အာဆီယံထိပ်သီးအလွန်မြန်မာ့အရေး နိုင်ငံရေးသုံးသပ်သူတွေ ဘာပြောလဲ

၉၊ နိုဝင်ဘာလ၊ ၂၀၂၁။

အချိန်ကန့်သတ်ချက်မရှိတဲ့ မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်၅ရပ်နဲ့ ထင်ရာစိုင်းနေတဲ့ အကြမ်းဖက်စစ် အုပ်စုကြားမှာ မြန်မာပြည်သူတို့ရဲ့ဘဝဟာ မှောင်သထက်ပိုမှောင်လာနေတယ်လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးလေ့ လာသူတစ်ဦးကပြောပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးမကျင်းပခင်က အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်တက်ခွင့်မရ ရေးဟာ ကာလတိုရည်မှန်းချက်ဖြစ်ခဲ့ပြီး ထိပ်သီးအစည်းအဝေးပြီးတဲ့အချိန်မှာတော့ အာဆီယံအနေနဲ့ ရှေ့ဆက် လှမ်းစရာမရှိသလိုဖြစ်နေတယ်လို့သူကဆိုပါတယ်။

‘အာဆီယံထိပ်သီးအပြီးမှာ စိုးဝင်းက အာဆီယံစာရင်းစစ်ချုပ်အစည်းအဝေးမှာ အာဆီယံအထူးသံတမန်ကို ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ခွင့်မပြုနိုင်ဘူးလို့ ထပ်ပြောခဲ့တယ်။ဒါဟာ အာဆီယံမူ၅ချက်ကို လက်မခံပါဘူးလို့ အာဆီယ့မယုံမှာစိုးလို့ ထပ်ပြီးအပြတ် ပြောလိုက်တာပဲ။ဒါပေမဲ့ အာဆီယံက အထူးသံမြန်မာပြည်ဝင်ခွင့်ရပြီး သူတွေ့ချင်တဲ့သူနဲ့တွေ့လို့ရဖို့ပဲ ကြိုးစားနေ ပုံရတယ်။ဘာလို့ ဒါကြီးကိုပဲ ကြိုးစားနေသလဲဆိုတော့ တခြားထပ် လုပ်စရာမရှိလို့ပဲ’လို့ သူကပြောပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံမူ၅ချက်ကိုလိုက်နာဖို့၊အာဆီယံအထူးသံတမန်ကို မြန်မာနိုင်ငံ ထဲ သူတွေ့ချင်တဲ့သူကို လွတ်လပ်စွာ တွေ့ဆုံခွင့်ပေးဖို့ အသင်းဝင်နိုင်ငံအများစုကရော နိုင်ငံကြီးတွေကပါ ဖိအား ပေးဝေဖန်ခဲ့ကြပေမဲ့ မင်းအောင်လှိုင်ကတော့ အရေးမစိုက်ရုံတင်မက မြန်မာပြည်သူတွေကို ပိုရက်စက်ပြခြင်း နည်းနဲ့ တုံ့ပြန်ခဲ့တယ်လို့ နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြောပါတယ်။

‘ဥပမာ-အောက်တိုဘာ၂၉ရက်နေ့ကထန်တလန်မီးလောင်တိုက်သွင်းခံရတာပေါ့။ခရစ်ယာန်ဘာသာရေးကျောင်း ၂ကျောင်းနဲ့ လူနေအိမ်၁၆၀ကျော်လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်လို့၊မီးရှို့လို့ ပြာကျခဲ့တယ်။ထန်တလန်ကိစ္စ ဟာ နိုင်ငံတကာအထိပေါက်ခဲ့တယ်။ဝိုင်းကန့်ကွက်ကြတယ်။မင်းအောင်လှိုင်က သူတို့မလုပ်ဘူးလို့ငြင်းတယ်။ဘယ် သူကိုမှ ဂရုမစိုက်ဘူးဆိုတဲ့အပေါက်မျိုးချိုးတယ်။အခုလည်းအနောက်မြောက်လွင်ပြင်မှာ စစ်တပ်က စစ်အရှိန် မြှင့်နေတာပဲ။ဒါတွေက ဘာကိုပြောတာလဲဆိုတော့ အာဆီယံလောက်တော့မဖြုံဘူးလို့ ပြောနေတာ’လို့ သူက ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာဆီယံမူ၅ချက်ကလွဲပြီး နောက်ထပ်လမ်းကြောင်းတစ်ခုကို လျာထားနိုင်မှု မရှိခြင်းကလည်း ရှေ့ဆက်စရာလမ်းမရှိသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။

‘ပြောရရင် မြန်မာအရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်ဆိုတာ အမေရိကန်ရောတရုတ်ပါ ရှားရှား ပါးပါးသဘောတူညီမှုဖြစ်နေတယ်ဆိုတော့ နောက်လမ်းကြောင်းသစ်ကို နိုင်ငံကြီးနှစ်နိုင်ငံ သဘောတူညီမှုရဖို့ဆို တာမလွယ်ဘူးလေ။ဒါ့ကြောင့် ဒီသဘောတူညီချက်မှာပဲ အလုပ်မဖြစ်လည်း ဖြစ်အောင်လုပ်မှာလိုလိုနဲ့ ဇာတ် မျော ကြီးဖြစ်လာတယ်’လို့ သူကဆက်ပြောပါတယ်။

ဒါပေမဲ့ အာဆီယံအဖွဲ့ဝင်တွေထဲက မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံတဲ့ မလေးရှားလို၊အင်ဒိုနီးရှားတို့လို နိုင်ငံမျိုးက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စတင်ထိတွေ့ဆက်ဆံဖွယ်ရှိလာနိုင်တယ်လို့လည်းသူက ကောက်ချက် ချပါတယ်။

‘NUG ကအာဆီယံသံအမတ်ခန့်တယ်ဆိုတာ ကျွန်တော်တို့ မမြင်ရတဲ့လမ်းကြောင်းတစ်ခုပွင့်လာတာကြောင့်လို့ ထင်တယ်။အာဆီယံနိုင်ငံတွေနဲ့ အရင်ထိတွေ့ပြီးတဲ့နောက် အာဆီယံနဲ့ထိတွေဖို့အလားအလာရှိတယ်လို့မြင် တယ်။ဒါပေမဲ့ သံတမန်လမ်းကြောင်းရဲ့ထုံးစံအတိုင်းလာနိုင်တယ်၊ကြာနိုင်တယ်’လို့ သူကပြောပါတယ်။