ဒေသအလိုက် သတင်းကဏ္ဍ

သန်လျင်ထွေအုပ်ရုံးကို ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တောင်ပိုင်းခရိုင်၊သန်လျင်မြို့၊ ဦးအောင်ဇေယျလမ်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး သုံးထပ်တိုက်ကို သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၁၇ရက်နေ့ ညဦးပိုင်းကဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထွေအုပ်ရုံးအတွင်းရှိ ဒုဦးစီးမှူးရဲ့ ဖခင်လန့်ဖြန့်ကာ သေဆုံးသွားကြောင်း ပကဖ တာဝန်ရှိသူကပြောတယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန် နယ်ကဖော်ပြပါတယ်။ ဗုံးပေါက်ကွဲသံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန် – အာဆီယံ ညီလာခံပြုလုပ်မည့်ရက် ပြန်သတ်မှတ်မယ်

အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေ ထိပ်သီးညီလာခံအတွက် တွေ့ဆုံမယ့်ရက်ကို ပြန်ဆွေးနွေးနေတယ်လို့ အိမ်ဖြူတော်က မတ်လ ၁၇ရက်နေ့မှာ ပြောပါတယ်။ မတ်လ ၂၈ရက်နဲ့ ၂၉ ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေကို ဝါရှင်တန်ဖိတ်ခေါ်ပြီး ညီလာခံပြုလုပ်ဖို့ အမေရိကန်သမ္မတ ဘိုင်ဒမ်က ကနဦးစီစဉ်ခဲ့တာပါ။ ဒါပေမယ့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ စစ်အုပ်စုလက်အောက်ခံ ရဲတပ်သားတစ်ဦး CDM ဝင်

မကွေးတိုင်း၊ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်တွေနဲ့ အတူ CDM ဝင်ပြီး ပူးပေါင်းလာတယ်လို့ ရေလယ်ကျွန်း ဒေသပျောက်ကြားတပ်ဖွဲ့ကဒီနေ့ မတ်လ ၁၈ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရဲဘော် အာကာစိန် သည် G-3 တစ်လက်၊ကျည်ဆံတွေနဲ့အတူ မတ်လ(၈)ရက်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖမ်းဆီးခံတောင်ဒဂုံ လူငယ်၂ဦးနဲ့ အဆက်အသွယ်မရ

ဖမ်းဆီးခံထားရတဲ့ ​တောင်ဒဂုံသပိတ်အင်အားစုအဖွဲ့ဝင် လူငယ်နှစ်ဦး မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့သိရပါတယ်။ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်က ဆန္ဒပြမြေပြင် သပိတ်အဖွဲ့ဝင် လူငယ် နှစ်ဦးဟာ မတ် ၁၆ရက်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပြီး မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။ အဲဒီလူငယ်နှစ်ဦးဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စစ်အုပ်စုထိုးစစ်ဆင်မှုတွေကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ

ကချင်ပြည်နယ်၊ ရွှေကူမြို့ရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် အကြမ်းဖက်စစ်အုပ်စုတွေ ထိုးစစ်ဆင်မှုတွေ ပိုမိုလုပ်ဆောင်လာနေပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးက ဘိုကုန်းကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNG သတင်းဌာနကဆိုပါတယ်။ ဘိုကုန်းကျေးရွာတွင် အိမ်ခြေ ၅၀၀ ကျော်နဲ့ လူဦးရေ ၂ထောင်ကျော် နေထိုင်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းစုံတောင်ဘေးမဲ့တောမှာ သစ်ခိုးထုတ်နေတာ ရပ်ဖို့ နွားထိုးကြီးPDF သတိပေး

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊မင်းစုံတောင် ဘေးမဲ့တောမှာ သစ်ခိုးထုတ်နေတာကို ရပ်တန်းကရပ်ဖို့ ဒေသ ခံPDF ကသတိပေးလိုက်ပါတယ်။ နွားထိုးကြီးမြို့နယ်အတွင်းရှိ မင်းစုံတောင်ဘေးမဲ့တောမှာ တာဝန်ကျသစ်တောဦးစီး ဒေါ်လေးလေးခိုင်နဲ့ အကြမ်းဖက်ရဲတွေ ပူးပေါင်းပြီး သဘာဝသယံဇာတတွေနဲ့ နှစ်ရှည်သစ်ပင်ကြီးတွေကို တွင်တွင်ကျယ်ကျယ် သစ်ခိုးထုတ်နေခြင်းအပေါ် နွားထိုးကြီးPDF ကသတိပေးလိုက်ခြင်းဖြစ်ပြီး ဆက်လက်လုပ်ကိုင်နေပါကထိရောက်စွာအရေးယူသွားမယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နိုင်ငံတကာကူညီပေးကြဖို့ သံအမတ်ကြီး မေတ္တာရပ်ခံ

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနဲ့ မြန်မာနိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး ကြိုးပမ်းရာမှာ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ ကူညီဆောင်ရွက်ပေးကြဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက မေတ္တာရပ်ခံလိုက်ပါတယ်။ မတ်လ၁၇ရက်နေ့၊ ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ ပထမပိုင်းကို တက်ရောက် ပြီး မိန့်ခွန်းပြောကြားရာမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

Foodpanda Rider တွေ ဘာ့ကြောင့် သပိတ်မှောက်ရတာလဲ

စားသုံးသူပြည်သူတွေ ဆီကနေ ပို့ခတွေကိုပါ ကောက်ခံလာတဲ့အပြင် Panda Rider တွေကိုလည်း အရင်လို ခေါက်ကြေးတွေ မပေးဘဲ ခေါင်းပုံဖြတ်နေတဲ့ Foodpanda ကို Panda Rider တွေ သပိတ်မှောက်နေကြတယ်လို့ သိရပါတယ်။ COVID-19ပထမလှိုင်းကစလို့ ရန်ကုန်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်အဝေးပြေးလမ်းတခုမှာ ကားအစီးရေတရာကျော် ယာဉ်မတော်တဆဖြစ်

အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ် အဝေးပြေးလမ်းမတခုမှာ မတ်လ ၁၇ရက်နေ့ မနက်ပိုင်းက ကား အစီးရေ ၁၀၀ကျော်ပါဝင်တဲ့ အစုလိုက်အပြုံလိုက် ယာဉ်မတော်တဆမှုကြောင့် လူ ၆ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီဧရိယာမှာ မြူဆိုင်းနေတဲ့ အခြေအနေကြောင့် ယာဉ်မောင်းတစ်ဦးဟာ ဘရိတ်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမှာ အကြမ်းဖက်စစ်အုပ်စုက လူနေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

စစ်ကားသုံးစီးပါဝင်တဲ့အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းဟာ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းက ကုလားလူးကျေးရွာနဲ့ ရှားလွင်ကျေးရွာတွေက ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၀၀ ကျော်ခန့်ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့ရွာကနေ ဒေသခံပြည်သူ ၁၃၀၀ လောက်ဟာ ဘေးလွတ်ရာ နေရာတွေကို [ဆက်လက်ဖတ်ရှုရန်]