ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာစနစ်ပြိုလဲမှုကို ကာကွယ်ရမယ်လို့ ကုလအတွင်းရေးမှူးချုပ်သတိပေး

Photo- AP
ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း အငတ်ဘေးပြဿနာနဲ့ ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာစနစ်ပြိုလဲမှုကို ကာကွယ်ဖို့ ဝိုင်းဝန်းလုပ်ဆောင်ကြရမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မတ်လ ၁၄ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
စစ်ပွဲဟာ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ထောက်ပံ့မှုအတွက် ကြီးမားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေပြီး အဆင်းရဲဆုံးသူတွေအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိစေလိမ့်မယ်လို့ အတွင်းရေးမှူးချုပ်က နယူးယောက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ရုရှား – ယူကရိန်းစစ်ပွဲမတိုင်မီကတည်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ကိုဗစ်ကပ်ရောဂါ ၊ စံချိန်တင် ငွေချေးဖောင်းပွမှုနဲ့ အတိုးနှုန်းတွေ တက်လာတာ ၊ ကြွေးမြီဝန်ထုပ်ဝန်ပိုးတွေ တိုးလာတာ စတဲ့တွေကို ပြန်တည့်မတ်အောင် ရုန်းကန်နေရတာဖြစ်ပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ဂျုံထောက်ပံ့မှုရဲ့ ထက်ဝက်ကျော်ကို ယူကရိန်းကို ထောက်ပံ့ပေးထားရတာပါ၊
ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာစျေးနှုန်းညွှန်းကိန်းဟာ အမြင့်ဆုံးအဆင့်မှာ ရောက်ရှိနေပြီး ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ ၄၅ နိုင်ငံဟာ ယူကရိန်း သို့မဟုတ် ရုရှားဆီကနေ ဂျုံ အနည်းဆုံး သုံးပုံတစ်ပုံ တင်သွင်းနေရတာ ဖြစ်တယ်လို့ ဂူတာရက်စ်က ပြောပါတယ်။
အဲဒီနိုင်ငံတွေထဲမှာ ဘူကီနာဖာဆို ၊ အီဂျစ် ၊ ကွန်ဂို ၊ လက်ဘနွန် ၊ လစ်ဗျား ၊ ဆိုမာလီယာ ၊ ဆူဒန်နဲ့ ယီမင်တို့ ပါဝင်ပါတယ်။