နိုင်ငံရေး

ကျောင်းသားတွေနဲ့ ဆရာတွေကို လူသားတံတိုင်းသဖွယ် အသုံးချလာနိုင်ဖွယ်ရှိတယ်လို့ ပညာရေးဘုတ်အဖွဲ့သတိပေး

အခြေခံပညာကျောင်းတွေကို အဓမ္မဖွင့်လှစ်ဖို့ကြိုးပမ်းနေတာဟာ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျိုး အမြတ်ရှာခြင်းသာဖြစ်တယ်လို့ ရန်ကုန်တောင်ပိုင်းခရိုင်ထိစပ်၄မြို့နယ် ပညာရေးဘုတ်အဖွဲ့တွေက ထုတ်ပြန် လိုက်ပါတယ်။ ခရမ်း၊သုံးခွ၊သန်လျင်နဲ့ကျောက်တန်းပညာရေးဘုတ်အဖွဲ့တွေက ကျောင်းဖွင့်လှစ်တာနဲ့ပတ်သက်ပြီး ဒီကနေ့ မှာပူးတွဲကြေညာချက်ထုတ်ပြန်လိုက်တာပါ။ စစ်အုပ်စုက အခြေခံပညာကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ အတင်းအဓမ္မကြိုးပမ်းနေမှုဟာ ကလေးတွေရဲ့ ပညာရေးအတွက် အမှန်တကယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီနေ့ကျောင်းပြန်ဖွင့်ပေမယ့် ကျောင်းတက်သူဦးရေနည်းပါး

 အကြမ်းဖက်စစ်အုပ်စုက မြန်မာတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းတွေကို ဒီကနေ့စတင်ဖွင့်လှစ်ခဲ့ရာ ရန်ကုန်အပါအဝင် မြို့တချို့တို့မှာ ကျောင်းတက်သူရှားနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။ ရန်ကုန်၊သုံးခွ၊ခရမ်း၊မော်လမြိုင်၊ပြည်၊မန္တလေး၊မုံရွာ၊ယင်းမာပင်နဲ့ပုလဲမြို့ပေါ်နေပြည်သူတို့ကို မေးမြန်းခဲ့ရာမှာ အဲဒီဒေသခံတွေအားလုံးက ကျောင်းတက်သူတော်တော်နည်းတယ်လို့ ပြောဆိုကြတာ ရှိနေပါတယ်။ ရန်ကုန်မြို့မှာတက္ကစီမောင်းနေသူတစ်ဦးက ကျောင်းအဆင်းအတက်တိုင်းမှာ ယာဉ်ကြောပိတ်ဆို့လေ့ရှိတဲ့ ရန်ကင်းတီတီစီနဲ့ ပြည်လမ်းပေါ်ကတီတီစီတို့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တာချီလိတ်မြို့ ရေကြီးနေ

တာချီလိတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မယ်ဆိုင်ချောင်းရေတက်လာပြီး အနိမ့်ပိုင်း ရပ်ကွက်တွေကို ရေဝင်ရောက်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။          မနေ့ ညပိုင်းကစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဒီကနေ့ နိုဝင်ဘာလ ၁ရက်နေ့ မနက်ပိုင်းက စတင်ကာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေကြည်မှာ ကျောင်းတက်သူ ၁ရာခိုင်နှုန်းခန့်သာရှိ

အကြမ်းဖက်စစ်အုပ်စုက စာသင်ကျောင်းတွေကို ဖိအားပေး ပြန်လည်ဖွင့်လှစ်စေပေမဲ့ ရေကြည်မြို့မှာ လာရောက်ကျောင်းတက်သူ ၁ရာခိုင်နှုန်းခန့်သာ ရှိတယ်လို့ ရေကြည်မြို့နယ်အတွင်း သတင်းတွေကို ဖော်ပြနေတဲ့ ရေကြည်မီဒီယာမှာ ရေးသားထားပါတယ်။          “တကယ်တော့ စစ်ကောင်စီ က တိုင်းပြည်မှာ ​ပြဿနာပေါင်းစုံ တက်နေတာတောင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းဝံတောင်အတက်မှာ စစ်အုပ်စုရဲ့ကားတစ်စီးတိမ်းမှောက်ပြီး အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ ထီးချိုင့်မြို့နယ်နဲ့ အင်းတော်မြို့နယ်ကြား မင်းဝံတောင်ကြော ဂွေးပင်တောင် အတက်လမ်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။          မနေ့က အောက်တိုဘာလ ၃၁ရက်နေ့ ညပိုင်းမှာ ထီးချိုင့်မြို့ကနေ အင်းတော်မြို့ကို စစ်ကြောင်းပြောင်းရွေ့လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တပ်ထောက်ခံပွဲအပေါ် အငြိမ်းစားတပ်အရာရှိကြီး ဘာပြောလဲ

