၂၉၊ အောက်တိုဘာလ၊ ၂၀၂၁။
တနင်္သာရီမြို့နယ် ၊ ပဝကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်လို့ဆိုသူ ဦးမြင့်ဌေးရဲ့ နေအိမ် မီးရှို့ခံရပြီး ၅ဦးသေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၂၉ရက်နေ့ မနက် ၄နာရီခန့်မှာ အမည်မသိအဖွဲ့က ဦးမြင့်ဌေးနေအိမ်ကို လာဝိုင်းပြီး အိမ်ပြင်ထွက်လာဖို့ ပြောဆိုရာမှာ ထွက်မလာလို့ သေနတ်နဲ့ ခုခံပစ်ခတ်ပြီး မီးရှို့ခဲ့တာလို့ အနီးမှာနေထိုင်တဲ့ ဒေသခံတွေဆီက သိရပါတယ်။
မီးလောင်မှုဖြစ်စဉ်မှာ ဦးမြင့်ထွေးအပါအဝင် ၅ဦး မီးလောင်သေဆုံးခဲ့ပြီး နေအိမ်ကနေ ထွက်ပြေးသူတစ်ဦးဟာ သေနတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဦးမြင့်ထွေးဟာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အခုဖြစ်စဉ်နဲ့ ပက်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ တိကျစွာ မသိရှိရသေးပါဘူး။
ဖြစ်စဉ်အပြီး ၄နာရီခန့်အကြာမှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာကို ပိတ်ဆို့ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-CJ