ချယ်လ်ဆီးတိုက်စစ်မှူး လုကာကူရဲ့အေးဂျင့်ဖြစ်တဲ့ ဖီဒိရီကို ပတ်စ်တိုရယ်လ်လီက ချယ်လ်ဆီးကနေ မခေါ်ယူခင်မှာ လုကာကူကို ခေါ်ယူဖို့အတွက် မန်ချက်စတာစီးတီးအသင်းက အသည်းအသန် ဆက်သွယ်မှုတွေ ရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
လုကာကူဟာ ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းက စီးရီးအေကလပ် အင်တာမီလန်ကနေ ချယ်လ်ဆီးဆီကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၉၈ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ချယ်လ်ဆီးဆီကို အခုအချိန် ပြန်မပြောင်းဖြစ်ရင် ဘယ်တော့မှ ဒီအခွင့်အရေးကို ပြန်ရနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောကြားပြီး လုကာကူက မန်စီးတီးရဲ့ကမ်းလှမ်းမှုကို ပယ်ချပစ်လိုက်တာဖြစ်ကြောင်း အေးဂျင့် ပတ်စ်တိုရယ်လ်လီက အသိပေးသွားခဲ့ပါတယ်။
လုကာကူဟာ ချယ်လ်ဆီးအသင်းမှာ တစ်ကျော့ပြန်လည် ကစားခွင့်ရဖို့အတွက် ကာလတစ်ခုကြာ စောင့်ဆိုင်းခဲ့ရပြီး ၂၀၁၄ ခုနှစ်မှာ ချယ်လ်ဆီးကို စွန့်ခွာခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့နွေဈေးကွက်ကိုရောက်မှ ချယ်လ်ဆီးမှာ ပြန်လည်ကစားခွင့်ရဖို့ အခွင့်အရေးကို လုကာကူက ပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။
မန်စီးတီးဟာ လုကာကူကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့နွေဈေးကွက်မှာ အင်တာမီလန်နဲ့ အေးဂျင့် ပတ်စ်တိုရယ်လ်လီတို့ဆီ ငါးကြိမ်တိုင် ဆက်သွယ်ကမ်းလှမ်းခဲ့ပြီး လုကာကုဘက်ကနေ ချယ်လ်ဆီးဆီကိုသာ တစ်ကျော့ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် မန်စီးတီးရဲ့ကမ်းလှမ်းမှုတွေဟာ အဆင်မပြေမှုနဲ့သာ အဆုံးသတ်သွားခဲ့ရတာဖြစ်တယ်လို့ အေးဂျင့် ပတ်စ်တိုရယ်လ်လီက ရှင်းပြသွားခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့နွေဈေးကွက်တုန်းက ဘာစီလိုနာဆီကို ပြောင်းရွှေ့ထွက်ခွာသွားခဲ့တဲ့ အဂူရိုရဲ့ကွက်လပ်ကို အစားဖြည့်ဖို့ ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ယောက်ရှာဖွေခဲ့ပြီး လုကာကူအပြင် ဟယ်ရီကိန်းနဲ့ စီရော်နယ်ဒိုတို့ကို ဆက်သွယ်ကမ်းလှမ်းတာတွေလည်း မန်ချက်စတာစီးတီးက ရှိခဲ့ပါတယ်။