မြန်မာအခြေအနေ မတိုးတက်ရင် တခြားနည်းလမ်းရှာရလိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး သတိပေး

၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။

မြန်မာနိုင်ငံအခြေအနေတိုးတက်မှု မရှိရင် တခြားနည်းလမ်းတွေ ရှာရလိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အာဆီယံနဲ့ဆက်စပ်အစည်းအဝေးတွေပြီးတဲ့ အောက်တိုဘာ၂၈ရက်နေ့မှာ  မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို အဲဒီလိုပြောကြားလိုက်တာပါ။

ဘယ်လိုနည်းလမ်းတွေကို ရှာဖွေမလဲဆိုတာကိုတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မပြောပါဘူး။

အကြမ်းဖက်စစ်အုပ်စုဟာ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့်မရတဲ့အတွက် အရှက်တကွဲဖြစ်ခဲ့ ရရုံတင်မက အာဆီယံထိပ်သီးအစည်းအဝေးကျင်းပနေစဉ်မှာလည်း ဒေသတွင်းရောနိုင်ငံတကာခေါင်းဆောင်တွေ ကပါ ဝေဖန်ခဲ့ကြပါတယ်။

‘အခုအချိန်ထိကတော့ လူရာမသွင်းတဲ့အဆင့်ပေါ့။မင်းအောင်လှိုင်မှာ ရွေးချယ်စရာက အာဆီယံမူ၅ချက်အ တိုင်းလုပ်မလား၊မလုပ်ဘူးလား။ဒါပဲရှိတော့တယ်။မူ၅ချက်ကိုလုပ်မလိုလိုနဲ့ အပျော့ဆွဲအကြံအဖန်လုပ်ဖို့တော့ မဖြစ်နိုင်တော့ဘူး။အခုမင်းအောင်လှိုင်ကြုံနေရတဲ့ ပြည်တွင်း၊ပြည်ပဖိအားဆိုတာ အရင်စစ်အစိုးရကထက်အများ ကြီးပိုဆိုးတယ်’လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ မင်းမောင်လှိုင်ထိပ်သီးအစည်းအဝေးတက်ခွင့်မရတာနဲ့ပတ်သက်ပြီး အာဆီယံဟာ စည်း မျဉ်းစည်းကမ်းချိုးဖောက်တယ်လို့ ပြောကြားခဲ့သလို အာဆီယံကဖိတ်တဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊အမြဲ တမ်းအတွင်းဝန်ကိုလည်း အစည်းအဝေးမတက်တဲ့နည်းနဲ့ ခပ်ပြတ်ပြတ်တုံ့ပြန်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒါဟာ အာဆီ ယံကိုဆန့်ကျင်နေတာမဟုတ်ဘူးလို့လည်းပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက လက်မခံတဲ့ မင်းအောင်လှိုင်ဟာ လာမယ့်နိုဝင်ဘာမှာကျင်းပမယ့်အာဆီယံ-ဥရောပ ထိပ်သီးအစည်းအဝေးကိုလည်း တက်ခွင့်ရဖို့မသေချာပါဘူး။

လာမယ့် ဒီဇင်ဘာမှာ ကျင်းပမယ့် G-7 လို့ခေါ်တဲ့ကမ္ဘာ့စီးပွားရေး အင်အားကြီး ၇ နိုင်ငံ  နဲ့ အာဆီယံ အစည်းအဝေးပွဲကို အိမ်ရှင်အဖြစ် ကျင်းပမယ့် ဗြိတိန်ကလည်း မြန်မာအကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်တွေကို ပါဝင်ခွင့် ငြင်းဆန်ထားပါတယ်။

‘အဲဒီလို ဟိုလူကပြောဒီလူကပြောဆိုတော့ အာဆီယံမှာ မင်းအောင်လှိုင်တို့ရှိနေတာဟာ အာဆီယံအတွက်လည်း တော်တော်စိတ်ပျက်ကြမယ်ထင်တယ်။အာဆီယံကကို ဒီအချိုးနဲ့ဆို လက်မခံနိုင်ဘူးလို့ အာဆီယံထိပ်သီးအစည်း အဝေးမှာအပြတ်ပြောခဲ့ပြီးပြီ။’လို့ သူကဆက်ပြောပါတယ်။

အခုပြီးသွားတဲ့ထိပ်သီးအစည်းအဝေးကိုဦးဆောင်ကျင်းပသူ ဘရူနိုင်နိုင်ငံကတော့ မြန်မာနိုင်ငံကို ပစ်ပယ်မထား ဘူးလို့ဆိုပါတယ်။

ဒါပေမဲ့၊အာဆီယံမူ၅ချက်ကို အပြည့်အဝပူးပေါင်းမှုမရှိရင် ဒါ့ထက်ပိုပြင်းထန်တဲ့ ဖိအားတွေ ထပ်ရလိမ့်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူကပြောပါတယ်။

‘အာဆီယံမူ၅ချက်ကိုတကယ်ပူးပေါင်းရင် အကျသက်သာမယ်။မပူးပေါင်းရင် အကျနာမယ်’လို့သူက မှတ်ချက်ပေး ပါတယ်။