၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။
အကြမ်းဖက်စစ်အုပ်စုနဲ့ အတိုက်အခံတွေ တွေ့ဆုံဆွေးနွေးရေးကို ဆက်လက်တွန်းအားပေးမယ်လို့ အာဆီယံ အလှည့်ကျဥက္ကဌသစ်ဖြစ်လာမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးပရက်ဆိုခွန်း က အောက်တို ဘာ၂၈ရက်မှာ ပြော ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံဥက္ကဌအဖြစ် စတင်တာဝန်ယူမယ့် လာမယ့်နှစ်ဦးပိုင်းမှာပဲ မြန်မာ နိုင်ငံဆိုင်ရာအထူးသံတမန်တစ်ဦးခန့်အပ်သွားမယ်လို့ ပြောကြားခဲ့သလို မြန်မာတစ်နိုင်ငံလုံးမှာ စစ်ဖြစ်ဖို့နီးလာပြီ လို့ လည်းပြောပါတယ်။
“ကျွန်တော်တို့အားလုံးဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေး ဝင်မစွက်ရေးမူကိုလေးစားပေမယ့် မြန်မာနိုင်ငံအခြေအနေဟာ အထူးစိုးရိမ်စရာဖြစ်နေတယ်” ဟု ပရက်ဆိုခွန်းက ရိုက်တာသတင်းဌာနကို ပြောပါ တယ်။
ဒါဟာ မြန်မာပြည်သူတွေအပေါ် ဆိုးကျိုးတွေဖြစ်စေတယ်လို့လည်း သူကပြောပါတယ်။
အခုပြီးဆုံးသွားတဲ့ ထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်ကို မဖိတ်တဲ့အပေါ် ကမ္ဘောဒီယားက ထောက်ခံတယ်လို့ဆိုပါတယ်။
“အခြေအနေတွေက ဖြစ်ပေါ်တိုးတက်လာမှာပါ။ မြန်မာနိုင်ငံအပေါ်အများကြီးမူတည်ပါတယ်” လို့ သူကပြောပါတယ်။
အာဆီယံ၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို စမ်းသပ်မှာက လာမည့်လကျင်းပမယ့် တရုတ်- အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို စစ်အုပ်စုကို ဖိတ်မဖိတ် ကိစ္စဖြစ်တယ်လို့ သံတမန်တွေကပြောပါတယ်။
စင်ကာပူအမျိုးသား တက္ကသိုလ် က ဝါရင့်သုတေသီ အီဗန်း လက်စ်မာနာက “အခုတော့အရှိန်ရပြီး စစ်ကောင်စီက ဖိအားအောက်ရောက်နေပြီ။ အာဆီယံ ကသံပူတုန်း နာနာနှက်ဖို့ပဲလိုတယ်”လို့ ပြောပါတယ်။
Ref:Reuters