စီးပွားရေးကဏ္ဍ

ဒေါ်လာစျေးကျပေမယ့် ပြည်တွင်းစက်သုံးဆီဈေး မြင့်တက်

စက်တင်ဘာ ၊ ၁၄ အမေရိကန်ဒေါ်လာဈေးပြန်လည်ကျဆင်းလာပေမယ့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ နေ့စဉ်နဲ့အမျှမြင့်တက်နေတယ်လို့ ရန်ကုန်မြို့က စက်သုံးစီအရောင်းဆိုင်တွေနဲ့ ယာဉ်သုံးစွဲသူတွေက ပြောပါတယ်။  ရန်ကုန်မြို့မှာအသုံးများပြီး 92 လို့ အများက ခေါ်ကြတဲ့ Octane 92 ဓာတ်ဆီကတော့ စက်တင်ဘာလ ၁ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘန်ကောက် စျေးဝယ်စင်တာ တခုမှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဆယ်နီးပါး အဖမ်းခံရ

စက်တင်ဘာ ၊ ၁၄ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမား ၁၈ ဦးကို ထိုင်း လူဝင်မှု ကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။  ပသူဝမ် စျေးဝယ်စင်တာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီ ဦးဆောင်တဲ့ အာဆီယံလေတပ်ညီလာခံ ငါးနိုင်ငံသာ လူကိုယ်တိုင်တက်ရောက်

စက်တင်ဘာ ၊ ၁၄ အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်ပြီး စက်တင်ဘာလ ၁၃ ရက်က  နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အကြိမ် (၂၀)ပြည့် အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံကို အာဆီယံနိုင်ငံတွေထဲက ငါးနိုင်ငံသာ လူကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။ စစ်ကောင်စီ လေတပ်အကြီးအကဲ  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်အထူးစိုးရိမ်ကြောင်း ဒီချုပ် ထုတ်ပြန်

စက်တင်ဘာ ၊ ၁၄ အထူးစိုးရိမ်ပူပန်မိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်) ပါတီ ၊ဗဟိုအလုပ်မှုဆောင်ကော်မတီကစက်တင်ဘာ ၁၄ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ အသက် ၇၉ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက အမှုတချို့ အမိန့်ချအပြီးမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရေဘေးသင့် ပြည်သူတွေကို ကူညီနိုင်ဖို့ လစ်ဗျား ပြိုင်ဘက် အစိုးရနှစ်ရပ် ဆွေးနွေးနေ

စက်တင်ဘာ ၊ ၁၄ ရေဘေးသင့် ပြည်သူတွေကို ထိထိရောက်ရောက် ကူညီနိုင်ဖို့အတွက် လစ်ဗျားနိုင်ငံရဲ့ စင်ပြိုင် အစိုးရ နှစ်ရပ်ကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ လစ်ဗျားနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက ဒါနာမြို့မှာ အခုသီတင်းပတ်ထဲ ဆည်ကျိုးပေါက်ရာက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်နက်နဲ့အတူ ခိုလှုံလာတဲ့ စစ်သားနှစ်ဦးကို သိန်းလေးဆယ်စီ KNU ချီးမြှင့်

စက်တင်ဘာ ၊ ၁၄ စစ်ကောင်စီတပ်ကို စွန့်ခွာပြီး လက်နက်တွေနဲ့အတူ ခိုလှုံလာတဲ့ စစ်သားနှစ်ဦးကို ငွေကျပ် သိန်းလေးဆယ်စီ ချီးမြှင့်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး( KNU) က စက်တင်ဘာလ ၁၄ ရက်၊ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ KNU [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လားရှိုးမှာ မိုးများပြီး တောင်ကျရေကြောင့် အုတ်တံတိုင်းပြိုကျလို့ တဦး သေဆုံး

စက်တင်ဘာ ၊ ၁၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာစက်တင်ဘာလ ၁၃ ရက်၊ မနေ့က ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေစီးဆင်းမှုကြောင့်  အုတ်တံတိုင်းပြိုကျမှုဖြစ်ခဲ့လို့ အမျိုးသားတဦး သေဆုံးသွားတယ်လို့ လူမူကူညီရေး လုပ်ကိုင်နေသူတွေဆီကသိရပါတယ်။ “ မနေ့ညတုန်းက မိုးများတော့ ရေကတအားအစီးသန်တယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဗီယက်နမ်မှာ လူနေတိုက် မီးလောင်မှုကြောင့် ငါးဆယ်ကျော်သေဆုံး

စက်တင်ဘာ ၊ ၁၄  ဗီယက်နမ် နိုင်ငံမှာ လူနေတိုက်တလုံး မီးလောင်မှုကြောင့် ကလေးတွေ အပါအဝင် လူ ၅၀ ကျော် အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။  စက်တင်ဘာ ၁၂ ရက် ညပိုင်းက ဟနွိုင်းမြို့တော်မှာ ၉ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယားနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာတွေ ရှိနေကြောင်း ပူတင်ပြော

စက်တင်ဘာ ၊ ၁၄ မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား တရားဝင် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာဖို့ အလားအလာတွေ အတော်လေး နီးနီးစပ်စပ် ရှိနေကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။ စက်တင်ဘာ ၁၃ ရက်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာစစ်တပ်ကို စစ်ဘက်သုံးပစ္စည်းတွေ မရောင်းဖို့ လက်မှတ်ထိုးကမ်ပိန်း ကိုးထောင်ကျော်သာရသေး

စက်တင်ဘာ၊ ၁၃ မြန်မာစစ်တပ်ထံ လေယာဉ်ဆီ၊ စစ်ဘက်သုံး လက်နက်ပစ္စည်းတွေနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ရောင်းချနေမှုကို ရပ်တန့်ပေးဖို့ စင်ကာပူအစိုးရထံ တောင်းဆိုမယ့် လက်မှတ်ထိုးကမ်ပိန်းအတွက် လက်မှတ်ရရှိမှု အလွန်နည်းနေသေးတယ်လို့ လှုပ်ရှားမှု ဦးဆောင်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]