“ခရိုင် အင်းမှူးအထိ တက်တိုင်လည်း အင်းသမားတွေက အင်းကိုပိတ်ဖမ်းနေတုန်းပဲ”လို့ ဒေသခံကပြောပါ တယ်။
၂၁၊ဇူလိုင်
ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ်မှာ ဂရန်ငါးဖမ်းအင်းလုပ်ကိုင်သူတွေက ရေချိုငါး လုပ်ငန်းဥပဒေကိုချိုးဖောက်ပြီးရာသီချိန်ပြင်ပမှာငါးရစ်/ငါးသန်တွေကို အင်းပိတ်ဖမ်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂရန်အင်းဆိုတာ ဌာနက နယ်နိမိတ် ငါးအမျိုးအစား၊ ငါးဖမ်းကိရိယာ၊ အချိန်ကာလနဲငါးဖမ်းနည်းစတဲ့ သက်မှတ်ချက်တွေထားရှိပြီး
အငှားဂရန်နဲ့ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားတဲ့ရေပြင်ကိုဆိုလိုတာပါ။
အင်းပိတ်ပြီးငါးဖမ်းတယ်ဆိုတာကတော့ အင်းထဲကိုငါးအဝင်ကိုသာလက်ခံပြီး ငါးအထွက်ကိုပိတ်ပင် ဖမ်းဆီးတာကို ဆိုလိုတာပါ။
ပုံမှန်က တော်သလင်းလဆန်းလောက်မှ အင်းပိတ်ဖမ်းရတာ။ ငါးရစ်ချိန်မှာ အင်းပိတ်ဖမ်းတာက ငါးမျိုးတုန်းစေတယ် လို့ ရေကြည်မြို့နယ်ထဲမှာ နေထိုင်သူကပြောပါတယ်။
ဥတွေပြည့်ဝနေတဲ့ ငါးအမတွေနဲ့ ၊ မျိုးရည်ပြည့်ဝနေတဲ့ငါးအထီးတွေ ဥချရန်နေရှာကြတဲ့ မေလနှောင်းပိုင်းက နေ ဇူလိုင်လကုန်ပိုင်းအထိ ငါးရစ်/ငါးသန် အချိန်လို့ ငါးလုပ်ငန်းစီးဌာနက သက်မှတ်ထားပါတယ်။
ငါး ရစ်/ငါးသန်အချိန်မှာ ငါးဖမ်းယူမယ်ဆိုရင် ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ ၆၂ အရ တရားစွဲဆိုခြင်းခံရ မှာဖြစ်ပေမယ့်လည်း အင်းမှူးလို့ခေါ်တဲ့ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ အင်းသမားတွေအကြားမှာ ဒီလိုအ ရေးယူဆောင်ရွက်တာမျိုးတွေ မရှိခဲ့ဘူးလို့ ရေကြည်မြို့နယ်မှာ နေထိုင်သူတွေကပြောပါတယ်။
“ခရိုင် အင်းမှူးအထိ တက်တိုင်လည်း အင်းသမားတွေက အင်းကိုပိတ်ဖမ်းနေတုန်းပဲ”လို့ အထက်ပါဒေသခံကဆက်ပြောပါ တယ်။
ဂရန်အင်းလုပ်ကိုင်သူတွေဟာ မိုးရာသီ ငါးရစ်/ငါးသန်အချိန်မှာ အင်းပိတ်ငါးဖမ်းပြီး ငါးမျိုးတုန်းအောင် လုပ်ဆောင်တဲ့အပြင် နွေရာသီမှာဆိုရင်လည်း ကျင်စက်နဲ့ငါးဖမ်းသူတွေကို အခကြေးငွေတောင်းခံပြီး တော့ အင်းအိုင်တွေထဲမှာ ငါးရှာဖွေဖမ်းဆီးခွင့်ပြုထားပါသေးတယ်။
“ရေကြီးနေချိန်မှာ အင်းကိုပိတ်ပြီးငါးဖမ်းတော့ ရေစီးကနှေးသွားတယ်။ ရေကျချိန်ကလည်းပိုကြားသွား တယ်။ ရေမကျတော့ စပါးပင်တွေမြုပ်တာကို တောင်သူတွေက ခံရတယ်။ ငါးမျိုးလည်းတုန်းတယ်လို့” ရေကြည်မြို့နယ်ထဲက လယ်သမားတစ်ဦးကပြောပါတယ်။
ဌာနဆိုင်ရာတွေစာရင်းအရ ရေကြည်မြို့နယ်ထဲမှာ ငါးဖမ်းလုပ်ငန်းလေလံချထားပေးတဲ့အရေတွက်ဟာ ၇၀ ဝန်းကျင်ရှိပါတယ်။ ဒါ့ပြင်နှစ်စဉ် ရေကြည်မြို့နယ်မှာ ငါးလုပ်ငန်းဦးစီးဌာနရဲ့ အခွန်ငွေကောက်ခံရရှိမှုဟာ ကျပ်သန်းပေါင်း ၄ ထောင် ၆ ရာကျော်ရှိပါတယ်။