ဘုတလင်မှာ စစ်ကောင်စီတပ်က အရပ်သားမိသားစုကို ပစ်သတ်ခဲ့ပြီး PDF တွေကျူးလွန်တယ်လို့ ဖြန့်ဝေနေတဲ့  သတင်းအမှား

အောက်တိုဘာ၊ ၁၇ ရက်

(Fact Check) Delta News Agency / The Red Flag

 

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက အသက် ၅ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေး နှစ်ယောက်အပါအဝင် မိသားစုတစုကို ပစ်သတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်တွေ ကျူးလွန် ခဲ့တယ်လို့ စစ်ကောင်စီလော်ဘီချန်နယ်တွေမှာ ဖြန့်ဝေနေတာပါ။

 

အဲဒီ သတင်းမှားကို မှိုင်းဝေ တယ်လီဂရန်ချန်နယ်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်က လုံခြုံရေး စစ်ကြောင်းကို ဈေးရောင်းပေးခဲ့တဲ့အတွက်ဆိုပြီး မိသားစုကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒလန် လို့စွပ်စွဲပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ရေးသားထားကာ ကြည့်ရှုသူ ၃၂၄၇၁ ဦးထိ ရှိနေပြီး ဆက်တိုက်ပျံ့ နှံ့နေတာပါ။

 

အဲဒီသတင်းကိုပဲ Ka Ka Han ချန်နယ်ကနေ အောက်တိုဘာ ၁၃ ရက်မှာ “မုံရွာ-ရေဦးလမ်းနဲ့ သဖန်းလမ်းဆုံ မှာ ရှိတဲ့ ကုန်စုံဆိုင် ပိုင်ရှင် ဦးဖိုးကြာ၊ ဇနီး ဒေါ်သင်း၊ အသက် ၂၅ နှစ်အရွယ် သမီး၊ အသက် ၁၆ နှစ်အရွယ် သားနဲ့ အသက် ၇ နှစ်အရွယ် မွေးစားတူမတို့ကို အကြမ်းဖက် PDF များမှ စစ်တပ်သတင်းပေး ဒလန်ဟု စွပ်စွဲကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့”လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပြီး အမုန်းစကားများနဲ့ အတူ ပျံ့နှံ့နေကာ အခြားချန်နယ်တွေမှာလည်း ပျံ့နှံ့နေတာပါ။ 

 

အဲဒီအကြောင်းအရာကို ကြည့်ရှုသူ ၇၅၀၀ ကျော်၊ reaction ပြုလုပ်သူ ၁၇၁ ဦး၊ comment ရေးသားသူ ၄ ဦးနဲ့ ပြန်လည်မျှဝေသူ ၉ ဦးထိ ရှိနေတာကိုတွေရတဲ့အပြင် တခြားချန်နယ်တွေဖြစ်တဲ့ PAN နဲ့ Snow Queen တို့မှာလဲ ရေးသားဖြန့်ဝေနေတာကို တွေ့ရပါတယ်။

PAN ချန်နယ်သတင်းမှား လင့်ခ် – https://archive.md/9rGBb 

Snow Queen ချန်နယ် သတင်းမှားလင့်ခ် – https://archive.md/zEHF9 

 

အဲဒီသတင်းနဲ့ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA FactCheck Team ကနေ စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီက အိမ်တံခါးမဖွင့်ပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်အတွင်းရှိ မိသားစု ၆ ယောက်ကို ပစ်သတ်ခဲ့တာကိုတွေ့ရပြီး သတင်းမှားဖြစ်ကြောင်း စီစစ်အတည် ပြုနိုင်ခဲ့ပါတယ်။

 

☑️ သတင်းစိစစ်ချက်

 

