ဒေသအလိုက် သတင်းကဏ္ဍ

ဒီကနေ့ ဆောမြို့နယ် တိုက်ပွဲအတွင်း စစ်အုပ်စုက ၁၀ ဦးခန့်သေ

မကွေးတိုင်း ဆောမြို့နယ် ဆွဲလွဲကျင်းကျေးရွာနဲ့ ကန်ပက်လက်မြို့နယ် မဆာတွီကျေးရွာအကြားမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အုပ်စုက ၁၀ ဦးခန့် သေဆုံးခဲ့တယ်လို့ CDF Kanpetlet ကသတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့ မနက် ၈နာရီ ၃၀မိနစ်ခန့်မှ အကြမ်းဖက်စစ်အုပ်စုရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဦးမြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင် တစ်ဦး ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကုလားကြီးကျေးရွာမှာရှိတဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူ အမျိုးသမီးတစ်ဦး ရှင်းလင်းခံခဲ့ရတယ်လို့ အမြင့်တိုက်နယ် သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့ နေ့လည် ၁၂နာရီ ၅၅မိနစ်ခန့်မှာ ကုလားကြီးကျေးရွာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနဲ့ အမျိုးတော်စပ်ပြီး ပျူစောထီးအဖွဲ့လို့ဆိုသူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ တစ်နေ့တည်း မီး ၈ကြိမ်လောင်

ရန်ကုန်မြို့မှာ မီးလောင်မှုတွေ တောက်လျှောက် ဖြစ်ပွားနေပြီး တစ်နေ့တည်း ၈ကြိမ် ထက်မနည်းလောင်ကျွမ်းခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၂၈ရက် မှာ လောင်ကျွမ်းခဲ့တဲ့ မီးလောင်ကျွမ်းမှုတွေထဲမှာ ကိုင်းတော မီးလောင်မှု နှစ်ကြိမ်နဲ့ တောမီးလောင်ကျွမ်းမှု [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

EU အဖွဲ့ဝင်အဖြစ် ချက်ချင်းလက်ခံဖို့ ယူကရိန်းသမ္မတတောင်းဆို

ဥရောပသမဂ္ဂ (အီးယူ) မှာ ယူကရိန်းနိုင်ငံ အဖွဲ့ဝင်အဖြစ်လက်ခံဖို့ ယူကရိန်းသမ္မတ ဇေလန်စကီးက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပြီး အဖွဲ့ဝင်အဖြစ် ချက်ချင်းလက်ခံဖို့လည်း တောင်းဆိုလိုက်ပါတယ်။ ယူကရိန်းကို အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ချင်ချင်းလက်ခံဖို့ ကျနော်တို့ ပန်ကြားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုဂ္ဂလိကပိုင် ဆန်နဲ့စပါးကား ဖြတ်သန်းခွင့်မပြုတဲ့လမ်း ၃ လမ်းကို ရေဦးပကဖ ထုတ်ပြန်

ဒီနေ့ကစပြီး ပုဂ္ဂလိကပိုင် ဆန်ကား၊ စပါးကား ဖြတ်သန်းခွင့်မပြုတဲ့ လမ်း ၃ လမ်းကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အတွင်းရှိ ရေဦး-တမတောလမ်း၊ ရေဦး-တန့်ဆည်လမ်းနဲ့ ရေဦး-မုံရွာလမ်းပေါ် ဆန်ကားနဲ့စပါးကားတွေ မဖြတ်ဖို့နဲ့ ခွင့်ပြုချက်မရှိဘဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်တပ်လိုအင် မဖြည့်ဆည်းပေးနိုင်တဲ့ ရဲတွေ စောင့်ကြည့်ခံနေရ

အကြမ်းဖက်စစ်တပ်လိုအင်ကို မဖြည့်ဆည်းပေးနိုင်တဲ့ ရဲ တွေ စောင့်ကြည့်ခံနေရတယ်လို့ ရန်ကုန်မြို့မှာ လက်ရှိတာဝန်ထမ်းနေတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းသက်တမ်း ကြာလာတာနဲ့အမျှ နယ်မြေအလိုက် တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ရဲတပ် ဖွဲ့ဝင်တွေအပေါ် နိုင်ထက်စီးနင်းဆက်ဆံလာကြသလို လိုင်းကြေးငွေ ခွဲပေးနိုင်တဲ့ ရဲတွေကိုသာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပေါက်မြို့နယ်၊ ဝန်းချုံတောင်ကုန်းပေါ် မိုင်းဆွဲခံရလို့ စစ်အုပ်စုဝင် ၃ ဦးသေ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝန်ချုံးရွာ အနောက်ဘက်တောင်ကုန်းပေါ်မှာ မိုင်းဆွဲခံရတာကြောင့် အကြမ်းဖက်စစ်အုပ်စုဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဖေဖေါ်ဝါရီ ၂၈ ရက် နေ့ခင်းပိုင်းမှာ ဝန်ချုံးရွာ အနောက်ဘက်တောင်ကုန်းပေါ် အကြမ်းဖက်စစ်သား၊ ပျူစောထီးတို့နဲ့ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုလည်းပြုလုပ်ခဲ့ရာ ဒဏ်ရာပြင်းထန်တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းကိစ္စ ဆွေးနွေးညှိနှိုင်းဖို့ အာဆီယံ တိုက်တွန်း

အာဆီယံက ယူကရိန်းမှာ ဖြစ်ပေါ်နေတဲ့ ရက်စက်မှုတွေအတွက် စိုးရိမ်ကြောင်းနဲ့ နှစ်ဖက်တွေ့ဆုံဆွေးနွေးသင့်ကြောင်း တိုက်တွန်းခဲ့ပေမယ့် ရုရှားရဲ့ ကျူးကျော်မှုအပေါ် ပြစ်တင်ရှုတ်ချတာတွေ၊ ဒဏ်ခတ်ပိတ်ဆို့ရာမှာ ပါဝင်မှုတွေ မရှိခဲ့ပါဘူး။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကြေညာချက်တစ်ခု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကားမိုင်းဆွဲခံရမှုကြောင့် ၁၁ ဦးသေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ရဲစခန်းတိုက်ခိုက်ခံရမှုနဲ့ စစ်ကားမိုင်းဆွဲခံရမှုကြောင့် စစ်အုပ်စုဝင် ၁၁ ဦး သေခဲ့တယ်လို့ သိရပါတယ်။ ယမန်နေ့ညနေ ၃ နာရီလောက်က ခရမ်းမြို့နယ်၊ ပိန်းကန်ရွာ၊ ပိန်းကန်ရဲစခန်းကို ခရမ်း PDF က ၄၀ (မမ) [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာကို မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် ဘုန်းကြီးကျောင်းအပါအဝင် ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး ဆိုပါတယ်။ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းမှစတင်ကာ စစ်အုပ်စု သပြေအေးကျေးရွာ၊ ကျောက်ပြုတ်ကျေးရွာနဲ့ [ဆက်လက်ဖတ်ရှုရန်]