မြန်မာနိုင်ငံအနှံ့ မင်းအောင်လှိုင်ထောက်ခံပွဲတွေ ပြုလုပ်နေတာဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ စိတ်မလုံခြုံမှု ကို ဖော်ပြနေတာလို့ ရန်ကုန်မြို့နေ အငြိမ်းစား တပ်အရာရှိကြီးတစ်ဦးက ပြောပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ အောက်တိုဘာ၂၅ရက်နေ့ကစပြီး မြို့ကြီးတွေမှာ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုထောက်ခံရေး ၊ CRPH ၊ NUG [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်ခရိုင်အတွင်းက အုပ်ကြီးတွေ နုတ်ထွက်ကြဖို့ သတိပေး

ပြည်ခရိုင်အတွင်းရှိ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြဖို့နဲ့ အကြမ်းဖက် စစ်အုပ်စု အတွက် အလုပ်လုပ်ပေးနေတာတွေကို ရပ်ကြဖို့ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်သတိပေးလိုက်တယ်လို့ နွေဦးဒံပေါက်(ပြည်)ကထုတ်ပြန်လိုက်ပါ တယ်။ နွေဦးဒံပေါက်(ပြည်) လှုပ်ရှားနေတဲ့နယ်မြေအတွင်း ဒလန်လုပ်တာ၊ စစ်ကောင်စီထောက်တိုင်အဖြစ်ရုံးတက်တာနဲ့ ဧည့်စာရင်းများလိုက်လံစစ်ဆေးတာတွေကို မြင်နေရပြီး ဒလန်စာရင်းနဲ့အုပ်ချုပ်ရေးမှူးစာရင်းတွေကို  လိပ်စာအတိအကျ ၊စာရင်းအတိကျရရှိထားပြီးပြီလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒဂုံတောင် ၁၉ရပ်ကွက်အုပ်ကြီးရုံးအနီး ဗုံးကွဲ

ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၊ ၁၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မနေ့ည ၇နာရီခွဲလောက်က ၁၉ရပ်ကွက်၊ဇေယျာမြိုင်လမ်းနဲ့တနင်္သာရီလမ်း ထောင့် ရှိ အုပ်ချုပ်ရေးမှူးရုံးအနီး သဲအိတ်ဘန်ကာမှာ ဗုံးပေါက်ကွဲခဲ့တာလို့ ၁၉ရပ်ကွက်သားတစ်ဦးက ပြောပါ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဂျပန်နိုင်ငံက အဝေးပြေးရထားပေါ်မှာ ဓားသမားတစ်ဦးတိုက်ခိုက်လို့ ခရီးသည် ၁၇ ဦး ဒဏ်ရာရ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အဝေးပြေးရထားတစင်းပေါ်မှာ ဓားကိုင်ဆောင်ထားသူ အမည်မသိလူတစ်ဦးက ခရီးသည်တွေကို တိုက်ခိုက်လို့ အနည်းဆုံး လူ ၁၇ ဦးလောက် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ အောက်တိုဘာ ၃၁ ရက်၊ မနေ့က ဖြစ်ပွားခဲ့တာပါ။ ဓားကိုင်ဆောင်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာစစ်အုပ်စုရဲ့ ချင်းပြည်နယ်အတွင်း မီးရှို့တိုက်ခိုက်မှုကို အမေရိကန် ရှုတ်ချ

မြန်မာအကြမ်းဖက်စစ်အုပ်စုက ချင်းပြည်နယ်အတွင်း မီးရှို့တိုက်ခိုက်မှုကို ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက က ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က အောက်တိုဘာလ ၃၁ ရက်မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။ အကြမ်းဖက်စစ်အုပ်စုဟာ ချင်းပြည်နယ်အတွင်း [ဆက်လက်ဖတ်ရှုရန်]