ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုထုတ်ကုန် မြန်မာဘီယာ ဆက်ရောင်းနေတဲ့ ရန်ကုန်ကဆိုင်တချို့ကို သတိပေးဖောက်ခွဲ

စစ်အုပ်စုထုတ်ကုန် မြန်မာဘီယာကိုဆက်လက်ရောင်းချနေတဲ့ ရန်ကုန်မြို့က စားသောက်ဆိုင်နဲ့ ကုန်စုံ ဆိုင် ၁၅ ဆိုင်ကို သတိပေးဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။ စစ်အုပ်စုထုတ်ကုန်မြန်မာဘီယာကို သပိတ်မှောက်ဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးခဲ့တာ တစ်နှစ် ကျော်ကြာတဲ့အထိ ဆက်လက်ရောင်းချနေတဲ့ ရန်ကုန်၉မြို့နယ်က ဆိုင်တွေကို ဖေဖေါ်ဝါရီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သံဖိုကျေးရွာအနီးမှာ စစ်အုပ်စုက မီးရှို့ခဲ့တဲ့ အရိုးစု ၃ စုတွေ့

စစ်ကိုင်းတိုင်း ကလေးမြို့နယ် သံဖိုကျေးရွာအနီး တောင်ယာတဲတစ်ခုအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ပြီးနောက် မီးရှို့ခဲ့တဲ့ အရိုးစု၃စုကို တွေ့ရှိရတယ်လို့ CDF-KKGက သတင်းထုတ်ပြန်လာပါတယ်။ တွေ့ရှိရတဲ့ ရုပ်အလောင်းတွေဟာ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က ချောင်းခွကျေးရွာမှာ စစ်အုပ်စုက ဖမ်းဆီးသွားတဲ့ သားအမိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီကနေ့ ကောလင်းတိုက်ပွဲတွေအတွင်း စစ်အုပ်စုက တစ်ဦးသေ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အင်းမရွာအနီးမှာ စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခု နှစ်ကြိမ် အတိုက်ခံရပြီး စစ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ Kawlin Revolution RKက သတင်းထုတ်ပြန်လာပါတယ်။ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ မနက် ၅ နာရီခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီကနေ့ မုံရွာမြို့ပေါ်က ဆိုင်ကယ်သပိတ်

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းက အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို အလိုမရှိကြောင်း မုံရွာလူငယ်များ အစည်းရုံး၊ မုံရွာမြို့ အခြေခံပညာကျောင်းသားများသမဂ္ဂနဲ့ ရပ်ကွက်သပိတ်စစ်ကြောင်းတွေ ပူးပေါင်းကာ ဆိုင်ကယ်တွေနဲ့ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမြို့နယ်မှာ စစ်အုပ်စုက ပြည်သူတစ်ဦးကို အသက်သေဆုံးသည်အထိ နှိပ်စက်ပြီး လမ်းဘေးစွန့်ပစ်

စစ်ကိုင်းတိုင်း နယ် ဂွေးပင်ကုန်ကျေးရွာက ပြည်သူ၃ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားပြီး တစ်ဦးကို အသက်သေဆုံးသည်အထိ ရိုက်နှက်နှိပ်စက်ကာ လမ်းဘေးစွန့်ပစ်ခဲ့တယ်လို့ Free Rangers-Depeyinအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ မနက် ၃နာရီ၃၀မိနစ်ခန့်မှာ စိုင်ပြင်ကြီးအနီးမှာရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လုံရှာယာန်က နေအိမ်အချို့ အလံဖြူထောင်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၉၉က ပြည်သူတွေရဲ့ နေအိမ်တွေမှာ အလံဖြူထောင်ခိုင်းထားတာကြောင့် နေအိမ်တချို့ အလံဖြူထောင်ထားကြတယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Kachinwavesမှာ ဖော်ပြထားပါတယ်။ “တပ်မ၉၉မှ ဗိုလ်ကြီးတစ်ဦးက လေယာဥ်တွေ ပျံရင် မြင်နိုင်အောင်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တောင်ဥက္ကလာပမှာ အမှိုက်ပုံးထဲ ဗုံးပေါက်

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် စီမံကိန်းရပ်ကွက် မြင်သာ ၉လမ်းထိပ်မှာရှိတဲ့ အမှိုက်ပုံးထဲမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိတ္ထီလာမှာ အရက်မူးနေတဲ့စစ်အုပ်စုက ပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်၊ ပြည်သူတစ်ဦးဆုံးပါး

မန္တလေးတိုင်း မတ္ထီလာမြို့မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင် အင်းဝဘဏ်မှာ အစောင့်ကျနေတဲ့ အကြမ်းဖက်စစ်အုပ်စုက လမ်းသွားလမ်းလာပြည်သူတွေကို အကြောင်းမဲ့ ရန်ပြုပစ်ခတ်ခဲ့တာကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ဖေဖေါ်ဝါရီလ ၂၃ရက်နေ့ ည၇နာရီ ၃၀မိနစ်ခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းနယ်စပ်သုံးနေရာကနေ ရုရှားတပ်တွေ ဝင်ရောက်လာ

ရုရှားစစ်တပ်တွေဟာ ယူကရိန်းမြောက်ပိုင်း ၊ တောင်ပိုင်းနဲ့ အရှေ့ပိုင်းက နယ်စပ်ဒေသတွေကို ဖြတ်ကျော်ဝင်လာနေတယ်လို့ နိုင်ငံတကာသတင်းမီဒီယာတွေ ဖော်ပြချက်အရ သိရပါတယ်။ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူ ၇ယောက်မနည်း သေဆုံးခဲ့ပြီး ၁၉ယောက် ပျောက်ဆုံးနေတယ်လို့ ယူကရိန်း ရဲတပ်ဖွဲ့က ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်း နေရပ်စွန့်ထွက်ပြေးရသူ လေးသိန်းခွဲကျော်ပြီ

အာဏာသိမ်းကာလ တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူ လေးသိန်းခွဲ ကျော်ရှိသွားပြီလို့ UNHCR ကထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ၂၀၂၂ဖေဖော်ဝါရီလ ၁၄ ရက် အထိ မြန်မာနိုင်ငံတစ်ဝန်းအသစ်ထပ်မံနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူဦးရေ ၄၅၃,၀၀၀အထိ [ဆက်လက်ဖတ်ရှုရန်]