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်ညပိုင်းမှာ မြောက်ကျီဘုန်းကြီးကျောင်းကို တပ်စွဲဖို့ စတင်ထွက်လာချိန်မှာပဲ ရပ်ကွက်နေပြည်သူတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး သေဆုံးသူမိသားစုအိမ်ကို လည်း ဖမ်းဆီးဖို့ တံခါးခေါက်ခဲ့ပေမယ့် ပြန်လည်တုံ့ပြန်ဖွင့်ပေးတာမျိုးမရှိလို့ နောက်တနေ့မနက်မှာပဲ အင်အား သုံးဖြိုခွင်းကာ ၅ နှစ်အရွယ်ကလေးပါမကျန်မိ သားစုလိုက်ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။ 

 

သေဆုံးသူ ဦးဖိုးကြာ၊ ဒေါ်သင်းသင်းတို့ရဲ့ကုန်စုံဆိုင်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်သား ၂၅ ဦးဝန်းကျင်နဲ့ ကား ၁ စီး၊ ခြေလျင်စစ်ကြောင်းတွေနဲ့ရောက်ရှိလာပြီး တံခါးဖျက်ဝင် ရောက်ကာ နေအိမ်ရှိ မိသားစုဝင်တွေကို  သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ မျက်မြင်ဒေသခံတွေရဲ့ပြောစကားနဲ့ မြေလတ်အသံက ရေးသားထားတာကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

 

DVB- Burmese ကလည်း စစ်ကောင်စီက သင်းကုန်စုံဆိုင်က လူကြီးတွေကို လက်ပြန်ကြိုးတုတ်ပြီး သတ် ဖြတ်ခဲ့သလို ကလေးငယ်ကိုလည်း တခုခုနဲ့ရိုက်ထားလို့ ခြေလက်ကြိုးကာ သေဆုံးနေတာကို တွေ့ရှိခဲ့ရ တယ်လို့ ရေးသားထားတာကိုလည်း ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

 

စစ်ကောင်စီစစ်ကြောင်းက ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်က စလို့ နမခမှ ထွက်ခွာလာခဲ့ပြီး အောက်တိုဘာ ၉ ရက်မှာ  ဘုတလင်မြို့ထဲသို့ ရောက်ရှိကာ စစ်ကောင်စီကြောင့် တပတ်အတွင်း အရပ်သားသေဆုံးသူ ၁၄ ဦးထိ ရှိပြီး ဖမ်းဆီးခံရသူ ၅၀ နီးပါးအထိရှိလာတယ်လို့ BBC- Burmese က အောက်တိုဘာ ၁၄ ရက်က ရေးသားထားတဲ့ သတင်းကို ဒီနေရာမှာ ဖတ်လို့ရပါတယ်။

 

☑️သုံးသပ်ချက်  

စစ်ကောင်စီတပ်သားတွေက အသက် ၅ နှစ်အရွယ်ကလေးတဦးနဲ့ အသက် ၁၂ နှစ်အရွယ်ကလေးတဦး အပါအဝင် မိသားစုဝင် ၆ ဦးလုံးကို သတ်ဖြတ်ခဲ့ပေမယ့် စစ်ကောင်စီပိုင်မီဒီယာတချို့နဲ့ လော်ဘီချန်နယ် တွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ကျူးလွန်ခဲ့သလို ပုံဖျက်ရေးသားထားတာကို တွေ့ရပါတယ်။

 

စစ်ကောင်စီတပ်က ဘုတလင်နယ်ကို စစ်ကြောင်းထိုးဝင်ရောက်ချိန်ကစလို့ လမ်းတလျှောက်တွေ့သမျှ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်တာ၊ လူသားဒိုင်းအဖြစ်ဖမ်းဆီးတာမျိုးအပြင် အခုလို သတ်ဖြတ်တာ မျိုးတွေကိုပါ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

စက်တင်ဘာလ ၃၀ ရက်က စပြီး ဘုတလင်မြို့နယ် မြောက်ခြမ်းက ရွာတွေကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့အကြောင်းကို ဒေသခံတွေရဲ့ ပြောကြားချက်နဲ့ Mandalay Free Press – MFP က သတင်းရေးသားထားကိုလည်း ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

 

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်း အရာတခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါ တယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@gmail.com)ကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင် ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork