၂၉၊ အောက်တိုဘာ၊ ၂၀၂၁။
ဘာစီလိုနာနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ဇာဗီဟာ သူသာ အသင်းကို တာဝန်ယူခွင့်ရခဲ့ရင် ကွင်းလယ်ကို အားဖြည့်ဖို့အတွက် ဘိုင်ယန်မြူးနစ်ကွင်းလယ်ကူ ကင်းစလေ ကိုမန်ကို ဝယ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဇာဗီသာ ဘာစီလိုနာနည်းပြဖြစ်လာခဲ့ရင် လာမယ့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်မှာ ကိုမန်ကို ရရှိနိုင်ဖို့အတွက် အားထုတ်ဖွယ်ရှိနေပြီး ဇန်နဝါရီဈေးကွက်မှာ အဆင်မပြေခဲ့ရင် နွေဈေးကွက်ရောက်ချိန်မှာ ဆက်လက်ကြိုးပမ်းဖွယ်ရှိတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကိုမန်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း နည်းပြ နာဂျယ်လ်မန်းစ်ရဲ့လက်အောက်မှာ ပွဲထွက်ကစားသမားအဖြစ် ပွဲစဉ်တစ်ပွဲတည်းသာ နေရာပေးခံရတာကြောင့် အရမ်းကို စိတ်ပျက်လက်ပျက်ဖြစ်နေပြီး အခွင့်အရေးရခဲ့ရင် အသင်းပြောင်းဖို့ စိတ်ကူးနေပြီလို့ ဆိုပါတယ်။
ဘိုင်ယန်မြူးနစ်နဲ့ ကိုမန်တို့အကြားမှာ ချုပ်ဆိုထားတဲ့စာချုပ်က လာမယ့် ၂၀၂၃ ခုနှစ်ရောက်ရင် သက်တမ်းကုန်တော့မှာဖြစ်ပြီး ပြောင်းရွှေ့ကြေးပမာဏ ၄၆ သန်းဝန်းကျင်ရမယ်ဆိုရင် ဘိုင်ယန်မြူးနစ်က ကိုမန်ကို ရောင်းထုတ်လိုက်ဖွယ်ရှိနိုင်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ ကာတာနိုင်ငံဆီကိုသွားရောက်ပြီး ဇာဗီအတွက် စာချုပ်ဖျက်သိမ်းခ လျော်ကြေးကို အယ်လ်ဆတ်ကလပ်နဲ့တွေ့ဆုံညှိနှိုင်းနေပြီဖြစ်ပြီး ဇာဗီကို ဘာစီလိုနာအသင်းနည်းပြအဖြစ် ခန့်အပ်နိုင်ဖို့အတွက် ဘာစီလိုနာဘက်က အယ်လ်ဆတ်ကို ပေါင်လေးသောင်း လျော်ကြေးပေးရဖွယ်ရှိနေပါတယ်။