတွေ့တိုက်ပွဲ ဖြစ်ပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ပစ်ကူပေး တိုက်ခိုက်ခဲ့ပါတယ်။   “ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလောမှာ တိုက်ပွဲဖြစ်ပွားပြီး အရပ်သားတဦးကို စစ်ကောင်စီတပ် ပစ်သတ်

စက်တင်ဘာ၊ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာမှာ စင်တင်ဘာလ ၁၁ ရက်၊ ဒီကနေ့မနက် ၅ နာရီလောက်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ရွာခံတဦးကို စစ်ကောင်စီတပ်က ပစ်သတ်သွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။ ‘’ရွာသားကိုပစ်သတ်တာက ဒီအတိုင်း သူတို့နဲ့တွေ့လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အမြန်လမ်းပေါ်မှာ ရှစ်နာရီအတွင်း ယာဉ်တိုက်မှုနှစ်ခုဖြစ် ၊ နှစ်ဦးသေဆုံး

စက်တင်ဘာ၊ ၁၁ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ဒီကနေ့ တရက်တည်း ယာဉ်တိုက်မှုနှစ်ခုဖြစ်ကာ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးသေဆုံးခဲ့ပြီး  ခုနစ်ဦးဒဏ်ရာရခဲ့တယ်လို့ မီးသတ်ဌာနထုတ်ပြန်ချက်အရသိရပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ် ၂၁၇/၀  နဲ့ ၂၁၈/၁ကြား နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ဒီကနေ့ မနက် ရှစ်နာရီခွဲဝန်းကျင်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဗကသ ဥက္ကဌဟောင်း ကိုကျော်ကိုကိုရဲ့ ဖခင်ကို စစ်ကောင်စီဖမ်းဆီး

စက်တင်ဘာ၊ ၁၁   စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဌဟောင်း ကိုကျော်ကိုကိုရဲ့ ဖခင်ဖြစ်သူ ဦးကျော်အေးကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၀ ရက် မနေ့က မနက်ပိုင်းမှာ ဖမ်းခေါ်သွားတယ်လို့ မိသားစုဝင်တွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ငါန်းဇွန်မှာ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ ဟုဆို

စက်တင်ဘာ၊ ၁၁   မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက စက်တင်ဘာလ ၁ဝ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ခုနှစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဆားလင်းကြီးမှာ စစ်ရေယာဉ်ပေါ်က ပစ်ခတ်လို့ အမျိုးသမီးတဦး သေဆုံး၊ နှစ်ဦးဒဏ်ရာရ

စက်တင်ဘာ၊ ၁၁ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စက်တင်ဘာ ၁၀ ရက်၊ မနေ့က မနက် ၆ နာရီခန့်မှာ စစ်ကောင်စီ စစ်ရေယာဉ်ပေါ်က လက်နက်ကြီးနဲ့ ပစ်လို့ ဖောင်းကတာကျေးရွာက အမျိုးသမီးတဦး သေဆုံးခဲ့သလို နောက်ထပ်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သာကေတမှာ YBS ကားပေါ်က ပြုတ်ကျပြီး လူငယ်တဦးသေဆုံး၊ တဦးဒဏ်ရာရ

စက်တင်ဘာ၊ ၁၁ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းပေါ်က အနော်မာထိပ်မှတ်တိုင်အနီး စက်တင်ဘာလ ၁၁ ရက်၊ ဒီကနေ့ မနက် ၇ နာရီခွဲလောက်မှာ YBS ဘတ်စ်ကားပေါ်ကနေ ပြုတ်ကျလို့ လူငယ်တဦး သေဆုံးပြီး နောက်ထပ်တဦးလည်း ဒဏ်ရာရသွားတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီအလုပ်သမားဝန်ကြီး စက်ရုံတွေသွားစစ်တယ်ဆိုပြီး အလုပ်ရှင်ခေါ်ထားတဲ့ အလုပ်သမားတွေကိုသာတွေ့

စက်တင်ဘာ၊ ၁၁ စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စက်ရုံတချို့ကို သွားရောက် စစ်ဆေးရာမှာ စက်ရုံဘက်က ခေါ်ပေးထားတဲ့ အလုပ်သမားတွေနဲ့သာ တွေ့ခွင့်ရလိုက်ပြီး လုပ်ငန်းခွင်အတွင်း အခြေအနေမှန်တွေ ဖုံးဖိတင်ပြတာတွေ ရှိခဲ့တယ်လို့ စက်ရုံအလုပ်သမားတွေက ပြောကြပါတယ်။ ဦးမြင့်နောင်ဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တနင်္သာရီတိုင်းမှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင် နှစ်သောင်းခွဲကျော် ဆက်ရှိနေ

စက်တင်ဘာ၊ ၁၁   မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လကုန်အထိ စာရင်းတွေအရ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ နှစ်သောင်းခြောက်ထောင်ဝန်းကျင် ဆက်ရှိနေသေးတယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ထံကနေ သိရပါတယ်။   ” စစ်ကြောင်းထိုးတာတွေ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရုရှားဆီက စစ်တပ် မှာယူထားတဲ့ SU-30 တိုက်လေယာဉ်တွေ ပထမအသုတ် စတင်ရရှိထားပြီလို့ဆို

စက်တင်ဘာ၊ ၁၁ မနှစ်တုန်းက ရုရှားဆီက မှာယူထားတဲ့ SU-30 တိုက်လေယာဉ်တွေထဲက ပထမအသုတ်အဖြစ် ၂ စီးကို စတင် ရရှိထားပြီးဖြစ်ကြောင်း စစ်ကောင်စီခန့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက ရုရှား သတင်းဌာန RIAကို အတည်ပြု ပြောကြားခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]