ဖေဖော်ဝါရီ၊ ၁၂ရက် ၂၀၂၅
(Fact Check) DNA / MPA/ The Red Flag
အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MOD)ရဲ့ အတွင်းဝန်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဦးနိုင်ထူးအောင်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ တာဝန်ကနေဆန္ဒအလျှောက်နှုတ်ထွက်လိုက်ပြီဖြစ်ပြီး ရန်ပုံငွေကိစ္စတွေနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့လိုတယ်လို့ရေးသား ထုတ်ပြန်ချက်တခုလူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
မှိုင်းဝေတယ်လီဂရမ်ချန်နယ်က ဖေဖေါ်ဝါရီ ၁၀ ရက် ညနေပိုင်းမှာ ဦးနိုင်ထူးအောင်ပုံနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တံဆိပ်ပါ ထုတ်ပြန်ချက် တစ်စောင်ကို အသုံးပြုပြီး အလှူငွေတွေခိုးပြီး သုံးချင်ရာသုံးနှုတ်ထွက်တယ်ဆိုပြီး ရေးသားဖြန့်ဝေခဲ့ပါတယ်။
သတင်းအမှားလင့်ခ်များ
မှိုင်းဝေ https://archive.ph/mZB69
Kyaw Swar https://archive.ph/cAoRC
52 News https://archive.ph/rrdLb
အဲ့ဒီထုတ်ပြန်ချက်ကို အသုံးပြုပြီး စစ်ကောင်စီလော်ဘီတွေဘက်ကလည်း အမုန်းစကားတွေအသုံးပြု လှုံ့ဆော်ဖြန့်ဝေနေတာကြောင့် ပျံ့နှံ့မှုကလည်း အားကောင်းနေတာပါ။
အဲ့ဒီပျံ့နှံ့လာတဲ့ထုတ်ပြန်ချက်ကို MFCN အဖွဲ့ဝင်တွေဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ MPA Fact Check အဖွဲ့တို့ ပူးပေါင်း စစ်ဆေးကြည့်တဲ့အ ခါမှာ ထုတ်ပြန်ချက်အတုဖြစ်နေတာ တွေ့ရှိခဲ့ရပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
သတင်းစီစစ်ချက် ☑️
ပျံ့နှံ့နေတဲ့ ထုတ်ပြန်ချက်ကို စိစစ်ကြည့်တဲ့အခါမှာ (တစ်စုံတစ်ရာ) ကိုရေးသားတဲ့အခါ(တ-စ်) ကိုအသုံးပြုရေးသားထားတာကိုလည်းတွေ့ရပြီး အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MOD)ရဲ့ ထုတ်ပြန်ချက်တိုင်းမှာ (တ) ကိုပဲအသုံးပြုရေးသားလေ့ရှိပါတယ်။
ပျံ့နှံ့လာတဲ့ထုတ်ပြန်ချက်ပါ စာလုံးတွေ ရဲ့အောက်ခြေတွေမှာ အသားပေးအရောင်(Highlight color)တွေပါဝင်နေတာကိုလည်းတွေ့ရပြီး အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MOD)ရဲ့ထုတ်ပြန်ချက်တွေမှာ အသားပေးအရောင်(Highlight color) တွေနဲ့ရေးသားတာမျိုး မတွေ့ရပါဘူး။
အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MOD)ကလည်း ပျံ့နှံ့လာတဲ့ထုတ်ပြန်ချက်က ထုတ်ပြန်ချက်အတုဖြစ်တယ်ဆိုတာကို လူမှုကွန်ရက်စာမျက်နှာကတဆင့်လည်း အသိပေးပို့စ်တင်ထားပါတယ်။
အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MOD) – https://shorturl.at/97I5l
အတွင်းဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးနိုင်ထူးအောင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ နိုင်ငံရေးဆိုင်ရာကိစ္စတွေနဲ့ တော်လှန်ရေးဆိုင်ရာလေ့လာသုံးသပ်အကြံပြုခြင်းကိစ္စတွေမှာ အာရုံပိုစိုက်ချင်တာမလို့ NUGလက်အောက်က အနားယူခဲ့တာဖြစ်တယ်ဆိုတာကိုလည်း ရေးသားဖော်ပြထားပါသေးတယ်။
ဦးနိုင်ထူးအောင်ပို့စ် – https://shorturl.at/Ib7Wr
သုံးသပ်ချက် ☑️
ပျံ့နှံ့လာတဲ့ထုတ်ပြန်ချက်က လူမှုကွန်ရက်အသုံးပြု သူတွေနဲ့ တော်လှန်ရေးသမားတွေနဲ့ ပြည်သူလူထုအ ကြား ရည်ရွယ်ချက်ရှိရှိ သွေးခွဲလှုံ့ဆော်တဲ့ ထုတ်ပြန် ချက်တခုဖြစ်တာကိုလည်းတွေ့ရှိရပါတယ်။
ဒ့ါအပြင်စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ချက်ကိုအသုံးပြုပြီး လူမှုကွန်ရက်အသုံးပြုသူတွေနဲ့ တော်လှန်ရေးမှာပါဝင်သူတွေကိုလည်း အမုန်းစကားတွေအသုံးပြုပြီး စည်းရုံးလှုံ့ဆော်နေတာမျိုးကိုလည်းတွေ့ရပါတယ်။
ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check နဲ့ MPA Fact Check အဖွဲ့တွေကိုလည်း Facebook page တွေကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork